သင့်ကောင်လေးကို စိတ်အားငယ်၊ စိတ်ဒဏ်ရာရစေနိုင်လို့ဒီအချက်တွေမလုပ်ပါနဲ့

သင့်ကောင်လေးကို စိတ်အားငယ်၊ စိတ်ဒဏ်ရာရစေနိုင်လို့ဒီအချက်တွေမလုပ်ပါနဲ့ google.com

လူတစ်ယောက်ဟာ သူ့ကိုသူ စိတ်အားငယ်သွားခဲ့ရင် သူ့အတွက်တင်မက သူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်အတွက်ပါ ထိခိုက်စရာတွေဖြစ်လာနိုင်ပါတယ်။ အပြုအမူအပြင် စကားတွေကလည်း လူတစ်ယောက်ကို အကြီးအကျယ် စိတ်ဒဏ်ရာရသွားစေနိုင်ပါတယ်။

ခုဖော်ပြပေးမှာကတော့ သင့်ကောင်လေးကို စိတ်အားငယ်သွားစေနိုင်တဲ့၊ စိတ်ဒဏ်ရာရသွားစေနိုင်တဲ့ ရှောင်ရှားရမယ့် စကားအသုံးအနှုန်းတွေပဲဖြစ်ပါတယ်။ သင်ဟာ ဒီလိုစကားတွေကို သုံးနှုန်းလေ့ရှိသူတစ်ယောက်ဆိုရင်တော့ ဒီအကျင့်ကို အမြန်ဆုံးပြုပြင်ဖို့ လိုအပ်ပါတယ်။

 

 

() တခြားကောင်လေးတွေကို ချီးမွမ်းပြောဆိုတာ

 

ဒါကတော့ သင့်ကောင်လေးကို စိတ်အားငယ်သွားစေတဲ့ အပြုအမူဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားယောက်ျားလေးတွေကိုသူ့ထက် သာတယ်လို့ သင်မြင်သွားသလိုဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ မသိမသာသူ့ကို ချိုးနှိမ်နေတယ်လို့လည်း ခံစားရလို့ပါ။ ဒီလိုအသုံးအနှုန်းမျိုးဟာ သင့်ချစ်သူကို စိတ်ဒဏ်ရာရသွားစေပါတယ်။

 

 

() သူ့ရဲ့အရည်အချင်းတွေကို မချီးကျူးပေးခြင်း

 

သင့်ချစ်သူဟာ အချက်အပြုတ် ဝါသနာပါတဲ့သူဆိုရင် သူချက်တဲ့ ထမင်းဟင်းတွေကို ချီးကျူးပေးဖို့လိုပါတယ်။ နောက်ပြီး သူ့ရဲ့ဝါသနာ၊ သူ့ရဲ့စိတ်အားထက်သန်ရာတွေကို သိဖို့လိုပါတယ်။ နောက်ပြီးသူ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးသင့်သလို အကြံဥာဏ်လေးတွေလည်း အလျင်းသင့်သလို ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သင့်ချစ်သူကို ဘာလုပ်လုပ်၊ ဘယ်လောက်တော်တော် မချီးကျူးဖူးဘူးဆိုရင် သူ့ကို စိတ်ဒဏ်ရာရစေပါတယ်။

 

 

() သူပြောတာကို နားမထောင်ပေးခြင်း

 

မိန်းကလေးတွေဟာ ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အခါတွေမှာ ချစ်သူပြောတာကို နားမထောင်တတ်သလို၊ ချစ်သူကို စကားပြောခွင့်မပေးတတ်ကြပါဘူး။ ဒါဟာ တော်တော်မှားတဲ့လုပ်ရပ်ပါ။ အရာရာတိုင်းမှာ အကြောင်းအကျိုးရှိတာကြောင့် အကျိုးကိုပဲကြည့်မနေပဲ အကြောင်းကိုလည်း သေသေချာချာ နားထောင်ပေးသင့်သလို၊ စကားပြောခွင့်ရှင်းပြခွင့်လည်း ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သူပြောတာကို နားမထောင်ပေးဘူး၊ စကားပြောခွင့် မပေးဘူးဆိုရင်တော့ သူ့ကို စိတ်အားငယ်စေသလို၊ စိတ်ဒဏ်ရာလည်း ရစေနိုင်ပါတယ်။

 

 

() အရေးမလုပ်ခြင်း

 

သင့်သူငယ်ချင်းတွေ၊ သင့်ဖက်ကအသိုင်းအဝိုင်းတွေ၊ သင့်ရဲ့မိဘဆွေမျိုးတွေကို သွားလည်တဲ့အခါဖြစ်ဖြစ်၊ တွေ့ဆုံတဲ့အခါတွေမှာဖြစ်ဖြစ် သူ့ကို အရေးမစိုက်ရင်၊ သူ့ကိုအဖတ်မလုပ်ရင်တော့ ဒီလိုအပြုအမူက သူ့ကို စိတ်အားငယ်စေပါတယ်။ တစ်လောကလုံးမှာ သူတစ်ယောက်တည်းဖြစ်သလိုခံစားရပြီး သူ့ကိုသူ အပိုလူတစ်ယောက်၊ အရေးမပါတဲ့သူတစ်ယောက်လို ခံစားသွားရမှာဖြစ်ပါတယ်။

 

 

() အားနည်းချက်တွေကိုထုတ်ပြောခြင်း

 

မိန်းကလေးတွေဟာ ဒေါသထွက်လာပြီဆိုရင် စကားတစ်ခွန်းကို ပြောသင့်၊ မပြောသင့် မချင့်ချိန်နိုင်ကြတာများပါတယ်။ တစ်ချို့တွေကဒီစကားပြောရင်တစ်ဖက်သားနာကျင်သွားမယ်ဆိုတာသိသိကြီးနဲ့တမင်တကာ ပြောလိုက်တာမျိုးလည်း ရှိပါတယ်။ သင်တို့နှစ်ယောက် ငြင်းခုန်တဲ့အခါတွေ၊ စကားများတဲ့အခါတွေမှာ သူ့ရဲ့အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကိုထုတ်ပြောပြီးနာကျင်အောင်မလုပ်ပါနဲ့ ။ သင့်စကားတစ်ခွန်းကြောင့်တစ်ဖက်သား စိတ်ဒဏ်ရာရသွားတဲ့အခါ မလှမပ ဇာတ်သိမ်းတတ်လို့ပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:58
Rate this item
(1 Vote)