ချစ်ရသူတွေကိုယ့်ဘ၀ထဲကထွက်သွားတဲ့အခါနှလုံးသွင်းထားရမယ့် အချက် (၅)ချက်

ချစ်ရသူတွေကိုယ့်ဘ၀ထဲကထွက်သွားတဲ့အခါနှလုံးသွင်းထားရမယ့် အချက် (၅)ချက် google

ဘဝမှာ ဘယ်အရာမှ မတည်မြဲတာမို့ ကိုယ်ဘယ်လောက်ပဲ တွယ်တာတဲ့အရာမဆို တစ်ချိန်ချိန်ကျရင်တော့ ကိုယနဲ့ ဝေးကွာရမှာချည်းပါပဲ။

 

 

ကိုယ်ကထွက်သွားတာမျိုးဖြစ်နိုင်သလို တစ်ဖက်ကအရင်ဆုံး ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူဆိုတာ နှောင်ကြိုးတွေနဲ့ မကင်းတာမို့

 

 

ကိုယ်မြတ်နိုးရတဲ့လူတစ်ယောက်ယောက်နဲ့ ဝေးကွာသွားခဲ့ပြီဆိုရင် အနည်းနဲ့အများ ခံစားကြရမှာပါ။

 

ကွဲကွာရတော့မှ သူရှိတုန်းက ကိုယ်လုပ်ခဲ့တဲ့အမှားတွေ၊ လိုအပ်ခဲ့တဲ့ လိုအပ်ချက်တွေပေါ်ကိုလိုက်ပြီး နောင်တမရအောင်လို့ရယ်၊ ထွက်သွားတဲ့အခါ

ဘယ်လို ခံနိုင်ရည်ရှိအောင် နေမလဲဆိုတာတွေရယ်ကို အောက်ကအချက်လေးတွေအတိုင်း အကြံပြုချင်ပါတယ်။

(၁) ရှိနေတုန်း သူ့အတွက် အကောင်းဆုံးတွေပေးပါ။

ရှိနေတုန်းက ကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့ဘဲ ဝေးသွားတဲ့အခါကျမှ ငါသူ့အပေါ် အမှားတွေအများကြီး လုပ်မိပါလားဆိုပြီး နောင်တရခြင်း

ဟာ ဝေးကွာခြင်းဝေဒနာကို ပိုတိုးပြီး ခံစားစေနိုင်ပါတယ်။

(၂) သူ့ရဲ့ကောင်းကြောင်းတွေကို အမြဲချီးမွန်းပေးပါ။

ဝေးကွာသည့်တိုင်အောင် ကိုယ်သူ့အပေါ်မှာ အကောင်းဆုံး ဆက်ဆံပေးခဲ့တယ်ဆိုတဲ့ စိတ်ထားတတ်ဖို့အတွက် သူ့ရဲ့ ကောင်းချက်လေးတွေ၊

 အောင်မြင်မှုလေးတွေ၊ လုပ်ရပ်လေးတွေကို လိုတာထက် နည်းနည်းလေးပိုပြီး ချီးမြှောက်ပေးပါ။

(၃) ကိုယ့်ကိုကိုယ် ကုစားဖို့အချိန်ပေးပါ။

 

မြတ်နိုးချစ်ခင်ရတဲ့လူတစ်ယောက် ထွက်ခွာသွားပြီဆိုရင် နုလုံးသားအစိတ်စိတ်ကွဲသလို ခံစားရမှာဖြစ်တဲ့အတွက် ဒဏ်ရာတွေကို ကုစားဖို့

 

မိမိကိုယ်ကိုယ်အချိန်ပေးပါ။ မလောပါနဲ့။

 

(၄) ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။

လူဆိုတာ မွေးကတည်းက တစ်ယောက်တည်းမွေးလာသူတွေမို့ ဘယ်လိုအခြေအနေမျိုးမှာမဆို တစ်ယောက်တည်းလည်း ရပ်တည်ရှင်သန်လို့ရတယ်ဆိုတာကို နှလုံးသွင်းထားပါ။

မိမိဘဝရဲ့ရည်မှန်းချက်တွေကို ပြန်ရှာပါ။ လဲပြိုနေတဲ့စိတ်ဓာတ်တွေကို ပြန်မတ်ပါ။ တန်ဖိုးရှိတဲ့အချိန်တွေကို ခံစားရင်း ဦးတည်ချက်ပျောက်ဆုံးကာ မကုန်ဆုံးစေပါနဲ့။

(၅) အတိတ်ကိုအတိတ်မှာပဲ ချန်ထားခဲ့လိုက်ပါ။

အတိတ်ကိုချန်ခဲ့ခိုင်းတာဟာ လုံးဝမေ့ပစ်ဖို့ပြောတာမဟုတ်ပါဘူး။ ဘယ်သူမှလည်း ကိုယ့်ခံစားချက်တွေပြည့်နှက်နေတဲ့ လူတစ်ယောက်ကို လုံးလုံးလျားလျားကြီး မေ့ပစ်ဖို့ မဖြစ်နိုင်ပါဘူး။

တိုက်ဆိုင်တဲ့အချိန်မျိုးမှာပဲ သတိတစ်ချက်ရတဲ့ အဆင့်အထိရောက်အောင် ကြိုးစားလိုက်ပါ။

Source- Life hack 

Myanmar Wedding Guide

Read times Last modified on Wednesday, 10 July 2019 14:58
Rate this item
(0 votes)
Tagged under