ကိုယ်ချစ်တဲ့သူက လက်ထပ်ဖို့ သင့်တော်သလား၊ မသင့်တော်ဘူးလား

ကိုယ်ချစ်တဲ့သူက လက်ထပ်ဖို့ သင့်တော်သလား၊ မသင့်တော်ဘူးလား google

ကိုယ်ချစ်တဲ့သူက ဘယ်လိုယောင်္ကျားအမျိုးအစားလဲဆိုတာ တွဲလာတဲ့ သက်တမ်းကို ကြည့်ပြီး ချစ်တို့အားလုံးသိလောက်ပြီပေါ့နော်။

 

သူတို့ဟာ လက်ထပ်ဖို့ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာ ခွဲခြားနိုင်ဖို့

 

ဒီနေ့မှာ Myanmar Wedding Guide ကနေအကြံပြုချက်လေးတွေဝေမျှပေးချင်ပါတယ်နော်။

 

၁။လုပ်သမျှအလုပ်၊ လက်ရှိအလုပ်အားလုံးကို သဘောမကျဖြစ်ကာ စိတ်ပျက်နေတတ်တဲ့ ယောင်္ကျားမျိုး။

 

တစ်ရက်တစ်ရက် အလုပ်ကြောင့် စိတ်ပျက်လက်မှိုင်ချနေတတ်ပြီး အလုပ်ကိုလည်း မရှိလို့သာ လုပ်နေရတာ၊ သေမလောက် မုန်းနေတယ်ဆိုရင်တော့

 

ဒီလိုယောင်္ကျားမျိုးကို ကိုယ့်အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ သေချာစဉ်းစားပါ။

 

ဒီလို ယောင်္ကျားမျိုးဟာ ဒီ့ထက်ကောင်းတဲ့အလုပ်မျိုးကိုလည်း မရှာချင်ဘူး။

 

အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်ချင်တဲ့သူမျိုး ဖြစ်တတ်ပါတယ်။

 

ဒါဟာ ကြာရှည် သင့်အချစ်ရေးကိုပါ ထိခိုက်စေလာနိုင်တာဖို့ သင်ပါ စိတ်ဆင်းရဲ ရမှာ အသေအချာပါပဲ။

 

၂။အလုပ်မှအလုပ် ဖြစ်နေတဲ့ ယောင်္ကျားမျိုး။

 

ပထမအချက်နဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမှာပေါ့။ သူဟာ အလုပ်ကြိုးစားတယ်ဆိုတာမျိုးထက်ကို

 

ပိုပြီး အလုပ်ကို နေ့မအား၊ ညမအားလုပ်တတ်တဲ့သူ ဖြစ်နေမယ်။ ကိုယ်လိုချင်တာတွေကို သူဝယ်ပေးလို့ ကိုယ်ပိုင်ဆိုင်နိုင်မယ်ဆိုပေမယ့်

 

ကိုယ့်အတွက် သီးသန့် အချိန်မပေးနိုင်တဲ့ ယောင်္ကျားမျိုးကလည်း အိမ်ထောင်ရေး သာယာစေဖို့ စွမ်းဆောင်နိုင်မယ်လို့ မမျှော်လင့်ပါနဲ့။

 

၃။အမေကို တုန်နေအောင် ကြောက်ရတဲ့ယောင်္ကျားမျိုး။

 

တစ်ချို့ယောင်္ကျားတွေဟာ အမေချစ်တဲ့ သားမျိုးတွေ ဖြစ်နေတတ်ပါတယ်။ အမေမှအမေ၊ အမေဘာပြောပြော အမေ့စကားနားထောင်မယ်။

 

ပြီးမှ ချစ်သူဖြစ်မယ် ဆိုတဲ့ ယောင်္ကျားမျိုးပေါ့။ အမေက သွားဆိုသွား၊ လာဆိုလာ၊

 

အသက်ရတဲ့အထိ အမေရဲ့ထိန်းကွပ်မှုအောက်မှာ ပိပြားလွန်းနေတဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ဒါရှောင်သင့်တာပဲ။

 

စဉ်းစားကြည့်လေ။ ချစ်သူများနေ့မှာတောင် ကိုယ့်အတွက်ရော၊ အမေ့အတွက်ပါ ရေမွှေးအမျိုးအစားတစ်ခုတည်းကို

 

တစ်ယောက်တစ်ပုလင်း လက်ဆောင်ဝယ်ပေးတတ်တဲ့ ယောင်္ကျား အိမ်ထောင်များကျရင် ဘယ်လိုဖြစ်မလဲလို့။

