အိမ်ထောင်မြဲစေဖို့အတွက်အချက်များ

အိမ်ထောင်မြဲစေဖို့အတွက်အချက်များ google.com

နှစ်ဦးသဘောတူလက်ထပ်ခြင်းဆိုတာ ကွာရှင်းမှုနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်ထားကြမှာ မဟုတ်ပါဘူး။

သို့ပေမယ့် တစ်ချို့သော အိမ်ထောင်သည်တွေဟာ သူတို့ မျှော်လင့်မထားတဲ့ ကွာရှင်းပြတ်ဆဲခြင်းများနဲ့ အဆုံးသတ်နေရပါတယ်။

မိမိတို့၏ အိမ်ထောင်ရေးမြဲစေဖို့အတွက် အောက်ပါအချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆွေးနွေးတိုင်ပင်ခြင်း

နှစ်ဦးသဘောတူ လက်ထပ်ထားပေမယ့်လည်း ကွာရှင်းလုဆဲဆဲ စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာကြောမတည့်ကြပါဘူး။

တစ်ယောက်နဲ့တစ်ယောက် စကားလည်း မပြောချင်ကြတော့ဘူး။ သူလည်း သူကြိုက်တာ သူလုပ်၊ ငါလည်း ငါ့သဘောနဲ့နေတော့မယ်ဆိုတဲ့ သဘောနဲ့ ဥပေက္ခာပြုထားကြပါတယ်။

အိမ်ထောင်ရေးတည်မြဲမယ့် စုံတွဲကတော့ ဘာဖြစ်ဖြစ်၊ ဘာလုပ်လုပ် တစ်ဦးကိုတစ်ဦး အသိပေးတိုင်ပင်တယ်၊ တစ်ဦး စိတ်မချမ်းသာနိုင်စရာဆိုရင် တစ်ဦးက မလုပ်ကြပါဘူး။

 

စာနာထောက်ထားမှုရှိခြင်း

နှစ်ဦးသဘောတူ ကွာရှင်းမယ့်စုံတွဲတွေဟာ အစကနဦးတုန်းက ဘယ်လောက်ပဲ ချစ်ကြပါစေ၊ ရေရှည်မှာဆို တစ်ယောက်ရဲ့ ငယ်ကျိုးငယ်နာတွေကိုပဲ ထိုင်ပြီး အပြစ်လုပ်ကြပါတယ်။ ဒီလိုမဟုတ်ရင်လည်း တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်စော်ကားကြပါတယ်။

အရမ်းချစ်တဲ့ အိမ်ထောင်ဘက်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ တစ်ဦးမှာ ရှိနေတဲ့အပြစ်ကို ကြံဖန်ခွင့်လွှတ်ဖို့ အမြဲ ဦးစားပေးတတ်ကြပါတယ်။

 

တန်းတူအခွင့်အရေးရှိခြင်း

လူတစ်ယောက်ဟာ ကိုယ့်စိတ်ရင်းနဲ့ ဘ၀ကို ရပ်တည်ဖို့ လိုအပ်ပါတယ်။ တချို့ကကျတော့ ဒီလိုမဟုတ်ဘဲ နင်မချစ်ရင်နေ ငါချစ်နေရရင် ပြီးရောဆိုပြီး သဘောထားချင်း မတိုက်ဆိုင်ဘဲနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်တတ်ကြပါတယ်။

ဒီမှာပဲ ကိုယ်ဖြစ်တည်နေမှုက အဓိပ္ပါယ်မရှိတော့သလို ဖြစ်သွားတတ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အချစ်ညီကြတဲ့ စုံတွဲတွေကတော့ ဒီလိုမဟုတ်ပဲ မျှတတဲ့အခွင့်အရေးနဲ့ ဘ၀ကို ပြိုင်တူလျှောက်လှမ်းကြတာများပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(3 votes)