လိုက်ဖက်ညီတဲ့စုံတွဲတွေကြားမှာ တွေ့ရတတ်တဲ့အမူအကျင့်များ

လိုက်ဖက်ညီတဲ့စုံတွဲတွေကြားမှာ တွေ့ရတတ်တဲ့အမူအကျင့်များ google.com

ပျော်စရာအပြည့်နဲ့ Relationship တွေဆိုတာ သူတို့ကို မြင်ရတဲ့ ဘေးလူတွေဆီကိုပါ အပျော်တွေ ကူးစက်စေပါတယ်။

အများအမြင်မှာ အားကျဖို့ကောင်းတဲ့အတွဲလေးပေါ့။ သူတို့မှာ သိပ်ချစ်ဖို့ကောင်း၊ ကြည်နူးဖို့ကောင်းတဲ့ အောက်ပါအချက်တွေအတိုင်း အပြုအမူလေးတွေ ရှိကြပါတယ်။

 

- ပျော်စရာကောင်းတဲ့ Relationship ဆိုတာ လျို့ဝှက်ချက်ဆိုတာမရှိပါဘူး။ သူတို့ကြားမှာ ခိုင်မာတဲ့ယုံကြည်မှု ရိုးသားမှုတွေ အပြည့်ရှိတယ်။

 

- သူတို့ဟာ ဘယ်အရာမဆို အတူတူမျှဝေခံစားကြတယ်။ တချို့စုံတွဲတွေတွေက ကိုယ်လုပ်လိုက်လို့ သူဘာဖြစ်သွားမလဲမစဉ်းစားပေးဘူး။ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးရှိကြတယ်။ ဒီလို Relationship မျိုးက ပျော်စရာတွေနည်းပါးပါတယ်။ ပျော်စရာကောင်းတဲ့ RS ဆိုတာ တစ်ယောက်အတွက် တစ်ယောက်ကြည့်ပေးတာမျိုး စဉ်းစားပေးတာမျိုးပါ။

 

- တစ်ယောက်ရဲ့ကောင်းတဲ့အချက်တွေကို တစ်ယောက်က ဂုဏ်ယူချီးမွမ်းပေးပြီး အားပေးတတ်ကြပါတယ်။ မပျော်ရွှင်ရတဲ့ Relationship ကတော့ တစ်ယောက်အပြစ် တစ်ယောက်က လက်ညိုးထိုးပြီး သိမ်ငယ်စေတာမျိုးပါ။

 

- သူတို့တွေ နေ့စဉ်ပြောတဲ့စကားတွေက ဂရုစိုက်တာတွေ၊ ကြင်နာတာတွေ၊ စတာ၊ နောက်တာ၊ ကျီစယ်တာတွေနဲ့ စိတ်ချမ်းသာစရာတွေ၊ အပြုံးတွေအပြည့်နဲ့ပါ။

 

- စိတ်ညစ်စရာတွေနဲ့စုံတွဲတွေကတော့ ရန်တွေပဲဖြစ်နေရ၊ အငြင်းပွားနေရ၊ ပြဿနာတွေဖြစ်လာရင် စကားနိုင်လုကြ၊ ကိုယ့်အပြစ်ကိုယ်ဖုံး၊ သူ့အပြစ်ကိုယ်ဖော်ဆိုတာမျိုးပါ။

 

- ပျော်စရာကောင်းတဲ့ Relationship ဆိုတာ ကိုယ့်ချစ်သူကို အရာအားလုံးထက် ချစ်တာမျိုးပါ။ ဘယ်အရာမဆို ကိုယ့်ချစ်သူကိုပဲ ဦးစားပေးတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အတွက် အချိန်ပေးကြပါတယ်။ အလုပ်တွေမအားလပ်နေရင်တောင် အလုပ်များနေကြောင်းအသိပေးပြီး လွမ်းနေမယ့်အကြောင်း နှစ်သိမ့်ပေးတတ်ကြပါတယ်။

 

- သိပ်ချစ်ကြတဲ့အတွဲတွေက တစ်ယောက်အမှားလုပ်မိတဲ့အခါ၊ အပြစ်လုပ်မိတဲ့အခါ ခွင့်လွတ်တတ်ကြပြီး အနိုင်မယူတတ်ကြပါဘူး။ စိတ်ပျက်စရာ Relationship တွေကတော့ အမှားတခုလုပ်မိတဲ့အခါ အပြစ်တင်၊ အော်ဟစ်၊ အာဃာတတွေထားပြီး အရွဲ့တိုက်၊ ကလဲ့စားချေတာမျိုးပါ။

 

Credit : Shwe Alin

Myanmar Wedding Guide

Read times Last modified on Friday, 19 April 2019 16:55
Rate this item
(2 votes)