 

၄။သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ဘယ်တော့မှ မဆုံပေးချင်တဲ့ ယောင်္ကျားမျိုး။

 

လူတစ်ယောက်ကို လေ့လာတော့မယ်ဆိုရင် သူ့ရဲ့အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆက်ပုံကိုကြည့်ရင်

 

ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိပါတယ်။ သူကတော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့မပြောနဲ့

 

ကိုယ့်ဘက်က တွေ့ဖို့ပြောရင်တော့ ထားလိုက်ပါကွာ ဆိုပြီး ငြင်းဆန်တတ်သူဆိုရင်တော့ ဒါဟာ တစ်ခုခုမှားနေပြီမို့ ယူဖို့အထိ မတွေးဖို့လိုပါပြီ။

 

၅။ကိုယ်သူ့ကို ရွေးချယ်ခဲ့တာဆိုတာကို မယုံကြည်နိုင်တဲ့ ယောင်္ကျားမျိုး။

 

ဒါကို မြင်လိုက်ရင် ဟယ် ဒီလိုယောင်္ကျားမျိုးက ဘာများ မရွေးချယ်စရာရှိလို့လဲ။ ကိုယ့်ကိုတော်တော်ချစ်လို့ ဒီလိုတွေးတာပေါ့လို့ ထင်နိုင်ပါတယ်။

 

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူမှသာ ဒီလိုစကားမျိုး ထပ်ခါထပ်ခါ ပြောတတ်တာပါ။

 

ကိုယ်ယူမယ့် ယောကျ်ားဟာ ယုံကြည်မှုလွန်ကဲနေတာမျိုး မဖြစ်သင့်သလို ကိုယ်ကိုယ့်ကိုယ် လုံးဝယုံကြည်မှုမရှိတာမျိုးလည်း မဖြစ်သင့်ပါဘူး။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ကိုယ္ခ်စ္တဲ့သူက ဘယ္လိုေယာက်ၤားအမ်ိဳးအစားလဲဆိုတာ တြဲလာတဲ့ သက္တမ္းကို ၾကည့္ၿပီး ခ်စ္တို႔အားလံုးသိေလာက္ၿပီေပါ့ေနာ္။

သူတုိ႔ဟာ လက္ထပ္ဖုိ႔ သင့္ေတာ္သလား၊ မသင့္ေတာ္ဘူးလားဆိုတာ ခြဲျခားႏိုင္ဖုိ႔

ဒီေန႔မွာ Myanmar Wedding Guide ကေနအၾကံျပဳခ်က္ေလးေတြေဝမွ်ေပးခ်င္ပါတယ္ေနာ္။

၁။လုပ္သမွ်အလုပ္၊ လက္ရွိအလုပ္အားလံုးကို သေဘာမက်ျဖစ္ကာ စိတ္ပ်က္ေနတတ္တဲ့ ေယာက်ၤားမ်ိဳး။

တစ္ရက္တစ္ရက္ အလုပ္ေၾကာင့္ စိတ္ပ်က္လက္မႈိင္ခ်ေနတတ္ၿပီး အလုပ္ကိုလည္း မရွိလုိ႔သာ လုပ္ေနရတာ၊ ေသမေလာက္ မုန္းေနတယ္ဆုိရင္ေတာ့

ဒီလိုေယာက်ၤားမ်ိဳးကို ကိုယ့္အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ဖုိ႔ ေသခ်ာစဥ္းစားပါ။

ဒီလို ေယာက်ၤားမ်ိဳးဟာ ဒီ့ထက္ေကာင္းတဲ့အလုပ္မ်ိဳးကိုလည္း မရွာခ်င္ဘူး။

အလုပ္ကိုလည္း လက္ေၾကာတင္းေအာင္ မလုပ္ခ်င္တဲ့သူမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါဟာ ၾကာရွည္ သင့္အခ်စ္ေရးကိုပါ ထိခိုက္ေစလာႏိုင္တာဖုိ႔ သင္ပါ စိတ္ဆင္းရဲ ရမွာ အေသအခ်ာပါပဲ။

think3


၂။အလုပ္မွအလုပ္ ျဖစ္ေနတဲ့ ေယာက်ၤားမ်ိဳး။


ပထမအခ်က္နဲ႔ ဆန္႔က်င္ဘက္လုိ႔ ဆုိရမွာေပါ့။ သူဟာ အလုပ္ႀကိဳးစားတယ္ဆိုတာမ်ိဳးထက္ကို

ပိုၿပီး အလုပ္ကို ေန႔မအား၊ ညမအားလုပ္တတ္တဲ့သူ ျဖစ္ေနမယ္။ ကိုယ္လုိခ်င္တာေတြကို သူ၀ယ္ေပးလုိ႔ ကိုယ္ပိုင္ဆုိင္ႏိုင္မယ္ဆိုေပမယ့္

