ချစ်သူက ကိုယ့်အပေါ်ချစ်လာစေမည့်အချက်များ

ချစ်သူက ကိုယ့်အပေါ်ချစ်လာစေမည့်အချက်များ google.com

မိန်းကလေးအများစုကတော့ ကိုယ့်ချစ်သူ၏ အရမ်းချစ်ပြီး ကြင်နာယုယတဲ့

အချစ်ကိုခံရတာလောက် ကြည်နူးစရာကောင်းတာမရှိတော့ဘူးဟု မြင်တတ်ကြပါတယ်။

 

သို့ပေမယ့် အဲဒီလို အချစ်ခံရဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

တစ်ခါတစ်ရံ ချွဲခြင်း

 

ကိုယ့်ချစ်သူကို တစ်ခါတစ်ရံချွဲသင့်ပြီး အမြဲတမ်းချွဲနေဖို့တော့ မဟုတ်ပါဘူး။ အချိန်အားဖြင့်တော့ သင့်ချစ်သူ စိတ်ကြည်နေတဲ့အချိန်တွေမှာ ချွဲသင့်ပြီး အရမ်းကြီးတော့ အလွန်အကျွံမဖြစ်ပါစေနှင့်။

 

ချွဲတယ်ဆိုတာကတော့ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကို သူ့ကို လုပ်ခိုင်းတာတို့၊ ကလေးလို အပြုအမူလုပ်တာတို့၊ မျက်နှာပြောင်ပြတာတို့၊ သူ့ကို ပွတ်သီးပွတ်သပ် လုပ်တာမျိုးတွေတော့ လုပ်နိုင်ပါတယ်။

 

ယင်းအပြုအမူများက သင့်ကို ကလေးလေးတစ်ယောက်လို မြင်ပြီး စိတ်ကြည်နေတဲ့အချိန်လည်းဖြစ်တဲ့ အတွက်ကြောင့် အချစ်တွေ ပိုတိုးလာမှာ ဖြစ်ပါတယ်။

 

ကြင်နာမှုရှိခြင်း

 

ယောက်ျားလေးတွေက အသည်းမာတဲ့ အမျိုးဖြစ်ပေမယ့် တကယ်တမ်းတော့ သူတို့က အရမ်းကို စိတ်ပျော့တတ်ကြပါတယ်။

 

အချော့ကြိုက်ခြင်း၊ ကြင်နာမှုပြုတာကို ကြိုက်ခြင်းတို့ဟာ သူတို့အပြင် နှစ်ယောက်မရှိပါဘူး။

 

ထို့ကြောင့် သူတို့ကို ကြင်နာပြဖို့ မမေ့ဘဲ နေမကောင်းတဲ့အချိန် ဂရုစိုက်ခြင်း၊ အေးနေတဲ့အချိန် အနွေးထည်ဝတ်ပေးခြင်း၊ အစားသောက်ကောင်းလေးတွေ ချက်ကျွေးခြင်းမျိုးကို မကြာခဏ လုပ်ပေးရင်တော့ သူက သင့်ကို မျက်စိအောက်ကနေတောင် အပျောက်ခံနိုင်တော့မှာ မဟုတ်တော့ပါဘူး။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(2 votes)