အင်္ဂါသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း
အင်္ဂါသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
မိတ်ဆွေ ဒီနှစ်ထဲမှာ မိမိမျှော်လင့်မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ် ဒီနှစ်ကတော့ စိတ်တိုင်းကျ ကောင်းမယ့် အကျိုး ပေးမယ့်နှစ်လို့ ဆိုရတော့မှာပါပဲ။
အများ သူငါမင်္ဂလာ ကိစ္စ များလည်းဆောင်ရွက်ပေးရတတ်ပါတယ်။ဒီနှစ်ကတော့ လူမူရေးကိစ္စ များ ပိုမိုဆောင်ရွက်ရမယ့်နှစ်ဖြစ်ပါတယ်။
ပရဟိတ လုပ်ငန်း တွေပါဝင်ရခြင်း ဆောင်ရွက်ပေးရခြင်းများ လူမူပတ်ဝန်းကျင်မှာ အရေးပါအရာရောက်ပြီး အကူညီများစွာပေးမယ့်နှစ်ဖြစ်ပါတယ်။
ငယ်ရွယ်သူများ အချစ်ရေး အိမ်ထောင်ရေး ကိစ္စပေါ်မယ်။
လက်ထပ်ထိမ်းများမင်္ဂလာပြုရမယ့်နှစ်ဖြစ်ပါတယ်။ညှိရနှိုင်းရတဲ့အခြေအနေတွေလည်းပေါ်ပေါက်တတ်ပါ
တယ်။ဆွေမျိုးနှစ်ဦးနှစ်ဖတ် အခြေအတင် ပြောဆိုရပြီးမမျှော်လင့်ပဲ မင်္ဂလာ ပွဲပျက်တတ်ပါတယ်။သဘောထား
တွေကွဲလွဲပြီး ကွဲကွာခြင်း ခိုးပြေး ရခြင်း အဖြစ်သို့ရောက်ရှိတတ်ပါတယ်။ပညာရေးဘက် အနည်းငယ် အားနည်းတတ်ပါတယ်။ပညာရေး မပေါ့ဆဖို့တော့ သတိပေးပါရစေ။
ပညာသင်ချိန်မှာ အချစ်ရေး ဘက်ဦးစားပေးမိတတ်ပါတယ်။မိသားစု ဘုရားဖူး ခရီး သွားလာရခြင်း ပျော်ရွှင်သောခရီးများသွားလာရခြင်း ကြုံတွေ့ ရပါလိမ့်မည်။
အလုပ်ကိစ္စ နဲ့ ပြည်တွင်းပြည်ပ ခရီး များလည်း မကြာခဏဆိုသလို သွားလာရပါ မယ်။အလုပ်အကိုင် များလည်းအဆင်ပြေအောင်မြင်မူများစွာရရှိပါလိမ့်မည်။
အလုပ်အကိုင် များတိုးချဲ့ရမည်။လုပ်သမှအကျိုးပေးမည့်နှစ်ဖြစ်ပါတယ်။
စာရွက်စာတမ်း များကို အကြောင်းပြုပြီး လုပ်ကိုင်နေသူများကတော့ ထူးထူးခြားခြား အဆင်ပြေအောင်မြင်ပါလိမ့်မည်။
စာပုံနှိပ်တိုက်လုပ်ငန်း စာရေးကိရိယာ ရောင်းချလုပ်ကိုင်နေသူများ အောင်မြင် တိုးတတ်ကြီးပွား ချမ်းသာလာလိမ်မည်။
စက်ပစ္စည်းများ ရောင်းဝယ်သူများ အကျိုးထူးမယ့်နှစ်ဖြစ်ပါတယ်။ကားရောင်းဝယ်ရေးလုပ်ငန်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေ အောင်မြင်မူများစွာရရှိပေလိမ့်မည်။
ဆိုင်ခွဲတွေလည်း ဖွင့်ဖြစ်လိမ့်မယ်။နေရာသစ်ဒေသသစ်တွေဆိုင်ခွဲ ဖွင့်ဖြစ်လိမ့်မယ်။
ရဲရဲကြီးသာလုပ်ကိုင်ဖွင့်ပါလို့ အကြံပြု တိုက်တွန်းပါရစေ။အောင်မြင်မှုကသင့်ကိုစာင့်ကြိုနေပါလိမ့်မည်။
သင်အနှစ်နှစ်အလအလကြိုးစားခဲ့တာတွေက ဒီအချိန်မှာ သင့်ကို အောင်မြင် ချမ်းသာသုခများ ပိုင်မည့်နှစ်ဖြစ်ပေလိမ့်မည်။
အကြီးအကဲ ဆရာသမား မိတ်ဆွေ နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပါလို့တော့ အကြံပြုပါရစေ။
အလုပ်အကိုင်အဆင်ပြေအောင်မြင်လာသည်နှင့်အမျှ ရန်အနှောက်အယှက် အတိုက်အခံတွေလည်း အရမ်းများလာလိမ်မည်။
စီးပွါးရေး ကောင်းလာသည်နှင့်အမျှ အိမ်တွင်းရေး အိမ်ထောင်ရေးတော့ သတိထားစေချင်ပါတယ်။အိမ်ထောင် ရေးတော့သဘောထားတွေကွဲလွဲတတ်ပါတယ်။
