၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မှ ဇန်နဝါရီ ၂ ရက်နေ့ အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မှ ဇန်နဝါရီ ၂ ရက်နေ့  အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

အလုပ်သစ်၊ လုပ်ငန်းသစ် အရောင်းအဝယ်သစ်အတွက် သတင်းကောင်းကြားရမည်။ ငွေကြေးကိစ္စအတွက် ကူညီမည့်သူပေါ်မည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။ လယ်ယာလုပ်ငန်းအတွက် စက်ပစ္စည်းဝင်မည်။

ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း ပေါ်မည်။ အိမ်နေရာလည်း အရွှေ့အပြောင်းပေါ်မည်။ နေအိမ်သို့ ပန်းသီးများရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးအတွက် သတင်းကောင်းများကြားရမည်။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာ ကျောင်းဝင်ခွင့်လျှောက်ထားပါက ကျောင်းဝင်ခွင့်ရမည်။

ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ သွေးအေးမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားကျောင်းဆောင်မှာ ဘူးသီးကြော် ၅ ခု ကပ်လှူပါ။

 

တနင်္လာနေ့ 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း (သို့မဟုတ်) ဆန်၊ စပါး၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ အခက်အခဲပေါ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ရွှေပျောက်၊ ရွှေထွက် ဖြစ်မည်။ အိမ်ခန်း၊ တိုက်ခန်း လျှောက်ထားပါက ရရှိသည့် သတင်းကြားရမည်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအား၊ တွန်းအား၊ တိုက်အားတွေကြောင့် စိတ်ညစ်ရမည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်။ နေအိမ်သို့ နာရီတစ်လုံးရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးကောင်းပါသည်။

စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ ကိတ်မုန့် ၂ ချပ် ကပ်လှူပါ။

 

 အင်္ဂါနေ့

လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းဝင်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ မော်တော်ကား ကိစ္စအတွက် ငွေထွက်မည်။ နိုင်ငံခြားမှ ငွေရောက်မည်။ သို့မဟုတ် ရပ်ဝေးမှ ငွေရောက်မည်။ အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ ကြွေးဟောင်းရမည်။

မိသားစုအတွင်းသို့ ဝမ်းသာစရာ သတင်းကောင်းရောက်လာမည်။ နေအိမ်သို့ ယတ်တောင်ရောက်လာပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။

ချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ရေးလည်း အဆင်ပြေပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ ရေသက်စေ့လှူပါ။

 

 

ဗုဒ္ဓဟူးနေ့

ဈေးရောင်းဈေးဝယ်ကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ နေအိမ်ရှိသော လမ်းထဲမှာ နာရေးပေါ်မည်။ မသွားရ။ နေအိမ်သို့ သေတ္တာတစ်လုံးရောက်လာပါက ကံညံ့မည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ စပ်တူရှယ်ယာလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိမည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။ ရွှေဝင်ကိန်းရှိသည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့်် သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း တစ်မျိုးမျိုး ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကန့်လန့်တိုက်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့ ှဗုဒ္ဓဟူးထောင့်မှာ လိမ္မော်သီး ၅ လုံး ကပ်လှူပါ။

 

 

ကြာသပတေးနေ့

ဝင်ငွေနည်းမည်။ ငွေအတွက်ပူပန်ရလိမ့်မည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုး သတင်းကြားရမည်။

ဆန်၊ စပါး ရောင်းဝယ်ရေးမှာ ကောင်းမွန်ပါသည်။ နိုင်ငံခြားမှ သတင်းကောင်းရောက်မည်။ မော်တော်ဆိုင်ကယ် အရောင်းအဝယ်ဖြစ်မည်။

မြေ၊ ခြံ၊ အိမ်ဝိုင်း အရောင်းအဝယ်ဖြစ်မည်။ မြွေတွေ့ခြင်း၊ မြွေအိမ်မက်မက်ခြင်း ဖြစ်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အခြေအနေမကောင်းပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါရမည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း စိတ်ညစ်ရမည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ သပြေပန်း ၂၅ ညွန့်ကပ်လှူပါ။

 

 

သောကြာနေ့

ဝင်ငွေကောင်းမည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ရောင်းကုန်ဝယ် ကောင်းမည်။ ကြွေးဟောင်း ပြန်ရမည်။ မြေအရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။

မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ဖိအားများမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာမှာ အခက်အခဲပေါ်မည်။

ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေးမှာ အားပြိုင်မှုများရှိမည်။ နွားနက်တစ်ကောင်ကို မြင်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်း ၅ ပွဲ ကပ်လှူပါ။

 

 

စနေနေ့

အစိုးရဝန်ထမ်းဖြစ်ပါက နေရာပြောင်းရမည်။ အိမ်နေရာအရွှေ့အပြောင်း ပေါ်မည်။ ဆွေမျိုးတစ်ဦးထံမှ အကူအညီရမည်။ ဘုရားဆင်းတုတော် (သို့မဟုတ်) ဘုရားကျောင်းဆောင်အသစ် နေအိမ်သို့ ရောက်ပါက ကံညံ့မည်။

စပ်တူရှယ်ယာလုပ်ငန်းပေါ်ပါက မလုပ်ရ။ ရွှေလုပ်ငန်း၊ ရွှေအရောင်းအဝယ် လုပ်ငန်းမှာ အရှုံးပေါ်မည်။ နေအိမ်သို့ သင်္ဘောသီးရောက်ပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကတိမတည်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ကျန်းမာရေးကြောင့် စိတ်ညစ်ရမည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့တွင် နေအိမ်ဘုရားစင်မှာ ပေါင်မုန့်ထောပတ်သုတ် ၂ ချပ်ကပ်လှူပါ။

 

Mintheinkha

Post By Myanmar Wedding Guide

Read times Last modified on Monday, 28 December 2020 17:57
Rate this item
(0 votes)