ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၁)
ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၁) google
မိဿရာသီ( Aries )မတ်လ (၂၁) မှ ဧပြီလ (၂၀) ကြား
လုပ်ငန်းတိုးတက်မည်။ တိုးချဲ့ဆောင်ရွက်သော ကိစ္စတို့မှ အဆင့်မြင့်တိုးတက်မှု ရရှိမည်။ သူတစ်ပါးကြောင့် ခက်ခဲနေသော ပြဿနာများ ဖြေရှင်း အဆင်ပြေမည်။ တစ်ပါးသူက ဖြစ်နိုင်စွမ်း မရှိ ခက်ခဲ နေသည် ဟု ယူဆထားသည့် အလုပ်အကိုင်တို့ကို လုပ်ကိုင်၍တိုးတက်မည်။
တစ်ဦးထက်မကသော ချစ်သူတို့ အကြားစိတ်ပင်ပန်းရမည်။ နီးစပ်မှု ရှိသူများနှင့် အချစ်ရေး ၊ မေတ္တာရေး ကံပေါ်ထွန်းမည်။ ကိုယ်တိုင်ကိုယ်ကျ စန်းပွင့် ရုံသာမက မိသားစု ဝန်းကျင်မှ ဖြစ်စေ၊ မိဘ နငျ့် ပတ်သက် ဆက်နွယ်၍ ဖြစ်စေ မေတ္တာရေး ကိစ္စ များ ကြုံတွေ့ မည်။
ရည်မှန်းချက်မြင့်မြင့်မားမား နှင့် ဆောင်ရွက်သင့်သည်။ အဆင့်မြင့်အောင်မြင်မှုများ ရရှိမည်။ ယှဉ်ပြိုင်လိုက်တိုင်း အောင်မြင်ခြင်း ကို အခိုင်အမာရရှိ၍ ထွန်းပေါက် တိုးတက်ခြင်း ကို ကြုံတွေ့ရမည်။
မြေဓါတ် သဘာ၀ ချို့ယွင်းခြင်းကြောင့် နှုတ်ခမ်းဝန်းကျင်တွင် ကွဲအက်ခြင်း များဖြစ်တတ်သည်။ ဝမ်းဗိုက် နှင့်ပတ်သက်သော ရောဂါများ ဖြစ်လွယ်သည်။ သစ်သီးဝလံများ စားသုံးတတ်သည်။
ယတြာ - နေအိမ် (သို့မဟုတ်) အလုပ်နေရာ၏ အရှေ့(သို့မဟုတ်) မြောက်အရပ်ကို သန့်ရှင်းအောင် ပြုထားပါ။
ပြိဿရာသီ (Taurus) ဧပြီ (၂၁) မှ မေ (၂၁) ကြား
ပြဿနာများ ၊ အတိုက်အခံများ တစ်မျိုးပြီး တစ်မျိုးကြုံမည်။ စိတ်ပင်ပန်းရမည်။ ရန်များမည်။ စေတနာ ဝေဒနာ ဖြစ်မည်။ လူယုံ ဒုက္ခပေး မည်။ ရောင်းမှားဝယ်မှား ဖြစ်မည်။ မနာလို အပြိုင်အတိုက်အခံများ ရှိမည်။
အထင်ကွဲမှုများ ဖြေရှင်းရမည်။ နှစ်ဦး အကြား ဘေးစကား ၊ သွေးသား အနှောက်အယှက်များ ၊ နာမည် သိက္ခာ ထိခိုက်အောင် ပြောဆိုခြင်းများ ကြုံ၍ သောက များမည်။
စိတ်ပျံ့လွင့်မည်။ စာတွိင် စိတ်မဝင်စား သလို ဖြစ်မည်။ ပညာရေးဆိုင်ရာကိစ္စများ တွင် ပေါ့ပေါ့တန်တန် လုပ်ကိုင်သော အနေအထာ ရှိသည်။
ဝေဒနာဟောင်းများ ပြန်လည်ဖြစ်ပေါ်တတ်သည်။ အစားအသောက် အနေအထိုင်မှားယွင်းခြင်းကြောင့် ကျန်းမာရေးတွင် တစ်မျိုးပြီး တစ်မျိုး အညံ့များ ကြုံမည်။
