ဗုဒ္ဓဟူးသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း
ဗုဒ္ဓဟူးသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း (မြန်မာသက္ကရာဇ် (၁၃၈၂) ခုနှစ်) (၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
မိတ်ဆွေ ဒီနှစ်ထဲ မှာ သိကြားမင်း မကိန်း လို့တောင်ဆိုရမှာပဲ မိမိဘာလုပ်ချင်တာလဲ ဘာတွေဖြစ်ချင်တာလဲ
ဖြစ်စေ၊ရစေ လို့ဆိုရမှာပါပဲ။အလုပ်အကိုင်များတိုးချဲ့ရမည်။လက်ရှိလုပ်ကိုင်နေတဲ့အအလုပ်အကိုင်တွေထက် တိုးတတ်မြင့်မားသွားလိမ့်မည်။ငွေတွေကလည်းအရမ်းဝင်မယ်။
မိမိကိုယ်တိုင်တောင်မယုံနိုင်လောက်အောင် ဖြစ်နေလိမ့်မယ်။လယ်ယာမြေတွေဝင်လာမယ် စိုက်ပျိုးရေး မွေးမြူရေးလုပ်ကိုင် နေသူများအကျိုးများစွာရပါမယ်။
စီးပွားရေးအထူးပွင့်လန်းလာပါလိမ်မည်။မိမိကြိုးစားလာခဲ့တာဒီနှစ်မှအကျိုးကျေးဇူးပိုခံစားရလိမ့်မည်။
မိမိတို့ မိသားစု မှာလည်း အလှူအတန်းပြုလုပ်ရမည်။စိန် ရွှေငွေရတနာအမျိုးမျိုးလည်း ဝင်လာလိမ့်မည်။
လေလမ်းခရီး ရေလမ်းခရီးများဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေသူများကတော့ ထူးထူးခြားခြားအကျိုးပေးလိမ့်မည်။မိတ်ဆွေ ဒီနှစ်ထဲ အလိမ်အညာ တွေကိုတော့ သတိထားပါ။
မိမိယုံကြည်မူတွေကိုလည်း အလွဲသုံးစား လုပ်ဆောင် သွားတတ်ပါတယ်။
စပ်တူ ရှယ်ယာလုပ်ငန်းများလည်း အကျိုးအောင်ပါမယ်။မိတ်ကောင်းဆွေကောင်း ဆရာသမား များအကူအညီများလည်းရပါမယ်။ဝန်ထမ်း များအလုပ်နေရာထိုင်ခင်းများပြောင်းရွှေ့ရတတ်ပါ
တယ်။ကောင်းသောပြောင်းခြင်းတွေဖြစ်ပါတယ်။ဘာမှစိုးရိမ်မနေနဲ့ ပျော်ပျော်ကြီး ပြောင်းလိုက်ပါ ။ဘာကိုမှတွေးပူမနေပါနဲ့။အနုပညာ ရှင်များကတော့ ကံကောင်း သောနှစ်ဖြစ်လာပါပြီ။
ပြည်ပ ခရီး စဉ်များပါ သွာလာရပါမည်။အလုပ်တွေအရမ်းများ ပွဲဆက်များလို့ လူပင်ပန်းမှုတွေလည်း များနေပါလိမ့်မယ်။နာမည်ဂုဏ်သတင်း လည်းကျော်ကြားလာမယ်။
အကူညီကောင်း အဆက်အသွယ် ကောင်းတွေလည်းရလာပါမယ်။သရုပ်ဆောင် အဆိုတော် များ မအားလပ်လောက်အောင် ပွဲဆက်များနေလိမ့်မယ်။
ငယ်ရွယ်သူများ အရမ်းစန်းပွင့်သောနှစ်ဖြစ်ပါတယ်။အချစ်ရေးနဲ့ ဗျာများနေတတ်ပါတယ်။ချစ်သူတွေအတွက်အချိန်မလောက်ဖြစ်နေတတ်ပါတယ်။
