အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ - ၃

အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ - ၃ google.com

သူဘက်ကလည်း သူ့ဦးတည်ချက်နဲ့ သူ့ဘာသာထင်ရာစိုင်းမယ်၊ ကိုယ်က ကိုယ့်ဦးတည်ချက်နဲ့

ကိုယ်ဘာသာထင်ရာစိုင်းမယ်ဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်မွန်တွေ မဟုတ်ကြပါဘူး။

 

မဖြစ်လို့သာ ပေါင်းနေရတဲ့ အိမ်ထောင်ရေးထဲက လူစိမ်းနှစ်ယောက် တစ်မိုးအောက် အတူနေ တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

သူ့ကိုမမြင်ရလေ၊ သူ့အနားမရှိလေ ပိုလွတ်လပ်လေလို့ ထင်လာပြီဆိုကတည်းက ဒီအိမ်ထောင်ရေး ဟာ ပျော်စရာမကောင်းလို့ပဲ။ တစ်နည်းအားဖြင့် ဒီအိမ်ထောင်ရေးမှာ ကိုယ်မပျော်ရွှင်နိုင်လို့ပဲ ဖြစ်ပါတယ်။

 

ဒါတွေဘာကြောင့်ဖြစ်လာသလဲဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်အစစ်တွေ မဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။

 

ဘဝအဖော်စစ်တွေ မဟုတ်ခဲ့လို့ ဒီအိမ်ထောင်ကရုန်းထွက်ရင် ကောင်းမလားလို့ အတွေးမဝင်လိုက်ပါနဲ့။

 

သူ့ဘက်ကရွေးချယ်မှုပဲမှားမှား၊ ကိုယ့်ရွေးချယ်မှုပဲမှားမှား တည်ထောင်ပြီးသား အိမ်ထောင်တစ်ခုဟာ ကိုယ်တွေဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့တယ်ဆို ဒီအိမ်ထောင် ပျော်ပျော်ရွှင်ရွှင်တည်မြဲအောင် ကြိုးစားသင့်ပါတယ်။

 

ကိုယ်ကချစ်လို့ ပေါင်းခဲ့သူနဲ့ ဒီအိမ်ထောင်မြဲမြံပျော်ရွှင်အောင် ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားသင့်ပါတယ်။ သည်းခံနိုင်တာထက် ပိုသည်းခံလို့ လိုက်လျောနိုင်တာထက် ပိုလိုက်လျောလို့မှ ရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။

 

မနက်ဖန်တွေကို သူနဲ့ရှေ့ဆက်ရမှာ ကြောက်နေပြီဆိုတဲ့အတွေးဝင်လာရင် မနက်ဖန်တွေမှာပျော်ရွှင်ဖို့ ဒီနေ့မှာဆုံးဖြတ်ချက်ပြတ်သားရတော့မှာဖြစ်ပါတယ်။

 

စာရေးသူက ဒီလိုစာတွေကို ရေးနေရတာကတော့ အပျို၊ လူပျိုတွေကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ဖူးစာဆုံစေချင်ပါတယ်။

 

တစ်ဘဝလုံးအတွက် အရွေးမမှားစေချင်ဘူး။ အရွေးမှားသွားခဲ့တယ်ဆိုရင်လည်း တည်ပြီးသားအိမ်ထောင်ကို အတတ်နိုင်ဆုံး ညှိနှိုင်းလို့ ပျော်ပျော်ရွှင်ရွှင် ခိုင်မြဲလာအောင် နှစ်ယောက်လုံးကြိုးစားကြစေချင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:46
Rate this item
(0 votes)