19.3.2020 မှ 25.3.2020 အထိ တစ်ပါတ်စာရရက်သားသမီး ကံကြမ္မာဟောစာတမ်း

19.3.2020 မှ 25.3.2020 အထိ တစ်ပါတ်စာရရက်သားသမီး ကံကြမ္မာဟောစာတမ်း google

တနင်္ဂနွေ

ဒီကာလအတွင်းဝန်ထမ်းဖြစ်ပါက မိမိ၏တဲ့တိုးပြောတတ်မှု၊ ပွင့်လင်းလွန်းမှုများကြောင့် သူတစ်ပါး၏ အငြိုးအတေး ထားခြင်း များ ခံရတတ်သည်ကို သတိပြုစေချင်ပါတယ်။

အိမ်ထောင်ရှင်များ အိမ်တွင်းရေးသာယာနေပါလိမ့်မည်။ သားသမီး အတွက်စိတ်ချမ်းသာရတတ်ပါတယ်။ကျန်းမာရေးညံ့နေတဲ့

ဖခင်ရှိရင်တော့ပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ ဥပဒေနဲ့ငြိစွန်းတဲ့ အလုပ်အကိုင်များကိုလုံးဝရှောင်သင့်ပါတယ်။ကျန်းမရေးကြောင့် ငွေကြေးကုန်ကျမှုများ ရှိနေနိုင်ပါတယ်။

စိတ်နှင့်ပက်သက် သော ဝေဒနာများ ဖြစ်တတ်၍ ပျော်ပျော်နေပေးခြင်းက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေလိမ့်မည်။

စီးပွားရေးလုပ်ငန်း တွင် မိမိအားနည်းချက်ကို ခြိမ်းခြောက်မည့်သူ ရှိနေတတ်သည်။ ထို့အပြင် လုပ်ငန်းတူ ပြိုင်ဘက်များရှိနေခြင်းကြောင့် ဝင်ငွေ အနည်းငယ်လျော့နေမည်။

သို့သော် လက်ရှိလုပ်ငန်းကိုသာ ဇွဲရှိရှိ ဆက်လက်ကြိုးစား လုပ်ကိုင်သွားသင့်ပါတယ်။ အလုပ် အကိုင်ရှာဖွေနေသူများအဆက်အသွယ်အချိတ်အဆက်မရဘဲဖြစ်နေတတ်ပါတယ်။

အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူနဲ့ ခရီး သွားဖြစ်တာမျိုး၊အလည်အပတ်ထွက်ဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ ဆရာကောင်းရှားနေ တတ်ပါတယ်။

စာလုပ်ဖို့ထက် အပျော်အပါးလုပ်ဖို့ တိုက်တွန်းတဲ့သူငယ်ချင်းကများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၆

အထူးဟော ကံအဆိုးလေးတွေရောပါနေတတ်တာကိုသတိပြုပါ။

ယတြာ မွေးနေ့နံနက်စောစော ထပါ။ အရုဏ်ဆွမ်းကြွတဲ့ရဟန်းတစ်ပါးကို အားဆေးတစ်ကဒ်လှူ လိုက်ပါ။

 

တနင်္လာ

ယခုကာလအတွင်းမတည်ငြိမ်ပြောင်းလဲမှုတွေနဲ့ ကြုံရတတ်ပါတယ်။ အိုးအိမ်ပြောင်းရွှေ့ရခြင်း၊ အလုပ်ခန်း၊ ဆိုင်ခန်းများ ပြောင်းရွှေ့ရခြင်းများ ရှိတတ်သည်။

အပြောင်းအလဲဖြစ်ပြီးအစပိုင်းကတော့ အဆင်မပြေတာတွေများ ပေမယ့်ရေရှည်ကောင်းသွားတတ်ပါတယ်။

မိမိနှင့်အလွန်ရင်းနှီးသူတစ်ဦး၏လိမ်ညာမှုကိုခံရတတ်မည်ဖြစ်၍လူတိုင်း အပေါ်ယုံကြည်တတ်မှုကို လျှော့သင့်ပါတယ်။

ဝန်ထမ်းများဖြစ်ပါက အလုပ်ကိစ္စအတွက် ခရီးဝေးများ သွားရတတ်ခြင်း၊ သင်တန်းများ တတ်ရခြင်းများရှိမည်။ ဆွေမျိုးတစ်ဦးဦး၏ ကူညီထောက်ပံ့မှုများ ရရှိတတ်သည်။

ငယ်ရွယ်သူများ အချစ်ရေးမှာ ပျော်ရွှင်ချမ်းမြေ့သော အချစ်ကို ရရှိနိုင်ရန်အတွက် စိတ်ရှည်ရှည်ထားပြီး အချိန် စောင့် ရန် လိုလိမ့်မည်။ ချစ်သူဆီကအလျင်စလိုအဖြေမတောင်းသင့်ပါ။

အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးသာယာ ပေမယ့်သားသမီးအတွက် စိုးရိမ် ပူပန်ရခြင်းများ၊ ငွေကြေးကုန်ကျခြင်းများ ရှိတတ်သည်။

