EX ကိုသူငယ်ချင်းအဖြစ်လက်ခံသင့်လား

EX ကိုသူငယ်ချင်းအဖြစ်လက်ခံသင့်လား google

ကိုယ်နဲ့အဆက်အသွယ် ဖြတ်လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ချစ်သူကို သူငယ်ချင်းအဖြစ် ဆက်လက်ပေါင်းသင်းကျတဲ့သူတွေရှိပါတယ်။

 


တချို့ကတော့ မျက်နှာမမြင်ချင်တော့လောက်တဲ့ အထိ စိတ်နာပြီး လမ်းခွဲလိုက်ကြသူတွေလဲရှိပါတယ်။


လမ်းခွဲလိုက်တဲ့ ချစ်သူကို သူငယ်ချင်း အဖြစ်လက်ခံ ဖို့ဆိုတာတော်တော်လေးခက်ခဲမယ့် ကိစ္စလို့ထင်ပါတယ်။


မာနကြီးတဲ့ကောင်မလေးတွေ တော်တော်များကတော့ ဒီကိစ္စကိုလက်ခံမယ်မထင်ပါဘူး။


သူငယ်ချင်းအဖြစ်ဆက်လက်ပေါင်းသင်းတာကလည်း တချို့ကိစ္စ တွေမှာ တော့ အဆင်ပြေနိုင်ပေမယ့်။


ယောက်ျားလေးဘက်က ရည်းစားအသစ် ရသွားတာပဲဖြစ်ဖြစ် မိန်းကလေးက ရသွားတာပဲဖြစ်ဖြစ်

 

အဲ့ဒီလို အခြေအနေ မျိုးမှာတော့ အဆင်မပြေနိုင်လောက်ပါဘူးနော်။


ဒဏ်ရာ နှစ်ထပ်ကွမ်းရသလို ဖြစ်ပါလိမ့်မယ်။


ကိုယ်ချစ်ခဲ့ရတဲ့သူက အခြား တစ်ယောက်နဲ့ ကြည်နူးပျော်ရွှင်နေမှာကို ဘယ်သူမှ မြင်ချင်လိမ့်မယ်လို့မထင်ပါဘူးနော်။


ပြီးခဲ့တဲ့ ဇာတ်လမ်းကိုတစ်ခါတည်းဖြတ်လိုက်တာအကောင်းဆုံးပါဘဲ။

 

 

 

KZJJ 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

 

 

Read times
Rate this item
(0 votes)
Tagged under