အချစ်ရေး အဆင်ပြေစေမယ့် ယတြာနည်းလေး

အချစ်ရေး အဆင်ပြေစေမယ့် ယတြာနည်းလေး google.com

ချစ်သူနဲ့ အဆင် မပြေတဲ့သူတိုင်းကို အချစ်ရေး အမြန်ဆုံးပြန် အဆင်ပြေစေမယ့် ယတြာနည်းလေးကို ဝေမျှပေးလိုက်ရပါတယ်။

အချစ်ရေး အဆင်မပြေဘူးဆို မကြာခဏ လုပ်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ တနင်္လာနံ သတ္တဝါလေးတွေကို အာဟာရဒါနပြုပါ။ငှက်ကလေးတွေ၊ ခိုလေးတွေ ၊ငါးလေးတွေ ၊လမ်းဘေး ခွေးလေခွေးလွင့်လေးတွေကို အစာကျွေးပါ။

ကျွေးရမဲ့နေ့ကတော့

အင်္ဂါနေ့ သောကြာနေ့ စနေနေ့လေးတွေမှာကျွေးပေးပါ။

စိတ်ထဲဘာမှဆုမတောင်းပါနဲ့။ သဒ္ဓါတရားထက်သန်စွာကျွေးရင်ရပါပြီ။ ရွေးပေးထားတဲ့နေ့တိုင်း မပျက်မကွက်ကျွေးရမည်ဟု မဆိုလိုပါ။ မိမိအားတဲ့နေ့မှကျွေးဖို့ပါပဲ။

အထက်ပါအစီအရင်တွေကို လုပ်မယ်ဆိုရင်တော့ချစ်သူနဲ့အဆင်မပြေတဲ့သူတိုင်း အဆင်ပြေလာပါလိမ့်မယ်။ အဆင်ပြေနေတဲ့သူတွေက ချစ်ခြင်းတွေခိုင်မြဲမယ်။ တစ်ဦးနဲ့တစ်ဦးအချစ်တွေ ဆထက်ပွားလာပါလိမ့်မယ်။ဒါ့အပြင် ငွေကြေးတွေပါ လာဘ်ရွှင်လာတာကို ထူးထူးခြားခြားတွေ့ရပါလိမ့်မည်။

 

Credit;မနောမယဓါတ်နန်း

Read times Last modified on Wednesday, 19 September 2018 09:57
Rate this item
(1 Vote)