ပညာရေးတွင်ကြိုးစား အားထုတ် မှုနှင့် ထပ်တူခံစားခွင့်ရလိမ့်မည်။ဒါကြောင့် စာမေးပွဲမပြီးမချင်းဇွဲမလျှော့လိုက်ပါနဲ့။

ကျန်းမာရေးနှင့် ပက်သက်‌၍ သွေးတိုးခြင်း၊ မူးလဲတတ်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲရတတ်ခြင်းများ ဖြစ်ပေါ်ခံစားရ တတ်သည်။

အကျိုးပေးဂဏန်း ၂/၄/၈

အထူးဟော ကံအကောင်းအဆိုးမျှနေပါတယ်။

ယတြာ ရဟန်းတစ်ပါးကို ထီး(သို့) ဖိနပ်လှူလိုက်ပါ။

 

အင်္ဂါ

ယခုကာလအတွင်း စီးပွားရေးနယ်ပယ်တွင်ကျယ်လာတတ်ပါတယ်။ အဆက်အသွယ်အချိတ်အဆက် ကောင်း တွေရ လာတတ်ပါတယ်။

ဒါပေမယ့်စဉ်းစားလွန်းခြင်း၊ တွေဝေလွန်းခြင်းများကြောင့် မိမိရရှိနိုင်သည့် အခွင့်အရေး ကောင်းများ လက်လွတ်ဆုံးရှုံးရခြင်းများ ရှိမည်။

သို့သော်မိမိအားအကြံကောင်းများ၊ အကူအညီပေးမည့်သူများ ပေါ်ပေါက်လိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ယခုကာလအတွင်း ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်း၊ ဂုဏ်ပြုခံ ရခြင်း တစ်ခုခုရှိမည်။

မိမိစိတ်ထဲပူပန်နေတဲ့ကိစ္စ၊ဖြေရှင်းလို့ရပါ့မလားဆိုပြီးစိုးရိမ်နေတဲ့ ကိစ္စတွေသူအလိုလိုအဆင် ပြေသွားတတ်ပါတယ်။

အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်နှင့် ခေတ္တခွဲခွာရခြင်းများ ရှိတတ်သည်။ ငယ်ရွယ်ချစ်သူရှိပြီးသူများ မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်သည်။

ချစ်သူနဲ့အလည်မလွန်မိပါစေနှင့်။ ပညာရေး လိုက်စားသူများ ဝီရိယထား ကြိုးစားသင့်သည်။

ပညာရေးကံကမကောင်း၊မိမိကြိုးစားမှတော်ကာကျမည်။ ကျန်းမာ ရေးနှင့် ပတ်သက်၍ အရိုးအကြော အားနည်းခြင်းများ ဖြစ်ပေါ်ခံစားရလိမ့်မည်။

ဦးခေါင်းပိုင်းတွင် ရုတ်တရက် ထိခိုက်တတ်ခြင်းအတွက် သတိထားပါ။ နေပူထဲမှာ အကာအကွယ်မပါဘဲ အချိန်ပြည့်နေခြင်းမျိုးအထူးရှောင်ပါ။

အကျိုးပေးဂဏန်း ၃/၅/ဝ

အထူးဟော လုပ်ငန်းတွေတိုးတတ်လာသလို၊အခွင့်အရေးတွေဖမ်းဆုပ်တတ်ဖို့လဲလိုပါတယ်။

ယတြာ ဇီးဖျော်ရည်တစ်ခွက် ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

 

ဗုဒ္ဓဟူး/ရာဟု

ယခုကာလအတွင်းလူမှုရေးကိစ္စတွေ၊ ပရဟိတကိစ္စတွေနဲ့အချိန်ကုန်တတ်ပါတယ်။ ဖခင်အလုပ်/အထက်လူကြီး အလုပ်အရေးကြီးလို့ဝိုင်းကူပေးရတာမျိုးလဲကြုံရတတ်ပါတယ်။

စီးပွားရေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်လုပ် ကိုင်ရသော လုပ်ငန်းများ၊နည်းပညာနဲ့နွယ်သောလုပ်ငန်းများအကျိုးပေးထက်သန်နိုင်သည်။

ပွဲစားအလုပ်၊အကျိုး ဆောင်အလုပ်နှင့်ဝန်ဆောင်မှုပေးရတဲ့အလုပ်များကတော့အဆင်မပြေမှုတွေရောပါနေတတ်ပါတယ်။

သင်၏စိတ် မြန်လက်မြန်၊ တစ်ဇွတ်ထိုးလုပ်ကိုင်တတ်‌ခြင်းများကို ပြုပြင်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်မည်။ အိမ်ထောင်ရှင် ဖြစ်ပါက အိမ်တွင်းရေး သာယာမည်။

မိမိအမှားလုပ်တာတောင် အိမ်ထောင်ဖက်နှင့် သားသမီးများ၏ နားလည် ပေးမှုများကို အထူးရရှိလိမ့်မည်။ အလုပ်အကိုင်ရှာဖွေနေသူဖြစ်ပါက သတင်းကောင်းများ ကြားရမည်။

