ကြင်စဦးဇနီးမောင်နှံ လိုက်နာဖွယ်ရာများ

ကြင်စဦးဇနီးမောင်နှံ လိုက်နာဖွယ်ရာများ google.com

အိမ်ထောင်ကျကြပြီး ကြင်စဦးကာလမှာပင် အမှတ်မထင် လက်လွတ်စပယ်

ပြောဆို ပြုမူ ဆက်ဆံခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ အိမ်ထောင်သက် တစ်လျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာနိုင်တာကြောင့် အောက်ပါလိုက်နာဖွယ်ရာများကို ဖော်ပြပေးလိုက်ပါတယ်။

 

လူတိုင်း လူတိုင်းက ချီးမွှမ်းခံရတာကို နှစ်ခြိုက်သူများဖြစ်ကြပါတယ်။ သူ့အိမ်ထောင်ဖက်က အောင်မြင်မှု ပြုလုပ်နိုင်ခဲ့တဲ့အတွက် ချီးမွမ်းစကားလေးတော့ ပြောပေးသင့်ပါတယ်။



သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေး အသက် ကြီးကြီး ငယ်ငယ် ဆရာကြီး၊ ဆရာမကြီးလေသံ မျိုးနဲ့  ဘယ်တော့မှ မပြောမိအောင် ဂရုစိုက်သင့်ပါတယ်။

 

တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်သူဖြစ်ပေမယ့်လည်း အမြင်မတူလို့ 
ခွန်းကြီးခွန်းငယ် စကားများကြပြီဆိုလျှင် စကားကိုအကုန်မပြောမိအောင် ဂရုစိုက်သင့်ပါတယ်။

 

နောက်ပြီး တစ်ယောက်ထဲကိုချည်းအပြစ် ပြောဆိုခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

 

တစ်ဦးကိုတစ်ဦး နားလည်အောင်ကြိုးစားနေဆဲဖြစ်တဲ့ ကြင်စဦးကာလအတွင်းမှာ အပေးအယူမမျှခင် ဘယ်လိုအကြောင်းအရာတွေ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုစကားတွေပဲပြောပြော ဒေါသကင်းပြီး မာန်မာနတွေကင်းတဲ့ ချစ်စဖွယ်အမူအယာ အပြောအဆိုကိုသာ ပြောဆို သုံးနှုန်း မယ်ဆိုရင် သာယာတဲ့ အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:39
Rate this item
(1 Vote)