ေယာက်္ားေလးတစ္ေယာက္ ခ်စ္သူမိန္းကေလးအေပၚ ၿငီးေငြ႔လာရင္ ျပဳမူတတ္တဲ့အျပဳအမူမ်ား

ေယာက်္ားေလးတစ္ေယာက္ ခ်စ္သူမိန္းကေလးအေပၚ ၿငီးေငြ႔လာရင္ ျပဳမူတတ္တဲ့အျပဳအမူမ်ား google

ေယာက်္ားေလးေတြဟာ မိန္းကေလးတစ္ေယာက္ကို ၿငီးေငြ႔လာၿပီ၊ ထားသြားခ်င္ၿပီဆိုရင္ အျပဳအမူ၊ အေျပာအဆိုေတြကအစ တျဖည္းျဖည္း ေျပာင္းလဲလာမွာျဖစ္ၿပီး သင့္ကို စိတ္ညစ္ေအာင္ အမ်ိဳးမ်ိဳးလုပ္လာၾကေတာ့မွာ ျဖစ္ပါတယ္။

 

တကယ္လုိ႔ သင့္ခ်စ္သူဟာ ဒီလိုအခ်ိဳးေတြ ခ်ိဳးေနၿပီဆိုရင္ေတာ့ သင့္ခ်စ္သူကို ဖက္တြယ္မထားသင့္ေတာ့ပါဘူး။ သူ႔ကို လမး္ခြဲလုိက္ျခင္းျဖင့္ သူ႔ထက္ပုိေကာင္းတဲ့သူနဲ႔ ေတြ႔မွာျဖစ္ပါတယ္ေနာ္။

 

(၁) ဝွက္ထားတဲ့ခံစားခ်က္ေတြ ထြက္ထြက္လာတတ္တယ္။တခါတေလ စတာေနာက္တာဆိုေပမယ့္ အရိႈက္ကို ထိသြားတဲ့အခ်ိန္မ်ိဳးေတြ ၾကံဳဖူးၾကမွာပါ။ ခုလည္း ဒီလိုပါပဲ။

 

သင့္ခ်စ္သူဟာ သင့္ကုိ စတာလိုလို ေနာက္တာလိုလိုနဲ႔ သူ႔ရင္ထဲမွာ ဝွက္ထားတဲ့ ခံစားခ်က္အစစ္ေတြ ထြက္ထြက္လာတတ္ပါတယ္။

 

ဘာလုပ္ေနလဲလို႔ ေမးလိုက္တဲ့အခါ ေကာင္မေလးေတြကို ၾကည့္ေနတာဆိုတာမ်ိဳးဟာ စတာလို႔ ထင္ရေပမယ့္ တကယ္တမ္းက သူ႔ရင္ထဲက ခံစားခ်က္အစစ္ေတြ ျဖစ္ေနႏိုင္ပါတယ္။

 

သူ႔ရဲ႕ စေနာက္ျခင္းေတြမွာ သင့္စိတ္ကို နာက်င္ေစတဲ့ စႏိုးစေနာင့္ျဖစ္စရာေတြ စကားေတြ မၾကာခဏပါေနတယ္ဆိုရင္ အဲဒါသင့္ကို ထားသြားခ်င္ေနျပီမို႔လို႔ လမ္းစရွာေနတာျဖစ္ပါတယ္။

 

(၂) ၾကမ္းတမ္းခက္ထန္လာမယ္

 

သင့္ခ်စ္သူဟာ သင့္ကို ၿငီးေငြ႕လာျပီဆိုရင္ သင္လုပ္သမွ်အရာရာတိုင္းကို အေကာင္းျမင္ေတာ့မွာ မဟုတ္ပါဘူး။ သင့္အေပၚကုိ စိတ္ရွည္သည္းခံမႈေတြ နညး္သြားမွာျဖစ္ၿပီး ၾကမ္းတမ္းခက္ထန္တဲ့စကားေတြ၊ အျပဳအမူေတြ လုပ္လာေတာ့မွာျဖစ္ပါတယ္။

 

သင့္ခ်စ္သူက သင့္အေပၚ အရင္ကေလာက္ စိတ္မရွည္ေတာ့လို႔၊ အံ့ၾသမေနပါနဲ႔။ သင့္ကို ၿငီးေငြ႔ၿပီး ထားသြားခ်င္ေနတာျဖစ္လို႔ သူမထားခင္ သင္အရင္ ထားခဲ့လုိက္တာ အေကာင္းဆံုးပါပဲ။

 

(၃) စိတ္က တျခားေရာက္ေနတယ္

 

သင့္ကို ၿငီးေငြ႕ေနတဲ့သူတစ္ေယာက္ဟာ သင္အနားမွာ မေနခ်င္သလို၊ သင္နဲ႔လည္းအတူတူမေပ်ာ္ခ်င္ပါဘူး။ ဒါေၾကာင့္ လူက သင့္ေဘးနားေရာက္ေနရင္ေတာင္ စိတ္ကေတာ့ သင့္ဆီမွာ ရွိေနမွာ မဟုတ္ပါဘူး။

