Messi တစ်ယောက်ဇနီးချောလေးဆီက ဘယ်လိုစိတ်ဓာတ်ခွန်အားတွေရယူပြီး ရုန်းကန်သွားမလဲ

Messi တစ်ယောက်ဇနီးချောလေးဆီက ဘယ်လိုစိတ်ဓာတ်ခွန်အားတွေရယူပြီး ရုန်းကန်သွားမလဲ google.com

ယခုကျင်းပနေတဲ့ Fifa World Cup တွင် အသင်းအောင်မြင်မူရရှိရန်ရုန်းကန်နေရတဲ့ အာဂျင်တီးနားကစားသမား Lionel Messi က တော့ဘောလုံးလောကမှာမသိသူမရှိသလောက်အောင်မြင်မူရရှိနေတဲ့ကစားသမားတစ်ဦးဖြစ်သလို အချစ်ရေးမှာလဲ သစ္စာရှိသူတစ်ဦးလို့ပြောလို့ရပါတယ်။

သူဟာ ၂၀၁၇ ဇွန်လမှာ Antonella Roccuzzo နဲ့ လက်ထပ်ခဲ့ပါတယ်။ Messi ဟာသူမကို အသက်၅နှစ်အရွယ်ထဲက သူ့သူငယ်ချင်းရဲ့ အစ်မတစ်ယောက်အဖြစ်စတင်သိရှိခဲ့ပြီး ၂၀၀၈ခုနှစ်မှာချစ်သူတွေဖြစ်ခဲ့ပါတယ်။သို့သော်လည်း ၂၀၀၉ ခုနှစ် ဇန်နဝါရီလရောက်မှ Barcelona-Espanyol derby ပွဲအပြီး အင်တာဗျူးတစ်ခုမှာသူ့အချစ်ရေးကိုထုတ်ဖော်ပြောကြားခဲ့တာပါ။

 

ငယ်စဉ်ထဲကချစ်ကြိုက်ခဲ့တဲ့သူနဲ့ချစ်သူတွေဖြစ်ခဲ့ပြီးယခုအချိန်ထိ သစ္စာရှိရှိလက်တွဲမဖြုတ်ပဲအိမ်ထောင်တစ်ခုကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်လို့ သူ့ရဲ့ဘောလုံးသမားဘဝဟာ လေးစားအားကျစရာကောင်းသလို အချစ်ရေးနှင့်အိမ်ထောင်ရေးဟာလဲအားကျအတုယူစရာကောင်းလှပါတယ်။ယခုအခါမှာတော့ Mateo,Matias နှင့် Rodrigo လို့ခေါ်တဲ့ရင်သွေးလေး ၃ ယောက်ရရှိနေပါပြီ။

 

ဘယ်တော့မှစိတ်ဓာတ်မကျပဲယခုလိုအောင်မြင်တဲ့ကစားသမားတစ်ယောက်အနေဖြင့်ရပ်တည်နေခြင်းဟာ သူရဲ့ဇနီး Roccuzzo ရဲ့စိတ်ဓာတ်ခွန်အားနဲ့အားပေးထောက်ပံ့ပေးမှုဟာအဓိကကျမှာပါ။ယခုကျင်းပနေတဲ့ FIFA World Cup ပထမပွဲစဉ်မှာအသင်းအတွက်အနိုင်ဂိုးပင်နယ်တီကိုလွဲချော်ခဲ့တဲ့ Messi တစ်ယောက် သူ့ဇနီးချောလေး Roccuzzo ဆီကဘယ်လိုစိတ်ဓာတ်ခွန်အားတွေရယူပြီးကျန်ရှိနေတဲ့ပွဲစဉ်တွေကို ဘယ်လိုကစားသွားမယ်ဆိုတာစိတ်ဝင်စားစရာကောင်းလှသလိုသူ့ရဲ့အနာဂတ်ကိုမိသားစုနှင့်အတူဘယ်လိုဖြတ်သန်းသွားမယ်ဆိုတာစိတ်ဝင်စရာကောင်းလှပါတယ်။

 

Messiii

 

Myanmar Wedding Guide

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(1 Vote)