ဇန်နဝါရီလဖွားတို့ရဲ့ မွေးရာပါအကျင့်စရိုက်နဲ့ ဆောင်သင့်တဲ့ကျောက် အမျိုးအစား

ဇန်နဝါရီလဖွားတို့ရဲ့ မွေးရာပါအကျင့်စရိုက်နဲ့ ဆောင်သင့်တဲ့ကျောက် အမျိုးအစား google

January လဖွားတွေက ရည်မှန်းချက်ကြီးကြပါတယ်။ ဘယ်အရာမဆို အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တတ်ကြပါတယ်။

 

January လဖွားတွေရဲ့ ရည်မှန်းချက်ကြီးတဲ့ ဗီဇကြောင့် အိမ်ထောင်ဘက် ဖူးစာရှင်ရွေးတဲ့နေရာမှာလည်း ဂျီးများကြပါတယ်။

 

သင့်ရဲ့ စံသတ်မှတ်ချက်တွေက သာမန်ထက် ပိုနေတတ်ပြီး သင်တွေ့ဆုံမယ့် လူကိုလည်း အကြီးကြီးမှန်းထားတတ်ပါတယ်။

 

ဒါကြောင့် January လဖွားတွေရဲ့ ဖူးစာရှင်က တမင်စီစဉ်ချိန်းတွေ့ရင်တော့ တွေ့လာမှာ မဟုတ်ပါဘူး။

 

ဖူးစာရှင်ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်နေရင်းနဲ့ သူငယ်ချင်းနဲ့ပါလာတဲ့ ကောင်လေး သို့ ကောင်မလေးနဲ့ အဆင်ပြေတတ်ပါတယ်။

 

မစီစဉ်ဘဲ ရုတ်တရက်ဖြစ်လာတဲ့ Date ကြောင့် ပဲ ဖူးစာရှင်နဲ့ ဆုံစည်းရတတ်ပါတယ်။January လမွေးဖွားသူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းလည်း မြင့်မားကြပါတယ်။

 

အကြောက်အလန့်နည်းတာကြောင့် သာမန်ထက် ကွဲထွက်တဲ့ စွန့်စားမှုတွေကို လုပ်ချင်ကြပါတယ်။January လဖွားတွေက ကိုယ်ချစ်တဲ့ အရာကို လုပ်နေတဲ့အချိန်ဆို အတောက်ပဆုံးဖြစ်နေတတ်ပါတယ်။

 

January လဖွားလေးတွေဟာ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူတွေဖြစ်ပါတယ်။ ကိုယ့်တာဝန်ကိုယ်သိပြီး ကြိုးစားတဲ့သူတွေလည်းဖြစ်ပါတယ်။ စိတ်ခံစားချက်နုနယ်ပြီး ခံစားလွယ်တဲ့သူတွေဖြစ်ပါတယ်။

 

ဇန်နဝါရီလဖွားများအတွက် ဆောင်သင့်တဲ့ကျောက်က ဂေါ်မုတ်

 

ပထမဆုံး ဇန်နဝါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်

 

ဂေါ်မုတ်ကျောက်ဟာ ဇန်နဝါရီလဖွားများ အတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲဖြစ်ပါတယ် မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ကျောက်တစ်မျိုးဖြစ်ပါတယ်

 

အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ

 

ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်လို့ သိရပါတယ်

 

ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး

 

စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင် အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

 

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

 

၁. စိတ်ကိုအေးချမ်းစေခြင်း

 

၂. ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း

 

၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း

 

၄. ဝတ်ဆင်ထားသူအား အန္တရာယ်တစ်ခုခု ကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း )

 

၅. ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

 

၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း

 

၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း

 

၈. ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း

 

၉. မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 


 


 


 


 


 


 


 


 


 


 

 


 


 


 


 


 

၎. ဝတ်ဆင်ထားသူအား အန္တရာယ်တစ်ခုခု ကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း )

 


 


 


 


 


 

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Monday, 03 February 2020 16:10
Rate this item
(0 votes)
Tagged under