 

သင့္ေဘးနား ေရာက္ေနေပမယ့္ တစ္ခ်ိန္လံုး ဂိမ္းပဲ ေဆာ့ေနတာမ်ိဳး၊ အင္တာနက္ပဲ ၾကည့္ေနတာမ်ိဳး၊ တျခားသူေတြနဲ႔ပဲ ဖုန္းေျပာေနတာမ်ိဳးေတြက သင့္ဆီ သူ႔စိတ္ေတြ ရွိမေနေၾကာင္းျပေနတဲ့ အခ်က္ေတြျဖစ္ပါတယ္။

 

အဲလိုပံုစံအတိုင္းသာဆိုရင္ မၾကာခင္ သင့္ကို ထားသြားေတာ့မယ့္ လကၡဏာျဖစ္ပါတယ္။

 

(၄) ဖုန္းနဲ႔စာေတြကုိ မျပန္ဘူး

 

သင့္ခ်စ္သူဟာ သင့္ကို ၿငီးေငြ႕လာၿပီဆိုရင္ သင္နဲ႔စကားေျပာရတာ၊ သင္နဲ႔ဆက္သြယ္ေနရတာကို ဝန္ထုပ္တစ္ခုလို ခံစားေနရမွာျဖစ္ပါတယ္။

 

သင္ဖုန္းဆက္တဲ့အခါ မကိုင္တာ၊ ဒါမွမဟုတ္ စက္ပိတ္ထားတာ၊ သင္စာပို႔တဲ့အခါ မျပန္တာ၊ ဘယ္ေနရာေရာက္ေနမွန္းလည္း မသိေအာင္ သင့္ကို သူအဆက္အသြယ္ျဖတ္တာမ်ိဳး၊ ေရွာင္ေျပးေနတာမ်ိဳးေတြဟာ သင့္ကို ၿငီးေငြ႕ၿပီး ထားသြားခ်င္ၿပီဆုိတဲ့ လကၡဏာေတြထဲက တစ္ခုျဖစ္ပါတယ္။

 

(၅) အရင္ကနဲ႔မတူေတာ့ဘူး

 

သင့္ကုိ ၿငီးေငြ႔ေနတ့ဲ ေယာက်္ားတစ္ေယာက္ဟာ သင့္အေပၚမွာ အရင္ကနဲ႔ မတူေတာ့ဘဲ သင့္အေပၚမွာ ေျပာင္းလဲလာေတာ့မွာျဖစ္ပါတယ္။

 

 တြဲခါစကလို သင့္ကုိ ခ်စ္ခင္တာေတြ၊ ယုယတာေတြ၊ ဂရုစိုက္မႈေတြ ေလ်ာ့နည္းသြားတာ၊ သင့္ကို အေလးမထားေတာ့တာေတြ၊ ေလးေလးနက္နက္ မရွိေတာ့တာေတြ အားလံုးက သင့္ကုို ၿငီးေငြ႕ေနၿပီဆိုတာကို ျပေနတဲ့ လကၡဏာေတြျဖစ္ပါတယ္။

 

(Unicode ဖြင့်ဖတ်ရန်)

 

ယောကျ်ားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ငြီးငွေ့လာပြီ၊ ထားသွားချင်ပြီဆိုရင် အပြုအမူ၊ အပြောအဆိုတွေကအစ တဖြည်းဖြည်း ပြောင်းလဲလာမှာဖြစ်ပြီး သင့်ကို စိတ်ညစ်အောင် အမျိုးမျိုးလုပ်လာကြတော့မှာ ဖြစ်ပါတယ်။

 

တကယ်လို့ သင့်ချစ်သူဟာ ဒီလိုအချိုးတွေ ချိုးနေပြီဆိုရင်တော့ သင့်ချစ်သူကို ဖက်တွယ်မထားသင့်တော့ပါဘူး။ သူ့ကို လမ်းခွဲလိုက်ခြင်းဖြင့် သူ့ထက်ပိုကောင်းတဲ့သူနဲ့ တွေ့မှာဖြစ်ပါတယ်နော်။

(၁) ဝှက်ထားတဲ့ခံစားချက်တွေ ထွက်ထွက်လာတတ်တယ်

 

တခါတလေ စတာနောက်တာဆိုပေမယ့် အရှိုက်ကို ထိသွားတဲ့အချိန်မျိုးတွေ ကြုံဖူးကြမှာပါ။ ခုလည်း ဒီလိုပါပဲ။ သင့်ချစ်သူဟာ သင့်ကို စတာလိုလို နောက်တာလိုလိုနဲ့ သူ့ရင်ထဲမှာ ဝှက်ထားတဲ့ ခံစားချက်အစစ်တွေ ထွက်ထွက်လာတတ်ပါတယ်။

