ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ

ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ google.com

မိန်းကလေးတွေအနေနဲ့ အသက်ငယ်တဲ့ မောင်လေးတွေဆီမှ အချစ်ကို မျှော်လင့်ကြပေမယ့်

မိန်းကလေးတွေဘဝမှာ တစ်သက်မှာတစ်ခါတော့ ကိုယ့်ထက်အသက်ကြီးတဲ့လူနဲ့တော့ ပတ်သက်ဖူးကြပါလိမ့်မယ်။

 

ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်ကို လိုချင်မိပေမယ့် မိန်းကလေးတွေကတော့ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ဆုံးအချစ်ကိုပဲ တောင့်တကြပါတယ်။

 

ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအချက်များကို ဖော်ပြလိုက်ပါတယ်။

 

နားလည်မှုရှိခြင်း

 

ကိုယ့်ထက်အသက်ကြီးတဲ့ကို ရွေးချယ်ခြင်းက သူက လောကကြီးမှာ အတွေ့အကြုံစုံလင်လှတာ နည်းတူ ရှေ့ဆက်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ပိုပြီးနားလည်ပါတယ်။

 

ကိုယ့်ဘဝအတွက် လှေကားထစ်သဖွယ် ရှေ့တက်လမ်းကို ဖြည့်ဆည်းပေးရင်း ကျောထောက်နောက်ခံ ကျေးဇူးရှင်ကြီးများ ဖြစ်တတ်ပါတယ်။

 

အကောင်းအဆိုး ၊ အကြောင်းအကျိုးများကို နည်းလမ်းတကျ ကူညီဖေးမပြီး ကိုယ့်ဘဝအတွက် လမ်းပြပေးသူ ဖြစ်ပါတယ်။

 

 

Read More >>>>>>>>  ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ - ၂

ပြတ်သားမှုရှိခြင်း

 

သမီးရည်းစားသက်တမ်းတစ်လျှောက်မှာ ကိစ္စတစ်စုံတစ်ရာပေါ်လာတိုင်း ကိုယ့်အပေါ်ချည်း အပြစ်ပုံချတတ်တဲ့ ရည်းစားမျိုးကို ဘယ်မိန်းကလေးကမှ လိုချင်တပ်မက်မှာ မဟုတ်ပါ။

 

ကိုယ့်ထက်အသက်ကြီးသူတွေကတော့ ပြဿနာတိုင်းအတွက် တာဝန်ယူဖြေရှင်းလိုစိတ်အပြည့်ဖြင့် ကူညီဖြေရှင်းပေးသွားပါလိမ့်မယ်။

 

ပြဿနာရပ်တိုင်းကို ခေါင်းအေးအေးဖြေရှင်းလိုစိတ်ရှိပြီး အမှားအမှန်ကို တိကျပြတ်သားစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 15:06
Rate this item
(1 Vote)