ယတြာ - တောင်အရပ်တွင် သလင်းကျောက် တစ်ခုအား အမြင့်တွင်ထားရှိပါ။
မေထုန်ရာသီ (Gemini)မေ (၂၂) မှ ဇွန် (၂၁) ကြား
စုပေါင်းလုပ်ငန်းများ အကျိုးပေးမည်။ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရမည်။ သူတပါးနှင့်မတူသော ရှုထောင့် မှ လုပ်ကိုင်၍ တက်လမ်းများ ရရှိမည်။ မိသားစုတွင် အလုပ်တိုးတက်ခြင်း ၊ အလိုပြည့်စုံခြင်းရှိမည်။
မေတ္တာရေး ကံကောင်းမည်။ စိတ်ချမ်းမြေ့စရာများ ရှိမည်။ အချစ်ရေး မေတ္တာရေး နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များတွင် အမှားမရှိ။ ရေရှည်တည်မြဲနိုင်သော မေတ္တာရေး ကိစ္စများ ကြုံတွေ့နိုင်သည်။
ရည်မှန်းချက်များကို စနစ်တကျ လုပ်ကိုင်၍ အောင်မြင်သော အနေအထား အားရရှိမည်။ ကိုယ်ပိုင် အစွမ်းအစ ထက်မြက်မည်။ အတတ်ပညာကို အသုံးချ၍ တိုးတက်မှုရမည်။ အောင်မြင်မှု အခြေအနေ ကောင်းများ ရရှိမည်။
နှာစေး နှာပိတ်ခြင်း ၊ အဆုတ် အအေးမိခြင်းများ ဖြစ်တတ်သည်။ အပူအစပ် အစားအသောက်များ ကို လျှော့ပါ။ ကျန်းမာရေး အညံ့ကြုံက သမားပြသရန် ကောင်းသည်။
ယတြာ - နေအိမ်ရှိ မြောက်အရပ်တွင် ရှိသော အနီရောင် ပစ္စည်းများ ဖယ်ရှားပါ။
ကရကဋ် ရာသီ (Cancer) ဇွန် (၂၂) မှ ဇူလိုင် (၂၂)ကြား
အလုပ်နေရာ ဆက်ဆံနေရသော ဝန်းကျင်အတွင်း အပြောင်းအလဲများ ရှိမည်။ နေရာပြောင်း၍ သော်လည်းကောင်း ၊ ဦးတည်ချက် ပြောင်း၍ သော်လည်းကောင်း ဆောင်ရွက်ခြင်းမှ အောင်မြင်မှု အထင်အရှား ရရှိမည်။
လူမျိုးကွဲ၊ လူမျိုးခြား နှင့် မေတ္တာမျှနေသူများ အချစ်ရေး ကိစ္စ အပေါ် မိသားစုမှ ငြိုငြင် ခံနေရသူများ အတွက် အပြန်အလှန် အဆင်ပြေမှုနှင့် အနာဂါတ် အကျိုးပေးခြင်း နှင့်တကွ အညံ့ အဆိုးများ ကို ကျော်လွှားနိုင်သော အခြေ အနေကောင်းများ ရရှိမည်။
အတတ်ပညာကို အသုံးချ၍ ပြည်ပ အထိ ရောက်ရှိနိုင်သည်။ ကိုယ်စွမ်းကိုယ်စ ထက်မြက်မည်။ ပြည်ပ အတတ်ပညာများ သင်ကြားရရှိမည့် ပြည်ပ ကျောင်းလျှောက်ခြင်း ကိစ္စများ ဆောင်ရွက်နိုင်မည်။
အရေပြားပေါ်တွင် ဖြစ်တတ်သော ရောဂါများ နှင့် အကြောအဆစ်ရောင်ရမ်းကိုက်ခဲခြင်းများ ၊ထုံနာ ၊ကျင်နာ များဖြစ်တတ်သည်။ ဆေးထိုး ဆေးသောက် မှားတတ်သည်။