မိမိ၏ ပျော်စရာများကို ပတ်ဝန်းကျင်နှင့် မျှဝေခံစားပါ။ ငယ်ရွယ်သူများ အချစ်ရေးတွင် ရှုပ်ထွေးမှုရှိသူဖြစ်ရင်တော့ ချစ်သူကသိသွားတတ်ပါတယ်။

ချစ်သူ၏အထင်လွဲမှု၊ ရန်ပြဿနာများလည်းရင်ဆိုင်ရတတ်ပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်၍ အစာမှား၊ ဆေးမှားတတ်ခြင်း၊ မတည့်စာများ စားမိတတ် ခြင်းများ ရှိတတ်သည်။

ပညာရေးတွင် အစစအရာရာ သတိထားပါ။ ရှန်းတာမျိုး၊မေးခွန်းမှားဖြေတာမျိုးတွေလုပ်မိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၁

အထူးဟော လူမှုရေးနှင့်အလုပ် မျှတစွာလုပ်ပါ။

ယတြာ သံပုရာရည်လေးတစ်ခွက် ညဘက်တွေမှာ ဘုရားကပ်ပါ။

 

ကြာသပတေး

ဒီကာလအတွင်း မိမိအတွက် အရေးကြီးသော အကြံအစည်နှင့် ကိစ္စများကို သောကြာသားသမီးများနှင့် တိုင် ပင်ခြင်း၊ ၎င်းတို့ထံမှ အကြံဉာဏ်တောင်းခံ ခြင်းများ ပြုသင့်ပါတယ်။

အလုပ်နဲ့ပက်သက်ပြီး နယ်ခရီးထွက်ရတာမျိုး တွေကြုံနေရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းတစ်ခုအား တွဲဖက် လုပ်ကိုင်နိုင်ရန် အထူးကြိုးစားသင့်သည်။

စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းမှ ငွေကြေးကိစ္စ အဆင်မပြေနိုင်မှုများ ရှိနေမည်။ တေ့တေ့ဆိုင်ဆိုင် ပြောဆိုထားသော ငွေကြေးကိစ္စများလည်း ကြန့်ကြာနေမှုများ ရှိလိမ့်မည်။

အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်၏ ငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန်ရခြင်းများ ရှိလိမ့် မည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ပြည်ပရောက်ချစ်သူနှင့် ပြန်ဆုံရတတ်သည်။

လူပျိုကြီး၊ အပျိုကြီးများ အောင်သွယ်ကောင်းများကြောင့် ချစ်သူရည်းစားရသွားနိုင်သည်။

ပညာရေးလိုက်စားသူ ဖြစ်ပါက ပညာရေး ကံကောင်းသော်လည်း ကျန်းမာရေးကြောင့် စိတ်သွားတိုင်း၊ ကိုယ်မပါဖြစ်နေရတတ်သည်။ဒါကြောင့်ဒီအပတ်မှာ ကျန်းမာရေးအထူးဂရုစိုက်ပါ။

နှလုံးအားနည်းခြင်း၊ အမောမခံနိုင်ခြင်း ဝေဒနာများ ခံစားရတတ်သည်။

အကျိုးပေးဂဏန်း ၂/၅/၇

အထူးဟော အိပ်ရေးပျက်မခံနဲ့။ အားရှိတဲ့အစားအသောက်တွေစားပေးပါ။

ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

 

သောကြာ

ယခုကာလအတွင်း မမျှော်လင့်ပဲ ရပ်ဝေးမှ ဆွေမျိုးများ အိမ်သို့ရောက်ရှိလာလိမ့်မည်။ အလှူအတန်းကြီးကြီး မားမား ပြုလုပ်ရလိမ့်မည်။

ဝန်ထမ်းဖြစ်ပါက ကြီးမားသော တာဝန်များကို ထမ်းဆောင်ရခြင်း၊ အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရလိမ့်မည်။

ယခုလုပ်ကိုင်နေသော လုပ်ငန်းမှ ရေရှည်အတွက် အကျိုးပေးနိုင်ပါတယ်။ မိမိကိုယ်တိုင်ဝါသနာပါရာနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ကိုင်သူဖြစ်ပါက မိမိစိတ်တိုင်းကျ ဖန်တီးလာနိုင် လိမ့်မည်။

သင်၏ကံကုသိုလ်အရ ဒီအပတ်အတွင်းနိုင်ငံခြားကိစ္စ၊ရပ်ဝေးကိစ္စများအထူးသတင်းကောင်းကြားရတတ် ပါတယ်။

ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိတို့ ချစ်သူနှစ်ဦးကြား တတိယလူရဲ့ခလောက်ဆန်မှုကြောင့် စိတ်ညစ် စရာ၊စိတ်ပျက်စရာများလာတတ်သည်။ အထင်မှားမှုများ ရှိနေလိမ့်မည်။

ကျန်းမာရေးနှင့်ပတ်သက်၍ မျက်စိဝေဒနာ ဖြစ်ခြင်း၊ အပူရှပ်၍ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ခံစားရလိမ့်မည်။

အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင် ဘက်ရဲ့ဂရုစိုက်မှုကိုအထူးရရှိမည်။ ပညာရေးလိုက်စားသူများ ပညာရေးကံကောင်းနေမည်။ ကြိုးစားထားသမျှအရာ ထင်အောင်မြင်ပါလိမ့်မယ်။

သင်တန်းအသစ်အပ်နှံခြင်းများ၊ကျောင်းအသစ်အပ်နှံခြင်းများ ဒီကာလအတွင်းဆောင် ရွက်လို့အထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော ကံမြင့်မားနေတာတွေ့ရပါတယ်။

ယတြာ မွေးနေ့နံနက်တွင် အုန်းနို့ခေါက်ဆွဲဘုရားကပ်ပြီးလိုရာဆုတောင်းလိုက်ပါ။

 

စနေ

ယခုကာလအတွင်း လူချစ်လူခင်များနေတတ်ပါတယ်။ဒါကြောင့်လဲမိမိကိုကူညီမဲ့သူပေါပါလိမ့်မယ်။

တစ်ခုသတိ ထားရမှာက ဝန်ထမ်းဖြစ်ပါက ဌာနအတွင်းရှိ ဝန်ထမ်းအချင်းချင်း အပြိုင်အဆိုင်များကြောင့် အဆင်မပြေမှုနှင့် စိတ်ရှုပ်ရမှုများရှိနေမည်။

အရာရာကိုမိမိဘက်ကသည်းခံပေးခြင်းဖြင့် အဆင်ပြေမှုများ ပြန်လည်ရရှိနိုင်မည်။ အလုပ် အကိုင်ရှာဖွေသူများ မိမိနှင့်ကိုက်ညီသော အလုပ်ကို ရရှိနိုင်ပါတယ်။

စီးပွားဝင်ငွေကောင်းခြင်း လာဘ်လာဘတိုးပွား ခြင်းများရှိမည်။ ပြည်ပသို့သွားရန် စီစဉ်ထားပါက အဆင်ပြေမည်။ မပြီးမသတ်ရပ်တန့်နေတဲ့အလုပ်များပြီးစီးလိမ့် မယ်။

မိမိလှောင်ထားတဲ့ပစ္စည်းများဈေးကောင်းရလာနိုင်ပါတယ်။ လူမျိုးခြား၊ဘာသာခြားအကျိုးပေးတဲ့ကာလပါပဲ။

အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုအပျော်ခရီးထွက်ရခြင်း၊ ဘုရားဖူးခရီးထွက်ရခြင်း များရှိနေမည်။ ငယ်ရွယ်သူများ အချစ်ရေး မစွန့်စားသင့်သေးပါ။

အချစ်ရေးကို ဦးစားပေးမိ၍ ဘဝအတွကအရေးကြီးသောကိစ္စများ နှင့် လွဲသွား လိမ့်မည်။ ပညာသင်ကြားသူ ဖြစ်ပါက ပညာရေးနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းနေမည်။

ကျန်းမာရေးမှာ အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့် စိတ်ပင်ပန်းပြီးလူနွမ်းလျခြင်းများ ရှိမည်။

အကျိုးပေးဂဏန်း ၂/၄/၇

အထူးဟော လာဘ်ရွှင်နေမည်။

ယတြာ ကြံရည်တစ်ခွက် ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

Make Up Artists မိတ်ကပ်ပညာရှင် ၃၉ ဦးကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြ

ဒီကာလအတြင္းဝန္ထမ္းျဖစ္ပါက မိမိ၏တဲ့တိုးေျပာတတ္မႈ၊ ပြင့္လင္းလြန္းမႈမ်ားေၾကာင့္ သူတစ္ပါး၏ အၿငိဳးအေတး ထားျခင္း မ်ား ခံရတတ္သည္ကို သတိျပဳေစခ်င္ပါတယ္။

အိမ္ေထာင္ရွင္မ်ား အိမ္တြင္းေရးသာယာေနပါလိမ့္မည္။ သားသမီး အတြက္စိတ္ခ်မ္းသာရတတ္ပါတယ္။က်န္းမာေရးညံ့ေနတဲ့

ဖခင္ရွိရင္ေတာ့ပိုမိုဂ႐ုစိုက္လိုက္ေစခ်င္ပါတယ္။ ဥပေဒနဲ႔ၿငိစြန္းတဲ့ အလုပ္အကိုင္မ်ားကိုလုံးဝေရွာင္သင့္ပါတယ္။က်န္းမေရးေၾကာင့္ ေငြေၾကးကုန္က်မႈမ်ား ရွိေနႏိုင္ပါတယ္။

စိတ္ႏွင့္ပက္သက္ ေသာ ေဝဒနာမ်ား ျဖစ္တတ္၍ ေပ်ာ္ေပ်ာ္ေနေပးျခင္းက က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစလိမ့္မည္။

စီးပြားေရးလုပ္ငန္း တြင္ မိမိအားနည္းခ်က္ကို ၿခိမ္းေျခာက္မည့္သူ ရွိေနတတ္သည္။ ထို႔အျပင္ လုပ္ငန္းတူ ၿပိဳင္ဘက္မ်ားရွိေနျခင္းေၾကာင့္ ဝင္ေငြ အနည္းငယ္ေလ်ာ့ေနမည္။