ကိုယ့္အတြက္ သီးသန္႔ အခ်ိန္မေပးႏို္င္တဲ့ ေယာက်ၤားမ်ိဳးကလည္း အိမ္ေထာင္ေရး သာယာေစဖုိ႔ စြမ္းေဆာင္ႏိုင္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။

၃။အေမကို တုန္ေနေအာင္ ေၾကာက္ရတဲ့ေယာက်ၤားမ်ိဳး။

တစ္ခ်ိဳ႕ေယာက်ၤားေတြဟာ အေမခ်စ္တဲ့ သားမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ အေမမွအေမ၊ အေမဘာေျပာေျပာ အေမ့စကားနားေထာင္မယ္။

ၿပီးမွ ခ်စ္သူျဖစ္မယ္ ဆုိတဲ့ ေယာက်ၤားမ်ိဳးေပါ့။ အေမက သြားဆိုသြား၊ လာဆုိလာ၊

အသက္ရတဲ့အထိ အေမရဲ႕ထိန္းကြပ္မႈေအာက္မွာ ပိျပားလြန္းေနတဲ့ ေယာက်ၤားမ်ိဳးဆိုရင္လည္း ဒါေရွာင္သင့္တာပဲ။

စဥ္းစားၾကည့္ေလ။ ခ်စ္သူမ်ားေန႔မွာေတာင္ ကုိယ့္အတြက္ေရာ၊ အေမ့အတြက္ပါ ေရေမႊးအမ်ိဳးအစားတစ္ခုတည္းကို

တစ္ေယာက္တစ္ပုလင္း လက္ေဆာင္၀ယ္ေပးတတ္တဲ့ ေယာက်ၤား အိမ္ေထာင္မ်ားက်ရင္ ဘယ္လိုျဖစ္မလဲလုိ႔။

think6

၄။သူ႕သူငယ္ခ်င္းေတြနဲ႔ ကိုယ့္ကို ဘယ္ေတာ့မွ မဆံုေပးခ်င္တဲ့ ေယာက်ၤားမ်ိဳး။

လူတစ္ေယာက္ကို ေလ့လာေတာ့မယ္ဆုိရင္ သူ႕ရဲ႕အေပါင္းအသင္း၊ သူငယ္ခ်င္းေတြနဲ႔ ေျပာဆုိဆက္ဆက္ပံုကိုၾကည့္ရင္ 

ဒီလူဟာ ဘယ္လိုလူမ်ိဳးလဲဆိုတာ သိပါတယ္။ သူကေတာ့ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးဖုိ႔မေျပာနဲ႔

ကိုယ့္ဘက္က ေတြ႕ဖုိ႔ေျပာရင္ေတာ့ ထားလိုက္ပါကြာ ဆိုၿပီး ျငင္းဆန္တတ္သူဆုိ၇င္ေတာ့ ဒါဟာ တစ္ခုခုမွားေနၿပီမို႔ ယူဖုိ႔အထိ မေတြးဖုိ႔လိုပါၿပီ။

၅။ကုိယ္သူ႕ကို ေရြးခ်ယ္ခဲ့တာဆုိတာကို မယံုၾကည္ႏိုင္တဲ့ ေယာက်ၤားမ်ိဳး။

ဒါကို ျမင္လိုက္ရင္ ဟယ္ ဒီလိုေယာက်ၤားမ်ိဳးက ဘာမ်ား မေရြးခ်ယ္စရာရွိလို႔လဲ။ ကိုယ့္ကိုေတာ္ေတာ္ခ်စ္လုိ႔ ဒီလိုေတြးတာေပါ့လို႔ ထင္ႏိုင္ပါတယ္။

တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိတဲ့သူမွသာ ဒီလိုစကားမ်ိဳး ထပ္ခါထပ္ခါ ေျပာတတ္တာပါ။

ကိုယ္ယူမယ့္ ေယာက်္ားဟာ ယံုၾကည္မႈလြန္ကဲေနတာမ်ိဳး မျဖစ္သင့္သလို ကိုယ္ကိုယ့္ကိုယ္ လံုး၀ယံုၾကည္မႈမရွိတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 03 March 2020 17:00
Rate this item
(0 votes)
Tagged under