သင့်ကို ကြိုက်ပဲကြိုက်ပြီး နောက်ထပ်ဆက်မလိုက်တဲ့အချက်များ

သင့်ကို ကြိုက်ပဲကြိုက်ပြီး နောက်ထပ်ဆက်မလိုက်တဲ့အချက်များ google.com

တစ်ခါတစ်ရံ သင့်ကိုကြိုက်တဲ့ယောက်ျားလေးတွေများရှိပေမယ့် အဲ့ဒီ ယောက်ျားလေးတွေ ရှေ့ဆက်မတိုးတာ ကြုံဖူးကောင်း ကြုံခဲ့ပါလိမ့်မယ်။

အဲဒီအတွက်ကြောင့် သင်ကတော့ သင့်ကြောင့်များလားဆိုပြီး တွေးတောနိုင်ပါတယ်။ တကယ်တော့ သူဆက်မလိုက်တော့တဲ့ အကြောင်းအရင်းများ ရှိကောင်းရှိနိုင်ပါတယ်။


သူသင့်အနားကပ်ရမှာကြောက်ခြင်း


တစ်ခါတစ်ရံ ကိုယ်ကတော့ာ ကိုယ့်ကိုယ်ကိုယ် နွေးထွေးဖော်ရွေတဲ့လူလို့ မြင်ပေမယ့်လည်း ကိုယ့်အမြင်ကို ပြန်လည်စဉ်းစားသင့်ပါတယ်။


သူက သင်နဲ့မျက်လုံးချင်းဆိုင်နိုင်ရဲ့လား၊ သူ သင့်ဘေးနားက ဖြတ်လျှောက်သွားတဲ့အခါ သင့်ကိုစကားပြောရဲ့လား အစရှိတဲ့ အပြုအမူတွေက သူသင့်အနားကပ်ရမှာ ကြောက်လို့ဖြစ်တတ်ပါတယ်။


တကယ်တော့ သင့်ကိုယ်သင် ခင်ဖို့ကောင်းတဲ့သူအဖြစ်မြင်ပေမယ့် သူကသင့်ကိုကြောက်နေတတ်ပါတယ်။ သူစကားလာပြောရင် သင်မောင်းထုတ်မှာပဲလို့ချည်း တစ်ထစ်ချချည်း တွေးထင်နေတတ်ပါတယ်။


သူ့မှာရည်းစားရှိတယ်


တစ်ခါတစ်ရံ သင့်ကိုစိတ်ဝင်စားသလိုလုပ်ပြီးမှ သင့်ကိုဆက်မလိုက်တော့တဲ့ အကြောင်းအရင်းက သူ့မှာရည်းစားရှိနေကြောင်း သိနိုင်ပါတယ်။ အရာရာတိုင်းဟာ သင့်ကြောင့်တော့မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို စိတ်မပျက်ပါနဲ့။

 

အရမ်းလန်းနေလို့


သူက သင့်ကို ချဉ်းကပ်ဖို့ ကြိုးစားပြီးမှ သင့်ကို ဆက်မလိုက်တော့ပဲ မိတ်ဆွေတစ်ယောက်အဖြစ်နေထိုင်ပြုမူ ခြင်းက သင်ဟာ သူအတွက် အရမ်းခေတ်ဆန်နေတဲ့အတွက်ကြောင့် သူနဲ့မလိုက်ဖက်ဘူးလို့ မြင်မိပြီး ဆက်မလိုက်ခြင်း ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(4 votes)