သို႔ေသာ္ လက္ရွိလုပ္ငန္းကိုသာ ဇြဲရွိရွိ ဆက္လက္ႀကိဳးစား လုပ္ကိုင္သြားသင့္ပါတယ္။ အလုပ္ အကိုင္ရွာေဖြေနသူမ်ားအဆက္အသြယ္အခ်ိတ္အဆက္မရဘဲျဖစ္ေနတတ္ပါတယ္။

အခ်စ္ေရးနဲ႔ပက္သက္ၿပီး ခ်စ္သူနဲ႔ ခရီး သြားျဖစ္တာမ်ိဳး၊အလည္အပတ္ထြက္ျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ပညာေရးမွာေတာ့ ဆရာေကာင္းရွားေန တတ္ပါတယ္။

စာလုပ္ဖို႔ထက္ အေပ်ာ္အပါးလုပ္ဖို႔ တိုက္တြန္းတဲ့သူငယ္ခ်င္းကမ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၆

အထူးေဟာ ကံအဆိုးေလးေတြေရာပါေနတတ္တာကိုသတိျပဳပါ။

ယၾတာ ေမြးေန႔နံနက္ေစာေစာ ထပါ။ အ႐ုဏ္ဆြမ္းႂကြတဲ့ရဟန္းတစ္ပါးကို အားေဆးတစ္ကဒ္လႉ လိုက္ပါ။

 

တနလၤာ

ယခုကာလအတြင္းမတည္ၿငိမ္ေျပာင္းလဲမႈေတြနဲ႔ ႀကဳံရတတ္ပါတယ္။ အိုးအိမ္ေျပာင္းေ႐ႊ႕ရျခင္း၊ အလုပ္ခန္း၊ ဆိုင္ခန္းမ်ား ေျပာင္းေ႐ႊ႕ရျခင္းမ်ား ရွိတတ္သည္။

အေျပာင္းအလဲျဖစ္ၿပီးအစပိုင္းကေတာ့ အဆင္မေျပတာေတြမ်ား ေပမယ့္ေရရွည္ေကာင္းသြားတတ္ပါတယ္။

မိမိႏွင့္အလြန္ရင္းႏွီးသူတစ္ဦး၏လိမ္ညာမႈကိုခံရတတ္မည္ျဖစ္၍လူတိုင္း အေပၚယုံၾကည္တတ္မႈကို ေလွ်ာ့သင့္ပါတယ္။

ဝန္ထမ္းမ်ားျဖစ္ပါက အလုပ္ကိစၥအတြက္ ခရီးေဝးမ်ား သြားရတတ္ျခင္း၊ သင္တန္းမ်ား တတ္ရျခင္းမ်ားရွိမည္။ ေဆြမ်ိဳးတစ္ဦးဦး၏ ကူညီေထာက္ပံ့မႈမ်ား ရရွိတတ္သည္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရးမွာ ေပ်ာ္႐ႊင္ခ်မ္းေျမ့ေသာ အခ်စ္ကို ရရွိႏိုင္ရန္အတြက္ စိတ္ရွည္ရွည္ထားၿပီး အခ်ိန္ ေစာင့္ ရန္ လိုလိမ့္မည္။ ခ်စ္သူဆီကအလ်င္စလိုအေျဖမေတာင္းသင့္ပါ။

အိမ္ေထာင္ရွင္ျဖစ္ပါက အိမ္ေထာင္ေရးသာယာ ေပမယ့္သားသမီးအတြက္ စိုးရိမ္ ပူပန္ရျခင္းမ်ား၊ ေငြေၾကးကုန္က်ျခင္းမ်ား ရွိတတ္သည္။

ပညာေရးတြင္ႀကိဳးစား အားထုတ္ မႈႏွင့္ ထပ္တူခံစားခြင့္ရလိမ့္မည္။ဒါေၾကာင့္ စာေမးပြဲမၿပီးမခ်င္းဇြဲမေလွ်ာ့လိုက္ပါနဲ႔။

က်န္းမာေရးႏွင့္ ပက္သက္‌၍ ေသြးတိုးျခင္း၊ မူးလဲတတ္ျခင္း၊ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲရတတ္ျခင္းမ်ား ျဖစ္ေပၚခံစားရ တတ္သည္။

အက်ိဳးေပးဂဏန္း ၂/၄/၈

အထူးေဟာ ကံအေကာင္းအဆိုးမွ်ေနပါတယ္။

ယၾတာ ရဟန္းတစ္ပါးကို ထီး(သို႔) ဖိနပ္လႉလိုက္ပါ။

 

အဂၤါ

ယခုကာလအတြင္း စီးပြားေရးနယ္ပယ္တြင္က်ယ္လာတတ္ပါတယ္။ အဆက္အသြယ္အခ်ိတ္အဆက္ ေကာင္း ေတြရ လာတတ္ပါတယ္။

