အချစ် နဲ့ လက်ထပ်ခြင်း

အချစ် နဲ့ လက်ထပ်ခြင်း google.com

တစ်နေ့မှာ စာသင်ခန်း ထဲမှာ … ကျောင်းသား တစ်ယောက်က ဆရာ ကို “အချစ် ဆိုတာ … ဘာလဲ” လို့ မေးပါတယ် …. 

 

မင်းရဲ့မေးခွန်းကို မဖြေခင် … “ဂျုံခင်း ထဲကို သွားပြီးတော့ အကောင်းဆုံးဆိုတဲ့ ဂျုံ ကို ရွေးပြီး ပြန်လာခဲ့လို့” ပါ လို့ ဆရာက ပြောပါတယ် … ။“ဒါပေမယ့် တစ်ခုတော့ ရှိတယ် … မင်း ဂျုံခင်း ထဲကို ဖြတ်သွားတဲ့အခါ နောက်ပြန်မလှည့်ရ” ဆိုတဲ့

 

စည်းကမ်းလေးပါသတ်မှတ်ပေးလိုက်ပါတယ် …


ကျောင်းသားက ဂျုံခင်း ထဲကို ဖြတ်သွားပါတယ် … ပထမတစ်တန်းမှာပဲ ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံကို တွေ့ပါတယ် … ၊ ဒါပေမယ့် သူ့ထက်ကြီးတဲ့ ဂျုံနှံ ရှိလိမ့်ဦးမယ်လို့ ထင်ပါတယ် …။

 

နောက်ထပ် ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံတွေ့ပါတယ် … ဒါပေမယ့်လည်း နောက်ထပ် ကြီးပေ့လှပေ့ ဆိုတဲ့ ဂျုံနှံက သူ့အတွက် အဆင်သင့် ရှိနေဦးမယ်ပဲ ထင်နေပါတယ် …

 

သူက ဂျုံခင်း တစ်ဝက် လောက်လည်း ရောက်ရော … ခုတွေ့တဲ့ ဂျုံနှံ တွေက အစောပိုင်းက တွေ့ခဲ့တဲ့ ဂျုံနှံတွေလောက် မကြီးတော့ဘူး ဆိုတာ တွေ့လိုက်ရတယ် … ။ ကြီးပေ့ … လှပေ့ဆိုတဲ့ ဂျုံနှံ ကို တော့ မရတော့ဘူး ဆိုတာ သိသွားတယ်

 

အဲဒီအတွက်လည်း သူက နောင်တ ရမိတယ် ….။

 

ဒါကြောင့် ဂျုံခင်း လည်းဆုံးရော … ဘာမှ မရဘဲ လက်ဗလာ နဲ့ ဆရာ့ ဆီကို ပြန်လာခဲ့ပါတယ် …။

 

“အဲဒါ … အချစ်ပဲ … မင်းက ပိုကောင်းမယ် ထင်တာတွေပဲ လိုက်ရှာနေတယ် …

 

ဒါပေမယ့် နောက်ကျမှ မင်း သဘောပေါက် လာတာက မင်းတကယ်လိုချင်တာကို လက်လွတ်ခဲ့ပြီ” လို့ ဆရာက ပြောပါတယ် …။

 

“ဒါဆိုရင် လက်ထပ်ခြင်းကရော ကရော … ဆရာ” လို့ ကျောင်းသားက မေးပြန်ပါတယ် …

 

ဆရာက ….. “ဒီတစ်ခါတော့ မင်း ပြောင်းဖူးခင်း ထဲကို သွားပြီး စိတ်ကြိုက် ကြီးပေ့ဆိုတဲ့ ပြောင်းဖူး တစ်ဖူး ကို ယူပြီး ပြန်လာခဲ့လို့ … ” ပြောပါတယ် …။

 

ဒီတစ်ခါလည်း ပထမ တစ်ခေါက်တုန်းကလိုပဲ … ပြောင်းဖူးခင်း ကို တစ်ခါပဲ ဖြစ်လျှောက်ရယ် နောက်ပြန်မလှည့်ရ လို့ စည်းကမ်းသတ်မှတ် လိုက်ပါတယ် … ။

 

ကျောင်းသား က ပြောင်းဖူးခင်း ထဲကို သွားပါတယ် … ဒီတစ်ခါတော့ ပထမတစ်ခေါက် ကလို အမှား မျိုး မဖြစ်ရအောင် သေသေချာချာ ဂရုစိုက်ပါတယ် … ။

 

ပြောင်းဖူးခင်း အလယ်လောက်လည်း ရောက်ရော … သူ့စိတ်ကြိုက် ပြောင်းဖူး တစ်ဖူးကို ခူးပြီး ဆရာ့ဆီကို ပြန်လာခဲ့ပါတယ် … ။

 

“ဒီတစ်ခါတော့ မင်းက လက်ဗလာ မဟုတ်တော့ဘဲ ပြောင်းဖူး နဲ့ အတူ ပြန်လာနိုင်ခဲ့ပြီ … မင်းလိုက်ရှာရင်းနဲ့ မင်းရဲ့စိတ်မှာ အကောင်းဆုံးလို့ ထင်တဲ့ … စိတ်ချယုံကြည်တာကို မင်းရွေးချယ် ခဲ့တာပဲ .. အဲဒါ လက်ထပ်ခြင်း ပဲ” လို့ ဆရာက ပြောပါတယ် …. ။

 

Credit : Original upload

 

Readmore;အရပ်မြင့်မြင့်ကောင်လေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်း..

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(2 votes)