ကိုယ့်ကို ပိုပြီး ချစ်ဖို့အတွက် အချက်များ

ကိုယ့်ကို ပိုပြီး ချစ်ဖို့အတွက် အချက်များ google.com

ချစ်သူ ရည်းစား ဖြစ်ရတာက ပရိယာယ်ဆန်လှ ပါတယ်။ တစ်ခါတစ်ရံမှာ မိန်းကလေးတွေက

သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ အောက်တွင် ကိုယ့်ကို ပိုပြီး ချစ်စေဖို့အတွက် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

စာအုပ် သေးသေးတစ်အုပ်ဆောင်ထားပါ။ သူမကို မမြင်မိပါစေနဲ့။ အခွင့်အရေးရတိုင်းမှာ သူမ ဘာတွေ ကြိုက်တတ်တာတွေ၊ ၀ယ်ချင်တာတွေ၊ သွားလည်ချင်တယ်လို့ ပြောလာတဲ့နေရာတွေနဲ့ သူမ လုပ်ချင်တာတွေ အားလုံးကို ရေးမှတ်ထားပါ။

 

အထူးသဖြင့် အထိမ်းအမှတ်နေ့တွေရောက်တဲ့အခါ သို့မဟုတ် တတ်နိုင်တဲ့အခါမျိုးမှာ သူမ လိုချင်တာကို ၀ယ်ပေးတာ၊ သွားလည်ချင်တဲ့နေရာကို ခေါ်သွားတာ စသဖြင့် လုပ်ပေးလိုက်ပါ။

 

အဓိက အချက်က သူမပြောပြီးပြီးချင်း လုပ်ပေးတာမျိုးမဟုတ်ပဲ ရုတ်တရက် မစဉ်းစားနိုင်လောက်အောင် အချိန်တစ်ခုကြာပြီးမှ လုပ်ပေးဖို့ ဖြစ်ပါတယ်။

 

ဒီလိုဆိုရင် သူမ ကို ဂရုစိုက်တယ်ဆိုတာ သိသွားမှာဖြစ်ပြီး အရေးကြီးတာက သူမပြောသမျှကို အလေးအနက် ထားတတ်သူအဖြစ် ပိုချစ်လာမှာဖြစ်ပါတယ်။

 

ချစ်သူ ကောင်မလေး ဆံပင် ညှပ်လေ့၊ ပြင်လေ့ရှိတဲ့ ဆိုင်နဲ့ ရင်းနှီး အောင်လုပ်ပါ။ သူမ ဆံပင် လာညှပ်တိုင်း သို့မဟုတ် ခေါင်းလာလျှော်တိုင်းမှာ သင့်ဆီကို ဖုန်းဆက် အကြောင်းကြားပေးဖို့ တောင်းဆိုပါ။

 

ချစ်သူ ဆံပင် ညှပ်ထားတာကို ကြိုသိထားပြီး တွေ့ဖြစ်ကြမယ်ဆိုရင် “ဆံပင် လုပ်ထားတာလား၊ နည်းနည်းတိုသွားပေမယ့် အရမ်းလှတယ်” စသဖြင့် ပြောပြပေးသင့်ပါတယ်။

 

ရန်ဖြစ် စကားများကြတဲ့အချိန်မှာ လက်ကလေးကို ကိုင်ပြီး လမ်းလျှောက်သင့်ပါတယ်။ စိတ်ဆိုး နေချိန်မှာ လက်ကိုင်ထားဖို့ သို့မဟုတ် ဦးတည်ဖက်တစ်ခုထဲကို အတူတူ လမ်းလျှောက် သွားဖို့က အရမ်းကိုခက်ခဲပါတယ်။ ယင်းအချက်က Romantic ဆန်ရုံတင်မဟုတ်ပါဘူး။ ချစ်သူတိုင်းအတွက် အရေးကြီးပါတယ်။

 

နှစ်ဦးအတူတူ လမ်းလျှောက်ရင်း ပြောတဲ့ စကားတွေက မျက်နှာချင်းဆိုင်ပြောတဲ့ စကားတွေနဲ့ လုံးဝကွဲပြားခြားနေမှာ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:55
Rate this item
(4 votes)