ဒါေပမယ့္စဥ္းစားလြန္းျခင္း၊ ေတြေဝလြန္းျခင္းမ်ားေၾကာင့္ မိမိရရွိႏိုင္သည့္ အခြင့္အေရး ေကာင္းမ်ား လက္လြတ္ဆုံးရႈံးရျခင္းမ်ား ရွိမည္။

သို႔ေသာ္မိမိအားအႀကံေကာင္းမ်ား၊ အကူအညီေပးမည့္သူမ်ား ေပၚေပါက္လိမ့္မည္။ ဝန္ထမ္းျဖစ္ပါက ယခုကာလအတြင္း ရာထူးတိုးျခင္း၊ လစာတိုးျခင္း၊ ဝင္ေငြတိုးျခင္း၊ ဂုဏ္ျပဳခံ ရျခင္း တစ္ခုခုရွိမည္။

မိမိစိတ္ထဲပူပန္ေနတဲ့ကိစၥ၊ေျဖရွင္းလို႔ရပါ့မလားဆိုၿပီးစိုးရိမ္ေနတဲ့ ကိစၥေတြသူအလိုလိုအဆင္ ေျပသြားတတ္ပါတယ္။

အိမ္ေထာင္ရွင္ျဖစ္ပါက မိမိအိမ္ေထာင္ဖက္ႏွင့္ ေခတၱခြဲခြာရျခင္းမ်ား ရွိတတ္သည္။ ငယ္႐ြယ္ခ်စ္သူရွိၿပီးသူမ်ား မေမွ်ာ္လင့္ပဲ အိမ္ေထာင္က်တတ္သည္။

ခ်စ္သူနဲ႔အလည္မလြန္မိပါေစႏွင့္။ ပညာေရး လိုက္စားသူမ်ား ဝီရိယထား ႀကိဳးစားသင့္သည္။

ပညာေရးကံကမေကာင္း၊မိမိႀကိဳးစားမွေတာ္ကာက်မည္။ က်န္းမာ ေရးႏွင့္ ပတ္သက္၍ အ႐ိုးအေၾကာ အားနည္းျခင္းမ်ား ျဖစ္ေပၚခံစားရလိမ့္မည္။

ဦးေခါင္းပိုင္းတြင္ ႐ုတ္တရက္ ထိခိုက္တတ္ျခင္းအတြက္ သတိထားပါ။ ေနပူထဲမွာ အကာအကြယ္မပါဘဲ အခ်ိန္ျပည့္ေနျခင္းမ်ိဳးအထူးေရွာင္ပါ။

အက်ိဳးေပးဂဏန္း ၃/၅/ဝ

အထူးေဟာ လုပ္ငန္းေတြတိုးတတ္လာသလို၊အခြင့္အေရးေတြဖမ္းဆုပ္တတ္ဖို႔လဲလိုပါတယ္။

ယၾတာ ဇီးေဖ်ာ္ရည္တစ္ခြက္ ဘုရားကပ္လႉၿပီးလိုရာဆုေတာင္းပါ။

 

ဗုဒၶဟူး/ရာဟု

ယခုကာလအတြင္းလူမႈေရးကိစၥေတြ၊ ပရဟိတကိစၥေတြနဲ႔အခ်ိန္ကုန္တတ္ပါတယ္။ ဖခင္အလုပ္/အထက္လူႀကီး အလုပ္အေရးႀကီးလို႔ဝိုင္းကူေပးရတာမ်ိဳးလဲႀကဳံရတတ္ပါတယ္။

စီးပြားေရးလုပ္ငန္းမ်ားတြင္ တီထြင္ဆန္းသစ္လုပ္ ကိုင္ရေသာ လုပ္ငန္းမ်ား၊နည္းပညာနဲ႔ႏြယ္ေသာလုပ္ငန္းမ်ားအက်ိဳးေပးထက္သန္ႏိုင္သည္။

ပြဲစားအလုပ္၊အက်ိဳး ေဆာင္အလုပ္ႏွင့္ဝန္ေဆာင္မႈေပးရတဲ့အလုပ္မ်ားကေတာ့အဆင္မေျပမႈေတြေရာပါေနတတ္ပါတယ္။

သင္၏စိတ္ ျမန္လက္ျမန္၊ တစ္ဇြတ္ထိုးလုပ္ကိုင္တတ္‌ျခင္းမ်ားကို ျပဳျပင္ေပးႏိုင္လွ်င္ အေကာင္းဆုံးျဖစ္မည္။ အိမ္ေထာင္ရွင္ ျဖစ္ပါက အိမ္တြင္းေရး သာယာမည္။

မိမိအမွားလုပ္တာေတာင္ အိမ္ေထာင္ဖက္ႏွင့္ သားသမီးမ်ား၏ နားလည္ ေပးမႈမ်ားကို အထူးရရွိလိမ့္မည္။ အလုပ္အကိုင္ရွာေဖြေနသူျဖစ္ပါက သတင္းေကာင္းမ်ား ၾကားရမည္။

မိမိ၏ ေပ်ာ္စရာမ်ားကို ပတ္ဝန္းက်င္ႏွင့္ မွ်ေဝခံစားပါ။ ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ ရႈပ္ေထြးမႈရွိသူျဖစ္ရင္ေတာ့ ခ်စ္သူကသိသြားတတ္ပါတယ္။