စေ့စပ်ပွဲ မင်္ဂလာပွဲလက်ထပ်ထိမ်းမြားမင်္ဂလာပြုရပါမယ်။အိမ်ထောင်ကျမည့်နှစ်ဖြစ်ပါတယ်။အိမ်ထောင်ရှင်များ သတိထားပါ။
စန်းပွင့်လို့ချစ်ခင်သူအသစ်များတွေ့ရတတ်ပါတယ် ဒီအတွက်နဲ့မိသားစုများစိတ်ဆင်းရဲစရာများကြုံတွေ့ရတတ်ပါတယ်။
အသက်ကြီးမှလန်းဆန်းတဲ့အချစ်နဲ့တွေ့ပြီး အိမ်ထောင် ရေးထိခိုက်တတ်ပါတယ်။
အိမ်ထောင်ဘက် အထင်အမြင် လွဲမှားခြင်း စွပ်စွဲပြောဆိုတိုက်ခိုက်ခြင်းများပါ ဖြစ်တတ်ပါတယ် (ကိုယ်ကျင့်သီလ) လုံအောင်နေပါ။
ဖောက်ပြန်မိရင်တော့ စီးပွားပျက်ခြင်း၊အိမ်ထောင်ပျက်ခြင်း အမှုအခင်း တရားတဘောင်တောင်ဖြစ်တတ်ပါတယ် (အသိသတိ) နဲ့နေထိုင်သွားလာ ပြောဆိုဆက်ဆံပါ
(နောက်အိမ်ထောင်ပြုသွားတတ်)တာ ဒီလိုနှစ်ထဲဖြစ်တတ်လို့ပါ။
နိုင်ငံရပ်ခြား နှင့် ပတ်သတ်ပြီး ခရီး သွားလာရမည်။အလုပ်ကိုအကြောင်းပြုပြီးသွားလာရခြင်းနိုင်ငံရပ်ခြား ပတ်သက်ပြီး လုပ်ငန်းရှင်များ အထူးအကျိုးပေးပါလိမ့်မည်
အလုပ်အကိုင်များ အောင်မြင်တိုးတတ်ကြီးပွားချမ်းသာလာလိမ့်မည်။
ပညာရေး အထူးကောင်းမွန်ပါမယ်။ဆရာသမား များအကူအညီများလည်းရပါမယ်။အသိပညာအတတ်ပညာများ သင်ယူရပါမယ်။ရာထူးအတွက် ဖြေဆိုထားသူများ အောင်မြင်မည်။
အင်တာဗျူးဖြေဆို ထားသူများအောင်မြင်ပါမည်။သားသမီး ရှိသော မိဘများ သားသမီး များ အတွက် လူပန်း
စိတ်ပန်းဖြစ်တတ်သလို ငွေကုန်ကြေးကျလည်းများတတ်ပါတယ်။အရွယ်ရောက်ပြီး သားသမီး အိမ်ပေါ်ကဆင်းသွားခြင်း
။ချစ်သူနောက်လိုက်ပြေးခြင်းများ ဖြစ်တတ်ပါတယ်။သားသမီးများ အတွက် စကားများ ပြဿနာဖြေရှင်းပေးရတာများလည်း ကြုံတွေ့ ရပါလိမ့်မည်။
မိမိအိမ်မှာ မီးအန္တရာယ်တော့ သတိထားပါ။ဝါယာရှော့ဖြစ်တတ်ပါတယ်။အပူလောင်ခြင်း ကလေးငယ်များရှိရင်
အမြင့်မှကျခြင်းသတိထားပါ။သူခိုးလည်းအခိုးခံရတတ်ပါတယ်။လူလိမ်လူညာများနဲ့လည်းတွေ့ရတတ်ပါတယ်။
မိမိအိမ်ရှေ့မှာ လမ်းလာပြင်တာမြင်ရင် ချက်ချင်းညအိပ်ခရီးထွက်ပါလေ မသွားပါက ကျန်းမာရေးစိုးရိမ်ရတတ်ပါ
တယ်။အလုပ်အကိုင် စီးပါွးရေး ပါထိခိုက်တတ်ပါတယ်။
အဖိုးတန် စက်ပစ္စည်းများ လည်း ဝင်လာပါမည် ဇိမ်ခံစရာ ပစ္စည်း များလည်းဝင်လာလိမ့်မည်။
မိမိဝင်ငွေထဲ အလှူ လုပ်ရန်ငွေများ ဖယ်ပြီးမှ သုံးစွဲပါလေ။အလှူ လုပ်လေ ဝင်ငွေကောင်းလေဖြစ်ပါတယ်။
