ဘဝရဲ့ လက်တွဲဖော်ဆိုတာ…

ဘဝရဲ့ လက်တွဲဖော်ဆိုတာ…

ဘ၀ လက်တွဲဖော်အတွက် အရေးပါတဲ့ အချက် ၁၀ ချက် ဖော်ပြပေးထားပါတယ်။

သင့် ဘ၀လက်တွဲဖော်မှာ အချက် ဘယ်နှစ်ချက် ပြည့်စုံသလဲ။


သင်ကိုယ်တိုင်ကရော ဘယ်နှချက် ပြည့်စုံသလဲ ဆန်းစစ်ကြည့်နိုင်အောင် တင်ပြပေးလိုက်တာပါ

1. သင့်ရဲ့ ကောင်းခြင်း ဆိုးခြင်း အားလုံးကိုလက်ခံပြီး ချစ်နိုင်သူပါ..
2. အဆိုးဆုံး အခြေအနေမှာတောင် သင့်ကိုထားမသွားမယ့် သူပါ..
3. ချစ်ခြင်း မြတ်နိုးခြင်း တန်ဖိုးထားခြင်းများနှင့် တာဝန်ယူစိတ်အပြည့်ရှိပြီး အဖေလိုအကိုလို သင့်ကိုစောက်ရှောက်နိုင်သူပါ...
4. နှစ်ဦးရှေ့ရေးအတွက် တိုင်ပင်စဉ်းစား ကြိုးစားတက်သူပါ..
5. အမှားကိုပြင်၍ အမှန်ကို ဆုံးမသွန်သင်နိုင်သူပါ..
6. ရွှေငွေစည်းစိမ်တွေထက် ချစ်ခြင်းမေတ္တာနဲ့ပဲ သင့်ကို နွေးထွေးစေမယ့်သူပါ..
7. မိဘပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအချစ်နိုင်ဆုံး သူစိမ်းပါ..
8. သူ့ဖက် ကိုယ့်ဖက်မျှမျှတတတွေးပီး ကိုယ်ချင်းစာစိတ်နဲ့ သည်းခံနိုင်သူပါ..
9. သင့်အကျိုးကို လိုလားသူ..သူ့အကျိူးအတွက်လည်း အမြဲကြိုးစားနေသူပါ...
10. သင်ပျော်ရွှင်နေတာကို မြင်ချင်ပြီး သင်မျက်ရည်ကျရင် သုတ်ပေးမယ့်သူထက် သင့်ကို မျက်ရည်မကျအောင်ထားမယ့်သူပါ...

 

Read times
Rate this item
(0 votes)