ခ်စ္သူ၏အထင္လြဲမႈ၊ ရန္ျပႆနာမ်ားလည္းရင္ဆိုင္ရတတ္ပါတယ္။ က်န္းမာေရးႏွင့္ ပတ္သက္၍ အစာမွား၊ ေဆးမွားတတ္ျခင္း၊ မတည့္စာမ်ား စားမိတတ္ ျခင္းမ်ား ရွိတတ္သည္။

ပညာေရးတြင္ အစစအရာရာ သတိထားပါ။ ရွန္းတာမ်ိဳး၊ေမးခြန္းမွားေျဖတာမ်ိဳးေတြလုပ္မိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၆/၁

အထူးေဟာ လူမႈေရးႏွင့္အလုပ္ မွ်တစြာလုပ္ပါ။

ယၾတာ သံပုရာရည္ေလးတစ္ခြက္ ညဘက္ေတြမွာ ဘုရားကပ္ပါ။

 

ၾကာသပေတး

ဒီကာလအတြင္း မိမိအတြက္ အေရးႀကီးေသာ အႀကံအစည္ႏွင့္ ကိစၥမ်ားကို ေသာၾကာသားသမီးမ်ားႏွင့္ တိုင္ ပင္ျခင္း၊ ၎တို႔ထံမွ အႀကံဉာဏ္ေတာင္းခံ ျခင္းမ်ား ျပဳသင့္ပါတယ္။

အလုပ္နဲ႔ပက္သက္ၿပီး နယ္ခရီးထြက္ရတာမ်ိဳး ေတြႀကဳံေနရတတ္ပါတယ္။ ဝန္ထမ္းျဖစ္ပါက လက္ရွိလုပ္ငန္းအျပင္ အျခားစီးပြားေရးလုပ္ငန္းတစ္ခုအား တြဲဖက္ လုပ္ကိုင္ႏိုင္ရန္ အထူးႀကိဳးစားသင့္သည္။

စီးပြားေရးလုပ္ငန္းႏွင့္ ပတ္သက္၍ လက္ရွိလုပ္ငန္းမွ ေငြေၾကးကိစၥ အဆင္မေျပႏိုင္မႈမ်ား ရွိေနမည္။ ေတ့ေတ့ဆိုင္ဆိုင္ ေျပာဆိုထားေသာ ေငြေၾကးကိစၥမ်ားလည္း ၾကန႔္ၾကာေနမႈမ်ား ရွိလိမ့္မည္။

အိမ္ေထာင္ရွင္ျဖစ္ပါက မိမိအိမ္ေထာင္ဖက္၏ ေငြေရးေၾကးေရးအတြက္ စိုးရိမ္ပူပန္ရျခင္းမ်ား ရွိလိမ့္ မည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ ျပည္ပေရာက္ခ်စ္သူႏွင့္ ျပန္ဆုံရတတ္သည္။

လူပ်ိဳႀကီး၊ အပ်ိဳႀကီးမ်ား ေအာင္သြယ္ေကာင္းမ်ားေၾကာင့္ ခ်စ္သူရည္းစားရသြားႏိုင္သည္။

ပညာေရးလိုက္စားသူ ျဖစ္ပါက ပညာေရး ကံေကာင္းေသာ္လည္း က်န္းမာေရးေၾကာင့္ စိတ္သြားတိုင္း၊ ကိုယ္မပါျဖစ္ေနရတတ္သည္။ဒါေၾကာင့္ဒီအပတ္မွာ က်န္းမာေရးအထူးဂ႐ုစိုက္ပါ။

ႏွလုံးအားနည္းျခင္း၊ အေမာမခံႏိုင္ျခင္း ေဝဒနာမ်ား ခံစားရတတ္သည္။

အက်ိဳးေပးဂဏန္း ၂/၅/၇

အထူးေဟာ အိပ္ေရးပ်က္မခံနဲ႔။ အားရွိတဲ့အစားအေသာက္ေတြစားေပးပါ။

ယၾတာ ငါးေသတၱာဟင္းခ်က္ၿပီး ရဟန္းသံဃာေတြကိုေလာင္းလႉလိုက္ပါ။

 

ေသာၾကာ

ယခုကာလအတြင္း မေမွ်ာ္လင့္ပဲ ရပ္ေဝးမွ ေဆြမ်ိဳးမ်ား အိမ္သို႔ေရာက္ရွိလာလိမ့္မည္။ အလႉအတန္းႀကီးႀကီး မားမား ျပဳလုပ္ရလိမ့္မည္။

ဝန္ထမ္းျဖစ္ပါက ႀကီးမားေသာ တာဝန္မ်ားကို ထမ္းေဆာင္ရျခင္း၊ အႀကီးအကဲမ်ား၏ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္း ခံရလိမ့္မည္။

ယခုလုပ္ကိုင္ေနေသာ လုပ္ငန္းမွ ေရရွည္အတြက္ အက်ိဳးေပးႏိုင္ပါတယ္။ မိမိကိုယ္တိုင္ဝါသနာပါရာႏွင့္ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ကိုင္သူျဖစ္ပါက မိမိစိတ္တိုင္းက် ဖန္တီးလာႏိုင္ လိမ့္မည္။