မိမိအိမ်မှာ နားကပ်အနာပါတာလေးကို အမြန်ဆုံးရောင်းပစ်လိုက်ပါ။ဒါဆိုရင် အဆိုးအညံ့တွေပျောက်သွားပါလိမ့်
မယ်။မိမိကိုးကွယ်နေသော ဘုရား ရွှေပျက်ခြင်း ဆေးပျယ်ခြင်းရှိပါက ရောင်တော်အမြန်ပြန်ဖွင့်ပေးပါ ဒါဆိုရင်မိမိတို့မိသားစု လုပ်ငန်းဆောင်တာအသီးသီး အောင်မြင်တိုးတတ်ချမ်းသာလာပါလိမ့်မည်။
အလုပ်မှာသော်လည်းကောင်း ပတ်ဝန်းကျင် မှာသော်လည်းကောင်း မိမိတို့ မိသားစု အပေါ် မနာလိုရန်ပြုသူများ
အပြိုင်အဆိုင် ရန်အနှောက်အယှက် များတတ်ပါတယ်။
ကျန်းမာရေး
နားဒုက္ခပေးခြင်း ဝမ်းပျက်ဝမ်းလျောခြင်း နှလုံးတုန် မူးဝေခြင်း များ ဖြစ်တတ်ပါတယ်။
ကံပွင့် ကံမြင့် လာဘ်ပွင့် ငွေဝင် စေရန် ယတြာ တော့ပြုလုပ်ပါ။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (17-4-2020) သောကြာနေ့တစ်နှစ်လုံး ကံဇာတာ အထူးကောင်းမွန်စေရန် ပြုလုပ်ပါ။
ကန်တော့ပွဲအစုံ ၅ ပွဲ
ရွှေပန်း ၁၇ ကုံး
အုန်းညွှန့် ၁၅ ညွှန့်
ကံ့ကော်ညွှန့် ၁၅ ညွှန့်
မေမြို့ပန်း ၁၉ ပွင့်
အမွှေးတိုင် ၂၇ တိုင်
အလင်းတိုင် ၂၇ တိုင်
တို့ကို လှူဒါန်းပြီး မိမိ အလုပ်အကိုင် ငွေကြေးများပေါများစေရန် ကံကောင်းစေရန် အလေးအနက် ဆုတောင်းပါ။
အောက်ဖော်ပြပါ ယတြာ ကိုတော့ တစ်လတကြိမ်ပြုလုပ်ပါ။
ဘုရား တစ်ဆူမှာ မိမိမွေးနံထောင့်မှာ ကန်တော့ပွဲ နှင့်အောင်သပြေ (21) ညွှန့် (စံပယ်ပန်း 37) ကုံး လှူပြီးအလေးအနက် ဆုတောင်းပါ။
အဆိုးအညံ့များပျောက်ပြီး ကောင်းကျိုးပိုမိုရရှိစေရန်လိပ် (3) ကောင် နဲ့ ငါးသက်စေ့ လွှတ်ပြီး ဆုတောင်းပါ။
တန်ခိုးကြီး ဘုရားတစ်ဆူမှာ မိမိမွေးနေ့တိုင်းရွှေသင်္ကန်းနဲ့ ရေလှူ ပြီး ဆုတောင်းပေးပါ။
ဗုဒ္ဓဟူး သား/သမီးများအားလုံး ကံကောင်းကြပါစေ။
ဆရာ လင်းမြတ်ဘုန်းအောင်
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...
တယ်။အလုပ်အကိုင် စီးပွါးရေး ပါထိခိုက်တတ်ပါတယ်။
ကျန်းမာရေး
ကန်တော့ပွဲအစုံ ၅ ပွဲ
ရွှေပန်း ၁၇ ကုံး
အုန်းညွှန့် ၁၅ ညွှန့်
မေမြို့ပန်း ၁၉ ပွင့်
အမွှေးတိုင် ၂၇ တိုင်
အလင်းတိုင် ၂၇ တိုင်
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under