ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၂ )
ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၂ ) google
တူရာသီ (Libra)စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ကြား
ဖြစ်ပေါ်လာသော အခြေအနေသစ်နှင့် အခွင့်အရေးသစ်များကို စနစ်တကျအသုံးချခြင်းဖြင့် ထူးခြားသော တက်လမ်းများ၊ အောင်မြင်မှုများ အခိုင်အမာ ရရှိမည်။ အလုပ်နေရာနှင့် ဆက်ဆံရသော ဝန်းကျင်တွင် ပြောင်းလဲမှုများရှိမည်။
ခိုင်မာသော အခြေအနေနှင့် တည်ငြိမ်သော မေတ္တာရေးရာဖြစ်ပေါ်မည်။ ဆုံးဖြတ်ချက်မှန်၍ ရေရှည်တည်မြဲသော အချစ်မေတ္တာနှင့်ဆုံစည်းမည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။
ရည်ရွယ်ချက်သစ်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ဆောင်ရွက်သမျှ ထွန်းပေါက်အောင်မြင်မည်။ ကိုယ်စွမ်းကိုယ်စဖြင့် ထက်မြက်စွာဆောင်ရွက်နိုင်မည်။ ပညာရေးလမ်းကြောင်းသစ်များဖော်ဆောင်နိုင်မည်။
အငန်ဓာတ်လွန်ကဲစွာစားခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ ဂရုစိုက်ပါ။ နားကိုက်ခြင်း၊ နားအူးခြင်းများ ဖြစ်တတ်သည်။ ဆီး၊ ကျောက်ကပ်နှင့်ပတ်သက်သော ရောဂါများဖြစ်တတ်သည်။
ယတြာ - မီးဖိုခန်း၏ အနောက်အရပ်နှင့် အနောက်မြောက်အရပ်တွင်ရှိသော အမှိုက်သရိုက်များ ရှင်းလင်းပါ။
ဗြိစ္ဆာရာသီ (Scorpio)အောက်တိုဘာ (၂၄) မှ နိုဝင်ဘာ (၂၂) ကြား
ကြန့်ကြာနေသော ရပိုင်ခွင့်များ လက်ဝယ်ရရှိမည်။ အရပ်ဝေး တိုင်းတစ်ပါးနှင့်ဆက်စပ်၍ ဆောင်ရွက်သော အကြောင်းအရာများမှ ထင်ရှားသော အဆင်မြင့် အကျိုးဆက်များ ပေါ်ပေါက်လာမည်။
ပြဿနာအတိုက်အခံများ၊ ပဋိပက္ခများဖြစ်လွယ်သည်။ အလိုအလျောက်ဆန့်ကျင်ဘက်ပြုလိုစိတ်နဲ့ အရွဲ့တိုက်ချင်စိတ်ကြောင့် အချစ်ရေး အညံ့ကြုံနိုင်သည်။
ရပ်တန့်ထားသော ပညာရပ်များ ပြန်လည်လေ့လာနိုင်သည်။ အဆင်မြင့် ရွယ်ရွယ်ချက်များ လက်တွေ့အသုံးချနိုင်သည်။ ပြည်ပအတတ်ပညာများ လေ့လာသင်ကြားနိုင်သည်။
ညာခြေ၊ ညာလက်တွင် မတော်တဆထိခိုက်တတ်သည်။ ခြေဖျား၊ လက်ဖျားများတွင် အလေးအပင်ပိခြင်း၊ တံခါးညပ်ခြင်းများ ဖြစ်တတ်သည်။ အစာအိမ်၊ ဝမ်းဗိုက်နှင့် ပတ်သက်သော ရောဂါများ ဖြစ်တတ်သည်။
ယတြာ - အလုပ်နေရာ၊ နေအိမ်နေရာရှိ အပင်သေများ၊ သစ်ရွက်ခြောက်၊ ပန်းခြောက်များကို ဖယ်ရှားပ
ဓနုရာသီ (Sagittarius)နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁)ကြား