 

ဘာလုပ်နေလဲလို့ မေးလိုက်တဲ့အခါ ကောင်မလေးတွေကို ကြည့်နေတာဆိုတာမျိုးဟာ စတာလို့ ထင်ရပေမယ့် တကယ်တမ်းက သူ့ရင်ထဲက ခံစားချက်အစစ်တွေ ဖြစ်နေနိုင်ပါတယ်။

 

သူ့ရဲ့ စနောက်ခြင်းတွေမှာ သင့်စိတ်ကို နာကျင်စေတဲ့ စနိုးစနောင့်ဖြစ်စရာတွေ စကားတွေ မကြာခဏပါနေတယ်ဆိုရင် အဲဒါသင့်ကို ထားသွားချင်နေပြီမို့လို့ လမ်းစရှာနေတာဖြစ်ပါတယ်။

 

(၂) ကြမ်းတမ်းခက်ထန်လာမယ်

 

သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်လုပ်သမျှအရာရာတိုင်းကို အကောင်းမြင်တော့မှာ မဟုတ်ပါဘူး။ သင့်အပေါ်ကို စိတ်ရှည်သည်းခံမှုတွေ နည်းသွားမှာဖြစ်ပြီး ကြမ်းတမ်းခက်ထန်တဲ့စကားတွေ၊ အပြုအမူတွေ လုပ်လာတော့မှာဖြစ်ပါတယ်။

 

သင့်ချစ်သူက သင့်အပေါ် အရင်ကလောက် စိတ်မရှည်တော့လို့၊ အံ့သြမနေပါနဲ့။ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်နေတာဖြစ်လို့ သူမထားခင် သင်အရင် ထားခဲ့လိုက်တာ အကောင်းဆုံးပါပဲ။

 

(၃) စိတ်က တခြားရောက်နေတယ်

 

သင့်ကို ငြီးငွေ့နေတဲ့သူတစ်ယောက်ဟာ သင်အနားမှာ မနေချင်သလို၊ သင်နဲ့လည်းအတူတူမပျော်ချင်ပါဘူး။ ဒါကြောင့် လူက သင့်ဘေးနားရောက်နေရင်တောင် စိတ်ကတော့ သင့်ဆီမှာ ရှိနေမှာ မဟုတ်ပါဘူး။

 

သင့်ဘေးနား ရောက်နေပေမယ့် တစ်ချိန်လုံး ဂိမ်းပဲ ဆော့နေတာမျိုး၊ အင်တာနက်ပဲ ကြည့်နေတာမျိုး၊ တခြားသူတွေနဲ့ပဲ ဖုန်းပြောနေတာမျိုးတွေက သင့်ဆီ သူ့စိတ်တွေ ရှိမနေကြောင်းပြနေတဲ့ အချက်တွေဖြစ်ပါတယ်။

 

အဲလိုပုံစံအတိုင်းသာဆိုရင် မကြာခင် သင့်ကို ထားသွားတော့မယ့် လက္ခဏာဖြစ်ပါတယ်။

 

(၄) ဖုန်းနဲ့စာတွေကို မပြန်ဘူး

 

သင့်ချစ်သူဟာ သင့်ကို ငြီးငွေ့လာပြီဆိုရင် သင်နဲ့စကားပြောရတာ၊ သင်နဲ့ဆက်သွယ်နေရတာကို ဝန်ထုပ်တစ်ခုလို ခံစားနေရမှာဖြစ်ပါတယ်။

 

သင်ဖုန်းဆက်တဲ့အခါ မကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတာ၊ သင်စာပို့တဲ့အခါ မပြန်တာ၊ ဘယ်နေရာရောက်နေမှန်းလည်း မသိအောင် သင့်ကို သူအဆက်အသွယ်ဖြတ်တာမျိုး၊ ရှောင်ပြေးနေတာမျိုးတွေဟာ သင့်ကို ငြီးငွေ့ပြီး ထားသွားချင်ပြီဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

 

(၅) အရင်ကနဲ့မတူတော့ဘူး

 

သင့်ကို ငြီးငွေ့နေတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အပေါ်မှာ အရင်ကနဲ့ မတူတော့ဘဲ သင့်အပေါ်မှာ ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။

 

တွဲခါစကလို သင့်ကို ချစ်ခင်တာတွေ၊ ယုယတာတွေ၊ ဂရုစိုက်မှုတွေ လျော့နည်းသွားတာ၊ သင့်ကို အလေးမထားတော့တာတွေ၊ လေးလေးနက်နက် မရှိတော့တာတွေ အားလုံးက သင့်ကို ငြီးငွေ့နေပြီဆိုတာကို ပြနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Saturday, 30 November 2019 10:08
Rate this item
(1 Vote)
Tagged under