တစ်ဦးပေါ်တစ်ဦးအမြင်မကြည်တာတွေ အထင်အမြင်လွဲမှားမူတွေဖြစ်တတ်ပါတယ်။ပတ်ဝန်းကျင် ရဲ့လှုံ့ဆော်မူတွေကြောင့်လည်းအိမ်ထောင်ရေးထိခိုက်တတ်ပါတယ်။
အနုပညာခရီးလမ်းလျှောက်လှမ်းနေသူများ ဒီနှစ်ထဲမှာမထင်မှတ်ထားတဲ့ အောင်မြင်မူပန်းတိုင်များရရှိပေလိမ်မည်။
ဆရာသမား မိတ်ဆွေ အပေါင်းအသင်း များကြောင့်မိမိလိုရာခရီးရောက်ပေလိမ့်မည်။
အနုပညာဖြင့်လုပ်ကိုင်နေသူများ ဒီနှစ်ထဲမှာ အဆင့်အတန်းတွေမြင့်မားပြီး အောင်မြင်မှု အသီးအပွင့် ရရှိပေလိမ့်မည်။နာမည်ဂုဏ်သတင်းလည်းကျော်ကြားလာမယ်။
အဆက်အသွယ် အကူအညီကောင်းတွေလည်းရလာလိမ့်မည်။ဝင်ငွေတွေကလည်းအံ့သြလောက်အောင်ရရှိပေလိမ့်မည်။
အိမ်ထောင်ရှင်များကတော့ သားသမီးအတွက် စိတ်ပူစရာစိတ်ပင်ပန်းစရာများတော့ကြုံတွေ့ရလိမ့်မည်။
အိမ်ခြံမြေ အသစ်တွေလည်း ဝင်လာမည်။ကားသစ်များလည်းရလာမည်။အဖြူရောင် ကား ဝင်ရင်တော့ ထီထိုးပါ။ထီဆုကြီးလည်း ပေါက်တတ်ပါတယ်။
ငွေတွေဝင်လာပေမယ့် အထွက်ကလည်း များနေတတ်ပါတယ်။
လုပ်ငန်းထဲမှာရင်းနှီးမြုမ်နှံထားပါက မိမိအတွက် အကျိုးထူးများရပေမည်။ငွေချေးမိရင်တော့ ပြန်တောင်းရခက်တတ်ပါတယ်လေ။စကားများ ပြဿနာ ပါဖြေရှင်းရတတ်ပါတယ်။
အလှူအတန်းများလည်း ပြုလုပ်ရပါမည်။ဘုရား တည်၊ကျောင်းဆောက် ဘာသာရေးအဆောက်အဦးများလည်း
လှူတန်းရလိမ့်မည်။အမွေကိစ္စအတွက်တော့ စကားများပြဿနာဖြစ်တတ်ပါတယ်။အမူအခင်း လည်းဖြစ်တတ်ပါတယ်။သတိထားပါ။
အိမ်နေရာထိုင်ခင်းများလည်း အသစ်တဖန်ကပြုပြင်မွမ်းမံရတတ်ပါတယ်။ဝန်ထမ်းများ ရာထူးအတွက် ဖြေဆိုထားသူများအောင်မြင်မည်။
အလုပ်မှာပြဿနာတတ်ပြီးမှ ရာထူးတိုးခြင်း ဖြစ်ပါတယ်။အကြီးအကဲ အကူအညီ ဖြင့်လည်း အဆင်ပြေ အောင်မြင်မူများရပါလိမ့်မည်။
ကျန်းမာရေး ကျောက်ကပ် သွေးအားနည်းခြင်း မူးမော်ခြင်း များဖြစ်တတ်ပါတယ်။မိမိ ဒီနှစ်ထဲ ကံပွင့် ကံမြင့် လာဘ်ပွင့် ငွေဝင် စေရန်ယတြာ များတော့ ပြုလုပ်ပါ။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (17-4-2020) သောကြာနေ့မှာ ပြုလုပ်ဆုတောင်းပါ။
ကန်တော့ပွဲအစုံ ၃ ပွဲ
စံပါယ်ပန်း ၃၇ ကုံး
နှင်းဆီအဖြူ ၁၀ ပွင့်
အုန်းညွှန့် ၆ ညွှန့်
ရွက်လှ ၁၇ ညွှန့်
အမွှေးတိုင် ၁၈ တိုင်
အလင်းတိုင် ၁၈ တိုင်
တို့ကို လူုဒါန်းပြီး မိမိအလိုရှိရာကို အလေးအနက် ဆုတောင်းခြင်းပြုလုပ်ပါ။
အောက်ဖော်ပြပါယတြာကိုတော့ တစ်လတစ်ကြိမ်ပြုလုပ်ပါက ပိုမို ကောင်းမွန်ပေလိမ့်မည်။
ဘုရား တစ်ဆူရဲ့မိမိမွေးနံထောင့်မှာ ကန်တော့ပွဲ နဲ့မေမြို့ပန်း (19) ပွင့် ဂန္ဓမာပန်း (15) ပွင့် ထီးနီအကြီး(7) လက် တို့ ကို လှူပြီး အလေးအနက် ဆုတောင်းပါ။
အညံ့များ ပြေပျောက်စေရန်တနင်္လာ ညနေမှာ ငှက်ပျောဖက်ခင်းပြီး (ငါးဟင်း နဲ့ထမင်း) ခွေးများကို ငါ့ဒဏ်နင်ခံဆိုပြီး ကျွေးပါ။
ပိုမိုအကျိုးထူး များရရှိစေရန် အတွက် မိမိမွေးနေတိုင်းမှာဘုရား တစ်ဆူ ရင်ဘက်တော်ကို ရွှေသင်္ကန်း နဲ့ ရေလှူ ပြီးဆုတောင်း ပါလေ။
ဆရာ လင်းမြတ်ဘုန်းအောင်
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...