အလုပ်အဆင့် တိုးတက်ခြင်းနှင့် ဘ၀ တိုးတက်မှုများ ဆက်တိုက် ဖြစ်ထွန်းမည်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်မှု များမှလည်း ထင်ရှားသော အောင်မြင်မှုများ ဖြစ်ပေါ်နိုင်သည်။ တွဲဖက်လုပ်သော ကိစ္စများမှ မြင့်မားသော တက်လမ်းများ ရရှိမည်။မေတ္တာရေး ကံကောင်းမည်။
မျက်နှာ ပွင့်လန်း၍ အပြန်အလှန် နားလည်မှု ရှိသူများ နှင့် မေတ္တာမျှနေမည်။ ဝေးကွာနေသော သူများနှင့် ပြန်လည် ဆုံစည်းမည်။ဘက်စုံ ကောင်းသည်။ ရည်ရွယ်ထားသည် များ အပေါ် အခိုင်အမာ ဆောင်ရွက်နိုင်သော အခြေအနေကောင်း ရှိသည်။
ကိုယ်ပိုင် ရည်ရွယ်ချက် တို့ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မည်။အဆုတ် အအေး မိတတ်သည်။ မျက်ရိုး ကိုက်ခြင်း ဖြစ်လွယ်သည်။ အသည်း နှင့် ပတ်သက်သော ရောဂါများ ဖြစ်လွယ်သည်။ အသီးအရွက် များများ စားသုံးပါ။
ယတြာ - နေအိမ် ဝန်းကျင် ၊ လုပ်ငန်းဝန်းကျင်တွင်၊ အပြာရင့်ရောင် ၊ နက်ပြာရောင် ပစ္စည်းများ ထားရှိသုံးစွဲပါ။
မကာရ ရာသီ (Capricorn)ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီ (၂၀)ကြား
နာမည် အောင်မြင်မှုနှင့် အလုပ်တိုးတက်မှု များ တွဲဖက်ဖြစ်ထွန်းမည်။ တစ်ခုထက်မက သော ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်နိုင်မည်။
အခက်အခဲ အားလုံးကို ကျော်လွှား၍ တိုးတက်မှုများ ကြုံတွေ့ရမည်။နှစ်ဦး အကြား ကာလရှည်ကြာ ဖြစ်ပေါ်နေသော သံသယများ ပျောက်ကွယ်သွားမည်။ အြပန်အလှန် စိတ်ချမ်းမြေ့စရာများ ရှိမည်။
ခိုင်မာသော မေတ္တာရေး အနေအထားသို့ ကူးပြောင်းအကျိုးပေးမည်။ထွန်းထွန်း ပေါက်ပေါက်နှင့် အောင်မြင်မည်။ ကိုယ်စွမ်း ကိုယ်စနှင့် တိုးတက်မှုများ ရရှိမည်။
လိုလားချက်နှင့် ဆန္ဒများ အလုံးစုံ ပြည့်စုံမည်။ အတတ်ပညာ နှင့် ထွန်းထွန်းပေါက်ပေါက် ေ
ဆာင်ရွက်နိုင်မည်။အစားအသောက် မှားတတ်သည်။ လေထိုးလေအောင့် ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းများ ကြုံမည်။ ပြင်းထန်စွာ ခေါင်းကိုက်ခဲခြင်း ကြုံမည်။ ဆေးကုသမှု ခံယူနိုင်သည်။
ယတြာ - ပိုက်ဆံအိတ် အတွင်း ဖဲကြိုး အနီရောင် ကိုထည့်၍ ဆောင်ယူပါ။
ကုမ်ရာသီ (Aquarius) ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) ကြား
အညံ့ အဆိုးများ လွှမ်းမိုး နေသည်။ လူယုံဒုက္ခပေးမည်။ အတွင်းလူ ဒုက္ခပေးတတ်သည်။ စာရွက်စာတမ်း အပေးအယူ ကိစ္စများ ၊ ငွေကြေးကိစ္စများတွင် သတိနှင့် ဆောင်ရွက်ရမည်။ သူတစ်ပါး ပြဿနာများ ကြား ဝင်ရောက် ဆောင်ရွက်ရမည်။