ယတြာ - နေအိမ် အလုပ်ခန်းတို့ တွင် အသုံးပြုသော သော့ချောင်းတို့ ကို အနီရောင် ကြိုးတစ်ခု နှင့် စုစည်းသိမ်းဆည်းပါ။
သိဟ်ရာသီ (Leo) ဇူလိုင် (၂၃) မှ သြဂုတ် (၂၃) ကြား
လုပ်သမျှ ထွန်းထွန်းပေါက်ပေါက်နှင့် အောင်မြင်မည်။ လုပ်ငန်းမရှိသူ လုပ်ငန်းရ၍ လုပ်ငန်းရှိသူ တိုးတက်မည်။ စိတ်ကူး အကြံဉာဏ်သစ်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်မည်။
အရာရာအဆင်ပြေ၍ လိုရာပြည့်စုံခြင်း၊ အခက်အခဲမှန်သမျှကို ထင်ရှားစွာ ဖြေရှင်းနိုင်ခြင်းနဲ့ အချစ်ရေး၊ မေတ္တာရေးကိစ္စ အဖြာဖြာ ပြည့်စုံ အကျိုးပေးခြင်းများရှိမည်။ လွန်စွာ စန်းပွင့်မည်။
ရည်ရွယ်ချက်များကို စနစ်တကျဆောင်ရွက်၍ အောင်မြင်တိုးတက်မှုများရရှိမည်။ ထူးခြားသော အတတ်ပညာများ၊ နက်နဲသော ပညာရပ်များကို လေ့လာဆည်းပူးရန် အခြေအနေအခွင့်အလမ်းများကြုံမည်။
အစားအသောက်လွန်ကဲခြင်းကြောင့်လည်းကောင်း၊ အိပ်စက်မှုနည်းပါး၍ ရောဂါဝေဒနာများဖြသ်လွယ်သည်။ ဝမ်းကိုက်ရောဂါ ဖြစ်လွယ်သည်။ အစာအိမ်၊ အူလမ်းကြောင်း ဒုက္ခပေးတတ်သည်။
ယတြာ - ကြွေပန်းအိုးအဖြူအတွင်း အနီရောင် ပန်း (၃) ပွင့် ထိုးကာ အမြင့်တွင်တင်ထားပါ။
ကန်ရာသီ (Virgo) သြဂုတ် (၂၄) မှ စက်တင်ဘာ (၂၂) ကြား
အနှောင့်အယှက်၊ အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ အတွင်းလူ ဒုက္ခပေးမည်။ လုပ်နေသော လုပ်ငန်းများ အရှိန်လျော့ကျခြင်းဖြစ်စေ၊ ရပ်တန့်ခြင်းဖြစ်စေ ကြုံမည်။ အတူတကွ တွဲဖက်လုပ်သူတို့၏ ပေါ့ပေါ့တန်တန်လုပ်ခြင်း၊ သေသပ်မှုမရှိခြင်းကြောင့် အညံ့ကြုံမည်။
သံယောဇဉ်မထားသင့်သူအား သံယောဇဉ်ထားခြင်း၊ အချစ်မှားခြင်းများရှိမည်။ အလွန်စန်းပွင့်မည်။ ဤကာလအတွင်း ပေါ်ပေါက်လာသော အချစ်ရေး၊ မေတ္တာရေးတို့သည် ရေရှည်တည်တံ့လိမ့်မည်မဟုတ်။
အတိုက်အခံ အညံ့များကိုလည်း တွေ့ကြုံရမည်။ မြင့်မားသော အောင်မြင်မှုကို အခိုင်အမာဆောင်ရွက်နိုင်မည်။ သို့သော် ကျန်းမာရေးအနှောင့်အယှက်များ ဝင်ရောက်နိုင်သည်။
မတော်တဆ ပူလောင်ထိခိုက်မှုများ ဖြစ်ပေါ်တတ်သည။ ယာဉ်၊ ကားမောင်းနှင်မှု သတိရှိရမည်။ လျှာကွဲခြင်း၊ အနာပေါက်ခြင်းများ ဖြစ်တတ်သည်။
ယတြာ - ကြွေပန်းကန်ပြားတွင် ရေထည့်၍ ကြာပန်းပွင့်ကို ထည့်ကာ အမြင့်တစ်နေရာတွင်ထားရှိပါ။
Zawgyi ဖြင့်ဖတ်ရန်...