ကိုယ့်ကောင်လေးကို ရေရှည် လက်တွဲသင့်တဲ့ အချက်များ

ကိုယ့်ကောင်လေးကို ရေရှည် လက်တွဲသင့်တဲ့ အချက်များ google.com

ကောင်လေးကို ဘာကြောင့် ရေရှည်လက်တွဲသင့်တယ်ဆိုတာကိုတော့ အောက်တွင် ဖော်ပြပေးထား ပါတယ်။

ကောင်လေးက သင်နဲ့ပတ်သက်လာရင် အသေးအဖွဲလေးတွေကအစ မှတ်မိနေမယ်။

 

ကောင်လေးက သင်နဲ့ ပတ်သတ်လာရင် ပွင့်ပွင့်လင်းလင်းရှိမယ်။ ဘာဖြစ်ချင်တယ်၊ ဘာမဖြစ်ချင်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိတယ်။

 

ကောင်လေးက သင့်ကို မကြာခဏ ရယ်မောအောင် လုပ်နိုင်တယ်။

 

ကောင်လေးက သင့်ရဲ့ အမြင်ကို သူအလေးထားတယ်။ လက်ခံဆွေးနွေးပေးလေ့ ရှိတယ်။

 

ကောင်လေးက လူကြားထဲမှာလည်း သင့်ကို ချစ်ပြဖို့ သူဝန်မလေးဘူး။

 

ကောင်လေးက သင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးလေးစားစားရှိတယ်။ လက်မခံနိုင်ရင်တောင်မှ ဘာကြောင့် လက်မခံနိုင်လဲဆိုတာ သေချာရှင်းပြတယ်။

 

ကောင်လေးက သင့်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလေ့ရှိတယ်။ အချိန်မှန်၊ နေရာမှန်မျိုးမှာပေါ့။

 

ကောင်လေးက စူပါမန်းလို မဟာလူသားမဟုတ်ပေမယ့် သင့်ကို စိတ်ကျေနပ်အောင် ထားနိုင်တယ်။ စိတ်ညစ်နေတဲ့ အခါမျိုးမှာ သင့်ကို ဘယ်နေရာ ခေါ်သွားရမယ်ဆိုတာ သူသိနေတယ်။

 

ကောင်လေးက သင်တို့ကြားက ဆက်ဆံရေးတည်တံ့ဖို့ သူ့ဘက်က သည်းခံပြီး စိတ်ရှည်ပေးတယ်။ ရန်မဖြစ်အောင်လည်း ထိန်းတတ်တယ်။

 

ကောင်လေးက သင့်ကို ချစ်သူတစ်ယောက်လို ချစ်သလို သူငယ်ချင်းတစ်ယောက်လိုလည်း ကိစ္စတွေ တိုင်ပင်လေ့ရှိမယ် ဆိုရင်တော့ဖြင့် သူ့ကို ရေရှည်လက်တွဲသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:48
Rate this item
(3 votes)