သင္၏ကံကုသိုလ္အရ ဒီအပတ္အတြင္းႏိုင္ငံျခားကိစၥ၊ရပ္ေဝးကိစၥမ်ားအထူးသတင္းေကာင္းၾကားရတတ္ ပါတယ္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ မိမိတို႔ ခ်စ္သူႏွစ္ဦးၾကား တတိယလူရဲ႕ခေလာက္ဆန္မႈေၾကာင့္ စိတ္ညစ္ စရာ၊စိတ္ပ်က္စရာမ်ားလာတတ္သည္။ အထင္မွားမႈမ်ား ရွိေနလိမ့္မည္။

က်န္းမာေရးႏွင့္ပတ္သက္၍ မ်က္စိေဝဒနာ ျဖစ္ျခင္း၊ အပူရွပ္၍ လည္ပင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္းမ်ား ခံစားရလိမ့္မည္။

အိမ္ေထာင္ရွင္ျဖစ္ပါက အိမ္ေထာင္ ဘက္ရဲ႕ဂ႐ုစိုက္မႈကိုအထူးရရွိမည္။ ပညာေရးလိုက္စားသူမ်ား ပညာေရးကံေကာင္းေနမည္။ ႀကိဳးစားထားသမွ်အရာ ထင္ေအာင္ျမင္ပါလိမ့္မယ္။

သင္တန္းအသစ္အပ္ႏွံျခင္းမ်ား၊ေက်ာင္းအသစ္အပ္ႏွံျခင္းမ်ား ဒီကာလအတြင္းေဆာင္ ႐ြက္လို႔အထူးေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၉

အထူးေဟာ ကံျမင့္မားေနတာေတြ႕ရပါတယ္။

ယၾတာ ေမြးေန႔နံနက္တြင္ အုန္းႏို႔ေခါက္ဆြဲဘုရားကပ္ၿပီးလိုရာဆုေတာင္းလိုက္ပါ။

 

စေန

ယခုကာလအတြင္း လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။ဒါေၾကာင့္လဲမိမိကိုကူညီမဲ့သူေပါပါလိမ့္မယ္။

တစ္ခုသတိ ထားရမွာက ဝန္ထမ္းျဖစ္ပါက ဌာနအတြင္းရွိ ဝန္ထမ္းအခ်င္းခ်င္း အၿပိဳင္အဆိုင္မ်ားေၾကာင့္ အဆင္မေျပမႈႏွင့္ စိတ္ရႈပ္ရမႈမ်ားရွိေနမည္။

အရာရာကိုမိမိဘက္ကသည္းခံေပးျခင္းျဖင့္ အဆင္ေျပမႈမ်ား ျပန္လည္ရရွိႏိုင္မည္။ အလုပ္ အကိုင္ရွာေဖြသူမ်ား မိမိႏွင့္ကိုက္ညီေသာ အလုပ္ကို ရရွိႏိုင္ပါတယ္။

စီးပြားဝင္ေငြေကာင္းျခင္း လာဘ္လာဘတိုးပြား ျခင္းမ်ားရွိမည္။ ျပည္ပသို႔သြားရန္ စီစဥ္ထားပါက အဆင္ေျပမည္။ မၿပီးမသတ္ရပ္တန႔္ေနတဲ့အလုပ္မ်ားၿပီးစီးလိမ့္ မယ္။

မိမိေလွာင္ထားတဲ့ပစၥည္းမ်ားေဈးေကာင္းရလာႏိုင္ပါတယ္။ လူမ်ိဳးျခား၊ဘာသာျခားအက်ိဳးေပးတဲ့ကာလပါပဲ။

အိမ္ေထာင္ရွင္ျဖစ္ပါက မိသားစုအေပ်ာ္ခရီးထြက္ရျခင္း၊ ဘုရားဖူးခရီးထြက္ရျခင္း မ်ားရွိေနမည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရး မစြန႔္စားသင့္ေသးပါ။

အခ်စ္ေရးကို ဦးစားေပးမိ၍ ဘဝအတြကအေရးႀကီးေသာကိစၥမ်ား ႏွင့္ လြဲသြား လိမ့္မည္။ ပညာသင္ၾကားသူ ျဖစ္ပါက ပညာေရးႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈ နည္းေနမည္။

က်န္းမာေရးမွာ အလုပ္ဒဏ္၊ ပင္ပန္းဒဏ္ေၾကာင့္ စိတ္ပင္ပန္းၿပီးလူႏြမ္းလ်ျခင္းမ်ား ရွိမည္။

အက်ိဳးေပးဂဏန္း ၂/၄/၇

အထူးေဟာ လာဘ္႐ႊင္ေနမည္။

ယၾတာ ႀကံရည္တစ္ခြက္ ဘုရားကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 / 09 44 5555 695

Make Up Artists မိတ္ကပ္ပညာရွင္ ၃၉ ဦးကိုရွာရန္ႏွ္ိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under