ချစ်သူကိုမိဘနဲ့ပေးတွေ့တော့မယ်ဆိုရင်

ချစ်သူကိုမိဘနဲ့ပေးတွေ့တော့မယ်ဆိုရင် Google

ချစ်ချစ်တို့ ရေ ကိုယ့်ချစ်သူ ရည်းစားကို မိဘနဲ့ ပေးတွေ့တယ်ဆိုတာ မဟာစီမံကိန်းကြီးပါပဲနော်။

 

ရည်းစားနဲ့ မိဘ အဆင်ပြေဖို့ဆိုတာ ဒီလိုမျိုး စပြီးပေးတွေ့တဲ့နေ့က အရေးအကြီးဆုံးပါ။

 

ပထမဆုံး အမြင်မှာတင် အမှတ်ကောင်းကောင်း ရဖို့ လိုတယ်လေ။ ရည်းစားကို မိဘနဲ့ပေးတွေ့မယ့်

 

စီမံကိန်းကြီး အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

 

မိဘတွေကိုကြိုတင်အသိပေးပါ

 

ကိုယ့်ချစ်သူအကြောင်း ဘာမှအသိမပေးသေးဘဲ ချက်ချင်းကြီး ပေးတွေ့လိုက်တာမျိုး မလုပ်ပါနဲ့နော်။

 

 

အိမ်က မေမေ ဖေဖေတို့ဆီ မိမိချစ်သူအကြောင်းကို တီးမိခေါက်မိ ဖြစ်အောင် တစ်လ၊နှစ်လ လောက်တော့

 

အချိန်ယူပြီး ပြောပြထားပါ။ ချစ်သူကတော့ ဘယ်သူဖြစ်တယ်၊ ဘာလုပ်တယ်၊ ဘယ်မှာ စပြီး သိကြတယ်၊

 

သူ့ကိုတော့ ဘယ်အချက်တွေ သဘောကျမိတာ အစရှိသဖြင့် သူ့အကြောင်းတွေ နည်းနည်းတော့ ပြောပြထားပေးပါနော်။

 

သတိထားရမယ့်အချက်တွေကတော့

ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာဆက်ဆံတတ်ဖို့နဲ့ မိဘတွေကို ဦးစားပေးဖို့ ကြိုတင်ပြင်ဆင်ထားပါနော်။

ချစ်သူက အရင်စောင့်နေတယ်ဆိုလည်း မိဘတွေ လာတဲ့အခါ

 

မတ်တပ်ရပ် ပြုံးပြပြီး ဦးလေး၊ အန်တီထိုင်ပါ ခင်ဗျ ဒါမျိုးလေးတွေ ဂါရ၀တရားရှေ့ ထားပြီး 

 

ပြောတတ်ဖို့ ကြိုတင် သင်ထားပေးနော်။ ပြီးတော့ မိဘတွေရှေ့ရောက်တဲ့အခါမှာ နှစ်ယောက်က

 

ခပ်ခွာခွာလေး နေပြီး ခုံမှာ နေရာယူတာက အစ ချစ်သူနှစ်ဦးက တတွဲတွဲလုပ်မနေပဲ မိဘတွေကို 

 

ဘယ်လိုစကားပြောမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပါနော်။

 

ချစ်သူပါလို့ ပြောပြီး သေချာ ပေးတွေ့မှာမို့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေများပါတယ်။

 

ဘယ်နေရာမှာ တွေ့မလဲ ဆိုတာကအစပေါ့ အိမ်မှာပဲ လက်ခံစကားပြောမလား၊ ဒါမှမဟုတ် အပြင်မှာလားပေါ့။

 

ဒါမျိုး ကြိုတင်ပြင်ဆင်ထားရပါမယ်။ အိမ်က လူကြီးတွေ မကြိုက်တဲ့ အချက်တွေ မပြောမိစေဖို့

 

ကြိုပြောထားရပါမယ်နော်။ မဟုတ်ရင် တစ်ကြိမ်တည်း အမှတ်တွေ လျော့သွားမှာပါ။

 

အိမ်က လူကြီးတွေ ဘယ်အရာကိုကြိုက်ပြီး ဘယ်အရာတွေကို မကြိုက်ဘူးဆိုတာလည်း ပြောပြထားပါ။

 

ဒါမှ စကားပြောကြည့်တဲ့အခါ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။

 

Source: Marry

 

Myanmar Wedding Guide

 

3

Read times Last modified on Tuesday, 03 September 2019 18:01
Rate this item
(1 Vote)
Tagged under