ကိုကို စိတ်ဆိုးတာတွေခံရတဲ့ချစ်သူလေးမဖြစ်စေဖို့

ကိုကို စိတ်ဆိုးတာတွေခံရတဲ့ချစ်သူလေးမဖြစ်စေဖို့ google.com

ကိုကိုအလုပ်လုပ်နေတဲ့အချိန်မှာ အရမ်းရစ်မိတာ၊ ကိုကို မကြိုက်တာတွေ လုပ်မိတယ်ဆိုရင်တော့ စိတ်ဆိုးခံရ၊ ဆူခံရဖို့ သေချာနေပါပြီနော်။

 

ခဏခဏ စိတ်ဆိုးတတ်တဲ့ ကိုကိုတွေ ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတွေ ရှိလား၊ များသောအားဖြင့်ကတော့ ကိုကိုတွေက စိတ်ဆိုးခံနေကျသူတွေပါပဲ။ ဒါပေမယ့်လည်း ကိုကိုအလုပ်လုပ်နေတဲ့အချိန်မှာ အရမ်းရစ်မိတာ၊ ကိုကို မကြိုက်တာတွေ လုပ်မိတယ်ဆိုရင်တော့ စိတ်ဆိုးခံရ၊ ဆူခံရဖို့ သေချာနေပါပြီ။ ဒီလိုလေးတွေ မဖြစ်ဖို့ဆိုရင်တော့ အလိုက်သိဖို့ လိုတယ်နော်။

 

 

ကိုကို မကြိုက်တာတွေ မလုပ်ပါနဲ့

 

ကိုကို မကြိုက်တာလေးတွေကို ရွဲ့ပြီး လုပ်တာက ချစ်စရာကောင်းတယ်ဆိုပေမယ့် အလွန်အကျွံမဖြစ်စေဖို့တော့ လိုပါတယ်နော်။ ကိုကို့ဘက်က ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ကိစ္စလေးတွေကိုတော့ ရှောင်ဖို့တော့ လိုပါတယ်နော်။ ကိုကိုက ညဘက်အပြင်ထွက်တာ မကြိုက်တာကို နောက်ကျမှ အိမ်ပြန်တာမျိုး မလုပ်ပါနဲ့နော်။ ကိုကိုက တခြားကောင်လေးတွေနဲ့ ပတ်သက်တာ မကြိုက်ဘူးဆိုရင်လည်း မလုပ်တာ အကောင်းဆုံးပါ။ ကိုကိုတွေအပေါ်မှာ ဆိုးလို့ရတဲ့ ကိစ္စတွေ အများကြီးပါ။ မကြိုက်တာတွေတော့ မလုပ်မိစေနဲ့နော်။

 

 

အလိုက်သိပါ

 

ကောင်မလေးတို့ရေ ကိုကိုတွေအပေါ်မှာ ဆိုးပိုင်ခွင့် အပြည့်အဝ ရှိတယ်နော်။ ဒါပေမယ့် အလိုက်သိဖို့တော့ လိုပါတယ်နော်။ ကိုကို အလုပ်ကိစ္စ၊ မိသားစု ကိစ္စတွေနဲ့ စိတ်ညစ်နေရချိန်တွေမှာတော့ စိတ်ဆိုး၊ စိတ်ကောက်တာနဲ့ ရစ်တာတွေကို ရှောင်ပါနော်။ အဲဒီအချိန်တွေမှာ ရစ်တာတွေ လုပ်နေမယ်ဆိုရင်တော့ စိတ်မဆိုးဘူးဆိုရင်တောင် သူတို့ကို နားမလည်ပေးနိုင်လေခြင်းလို့ဆိုပြီး စိတ်မကောင်းဖြစ်တတ်ပါတယ်။

 

 

ဆရာကြီး လုပ်ခွင့်ပေးပါ

 

ကိုကိုတွေက ကလေးလေးတွေထက် အရာရာ ပိုသိ ပိုတတ် လုပ်ကြပါတယ်။ ဒါက ကောင်းစေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းပါပဲ။ ဘယ်သွားသွား ဖုန်းဆက်တာတွေ၊ ချုပ်ချယ်တာတွေ လုပ်မှာပါ။ ဘယ်အရာကိုဘယ်လိုဆိုပြီး အကျိုးအကြောင်း ပြောပြတာတွေ၊ ဆရာလုပ်တာတွေ ရှိမှာပါ။ ဒါလေးတွေကို လက်ခံပါ။ ဒီလိုမှမဟုတ်ရင်တော့ ကိုကို စိတ်ဆိုးဖို့ (၅၀%) ပဲနော်။

 

 

ဟုတ်ကဲ့လုပ်ပါ

 

ကိုကိုတို့ ပြောတာတွေကို ဟုတ်ကဲ့လုပ်ပါ။ ကိုကိုတွေက ကလေးလေးတို့ ဘဝရဲ့ ရှေ့ဆောင်လမ်းပြ တစ်ဦးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကိုကိုပြောတာတွေ အကုန်လုံးကို ကလန်ကဆန် မလုပ်ဘဲ နားထောင်သင့်တာ အားလုံး နားထောင်ပါ။နောက်မှ အခြေအနေ ကြည့်ပြီး ဆိုးပေါ့နော်။ မဟုတ်ရင် စိတ်ဆိုးခံရနိုင်တယ်နော်။

 

 

နည်းနည်းတော့ အလျှော့ပေးပါ

 

အငယ်ပဲ ကိုကိုတွေကို ဆိုးမယ်ဆိုပေမယ့် တစ်ခါတစ်လေတော့ အလျှော့ပေးပါ။ ချော့ကြည့်ပါ။ ကိုကိုတွေလည်း တစ်ခါတစ်လေမှာ အချော့ခံချင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲကိုယ်ချည်းပဲဆိုးနေမယ်ဆိုရင်တော့ကိုကိုက အချိန်ကြာလာရင် စိတ်ဆိုးနိုင်ပါတယ်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:59
Rate this item
(1 Vote)