အရှုပ်အထွေး နှင့် စိတ်အနှောင့်အယှက် များ လွှမ်းမိုးနေသည်။ မှားယါင်းသော ဆုံးဖြတ်ချက်များ ချမိလိမ့်မည်။
အပြန်အလှန် စိတ်အခန့်မသင့် ဖြစ်နေဆဲတွင် သတင်းမှား အပေါ် လွဲမှား ယုံစားကာ အဆက်အသွယ် ဖြတ်တောက်၍ ဖြေရှင်း၍ မရသော အခြေအနေနှင့် ကြုံမည်။အညံ့ အဆိုးများ လွှမ်းမိုးနေသည်။ လူပေါင်းမှား ၊ ဆုံးဖြတ်ချက် မှား၍
ပညာရေး ကိစ္စများတွင် အောင်မြင်မှု လျော့ပါးမည်။ ဆရာသမား အကြီးအကဲများ၏ မေတ္တာပျက်မှု ခံရမည်။သန့်ရှင်း လတ်ဆတ်မှု မရှိသော အစားအသောက်များကို စားသုံးမိ၍ ရောဂါ ဝေဒနာဖြစ်တတ်သည်။
အတုများ ၊ ရက်လွန်ဆေးများ သုံးစွဲမိ၍ ကျန်းမာရေး ကျဆင်းတတ်သည်။
ယတြာ - ပိုက်ဆံအိတ် အတွင်း အကြွေစေ့(၃)စေ့ ကို စက္ကူအနီ နှင့် ပတ်ကာထားရှိပါ။
မိန်ရာသီ (Pisces)ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)ကြား
လုပ်ငန်း အဆင့်တိုးတက်မည်။ ရည်ရွယ်ချက် အောင်မြင်မည်။ ကြုံတွေ့နေသော ပြဿနာများ အခက်အခဲများ အားလုံးကို ကျော်လွှား၍ အလိုဆန္ဒ မှန်သမျှ ပြည့်မီအောင် ကြိုးစားနိုင်သ်ည။ သူတစ်ပါးနှင့် မတူသော အတွေးအကြံ သစ်များကို အသုံးချ၍ တက်လ
မ်းများ ဆက်တိုက်ပေါ်မည်။နီးစပ်မှုမှ မေတ္တာရေး ကိစ္စများ ပေါ်ပေါက်မည်။ ယခင်ကွဲကွာသွားသည့် ချစ်သူနှင့် မေတ္တာ မျှခြင်းကြုံမည်။ အရွယ်လွန် လူပျိုကြီး အပျိုကြီး များ အဖို့ စန်းပွင့်မည်။ရည်ရွယ်ချက် ထားသလောက် ထွန်းပေါက်မည်။ အကြီးအကဲ ဆရာသ
မားများထံမှ အထောက်အကူရမည်။ ဖြစ်လိုသော ဆန္ဒနှင့် ရရှိလာသော ကံတို့ကို စနစ်တကျ ပေါင်းစပ်နိုင်သည်။အပူရှိန် မြင့်မြင့် နှင့် ဖျားတတ်သည်။ အဆုတ် အအေးမိလွယ်သည်။ ဆရာဝန်ညွှန်ကြားမှု မရှိသော ရောဂါများမှ ဘေးထွက် ဆိုးကျိုး ဖြစ်လွယ်သည်။
ဆီး ၊ မျက်စိ နှင့် ပတ်သက်သော ရောဂါများ ဖြစ်တတ်သည်။
ယတြာ - အလုပ်နေရာတွင် ထားရှိသော ပရိဘောဂ များကို နေရာ ရွေ့ပြောင်းလိုက်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
Top of Form
Bottom of Form
 Top of Form
Bottom of Form
 Top of Form
Bottom of Form
 Top of Form
Bottom of Form
 Top of Form
Bottom of Form
 Top of Form
Bottom of Form
ဆား ၊ မျက်စိ နှင့် ပတ်သက်သော ရောဂါများ ဖြစ်တတ်သည်။
Read More <<<ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၁) >>>
Myanmar Wedding Guide
jjjj
Read times Last modified on Wednesday, 19 February 2020 17:01
Rate this item
(0 votes)
Tagged under