April ,May,June လမွေးသူများအတွက်

April ,May,June လမွေးသူများအတွက် google

မွေးလအလိုက်သင်တို့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်

 

 

April လတွင်မွေးဖွားသူများ


April မွေးဖွားသူတွေဟာ တဇွတ်ထိုးလုပ်တတ်ကြပြီး စိတ်ဒေါသကြီးတတ်ကြသည်။


် သံယောဇဉ်ကြီးမားတတ်ကြပြီး လူရိုးလူဖြောင့်များ ဖြစ်သည် အလွန်ချစ်တတ်ကြပြီး သူတစ်ပါးပေါ် အရမ်းကောင်းသူများဖြစ်သည်။


မေတ္တာရေးမှာ အပေးသမားများဖြစ်ကြသည် အချစ်ဦးနှင့်လွဲကြသည်။သင်က ဆရာလုပ်တတ်ပြီး ဆန့်ကျင်တတ်သူပေမဲ့ တီထွင်ဖန်တီးမှုစွမ်းရည်မြင့်မားတယ်။


ဉာဏ်ရည်ကောင်းတယ်။ လိုချင်တာရဖို့အတွက် ကြိုးစားမှုကို ဘယ်တော့မှမရပ်တန့်တတ်ဘူး။ ဒါ့အပြင် နိုးကြားသွက်လက်ပြီး ဆွဲဆောင်မှုရှိတယ်။


ကိုယ့်ကိုယ်ကို ချစ်တတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင် တယ်။ အာရုံစိုက်ရတာကို ကြိုက်တယ်။ သင်အကျွမ်းကျင်ဆုံးကတော့ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်ပါ တယ်။

 

 

May လတွင်မွေးဖွားသူများ


May မွေးဖွားသူတွေဟာ သူတစ်ပါးကို ကူညီတတ်ကြပြီး လေးစားတန်ဖိုးထားကြသည် ရဲတင်းပြတ်သားကြပြီး ထက်မြက်ကြသည်။


အလွန်စိတ်ကူးယဉ်တတ်ကြသည် မိမိလေးစားသူကို နှစ်သက်ကျပေမယ့်…ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်သူများဖြစ်သည်။


သင့်မှာ အနုပညာအရည်အသွေးကောင်းတွေ ရှိနေပါတယ်။ သဘာဝတရားကို မြတ်နိုးပြီး တစ်ယောက်တည်းနေချင်တာက သင့်ဘဝရဲ့အဓိပ္ပာယ်ပါပဲ။


သင်က ခေါင်းမာတတ်ပြီး တော်ရုံနဲ့ မချစ်တတ်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကြံ့ခိုင်ပြီး တက်ကြွတယ်။ ချွန်ထွက် တွေးခေါ်တတ်တယ်။


တခြားသူတွေကို ဆွဲဆောင်နိုင်ပြီး အာရုံစိုက်ရတာကို ကြိုက်တယ်။ နက်နက်ရှိုင်းရှိုင်းခံစားတတ်တယ်။ အမြဲ လှုပ်လှုပ်ရှားရှားနေတတ်တယ်။


ကလေးအများကြီးမယူဘူး။ အလုပ်ကြိုးစားတယ်။ ထက်သန် ပြင်းပြတဲ့ဆန္ဒရှိပြီး အချိန်ကို ချွေတာတတ်သူလည်း ဖြစ်ပါတယ်။

 

 

June လတွင်မွေးဖွားသူများ


June မွေးဖွားသူတွေဟာ စိတ်ကြီးသည် ဆတ်ဆတ်အထိမခံတတ်ကြပေ သူများပေါ်အလွန်ကောင်းပြီး မိမိပေါ်ဆိုးသူဆိုရင်


လှည့်တောင်မကြည့်တတ်ကြပေ စိတ်ပြောင်းလဲလွယ်ကူကြပြီး မိဘကို အချစ်ရေးထက်ဦးစားပေးကြသည်။


သင်ဟာ သိပ်ချစ်တတ်ပြီး သင်ချစ်တဲ့သူတွေအပေါ်လည်း သဝန်တိုတတ်သူပါ။


အချစ်နဲ့ပတ် သက်လာရင် စိတ်ကူးယဉ်ဆန်တတ်ပြီး သိပ်ကောင်းတဲ့ချစ်သူဖြစ်ပါတယ်။ အဝေးကိုကြိုတွေးတတ် တယ်။


ကြင်နာတရားကြီးမားတယ်။ ဖော်ရွေတယ်။ စိတ်ထိခိုက်လွယ်တယ်။ တစ်ခါတရံ စိတ်လှုပ်ရှား ထိခိုက်မှုကို ဖော်ပြတတ်တယ်။ နာကျင်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူကုစားတတ်ပါတယ်။

 

 

 

Source-အဂ္ဂမင်း

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under