လင်မယားတွေကြားထဲ ယောက္ခမတွေပါလာတဲ့အခါ

လင်မယားတွေကြားထဲ ယောက္ခမတွေပါလာတဲ့အခါ google.com

ယောက္ခမတွေနှောင့်လို့အိမ်ထောင်ရေးဂယက်မထချင်ဘူးဆိုရင် ဘယ်လိုအရာတွေကိုသဘောပေါက်ထားရမလဲ

ဆိုတာပြောပြပေးပါမယ်။ လင်မယားချင်းဖြစ်ရတဲ့ပြဿနာ အများစုမှာ ကိုယ့်ရဲ့ ယောက္ခမတွေ၊ ယောင်းမတွေ၊ ယောက်ဖတွေနဲ့ ပတ်သက်တဲ့မကျေနပ်ချက် မှန်သမျှ ကိုယ့်အိမ်ထောင်ဖက်အပေါ်ကို ပုံချလေ့ရှိလို့ပါ။

 

လင်မယားတွေကြားမှာ ဖြစ်ကြတဲ့ပြဿနာတွေထဲက ငါးဆယ်ရာခိုင်နှုန်းနဲ့အထက်ဟာ ယောက္ခမတွေကြောင့်ဖြစ်တယ်လို့ မင်္ဂလာဆောင်ပြီးသွားကြတဲ့စုံတွဲတွေက ပြောလေ့ရှိကြပါတယ်။ တကယ်ပဲယောက္ခမတွေကြောင့် ရန်တွေ ဖြစ်နေရပြီလား။ လင်မယားနှစ်ယောက်ကြားထဲကဆက်ဆံရေးဟာ အခြားပယောဂတွေကြောင့်မအေးချမ်းဘူးဆိုရင် အိမ်ထောင်ရေးဟာရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

 

တိုက်ရိုက်ဆက်ဆံမှုမှာ မျိုသိပ်ကောင်းမျိုသိပ်ခဲ့ကြပြီး လင်မယားချင်း မျက်နှာချင်းဆိုင်တော့မှ ပြဿနာတွေ၊ မကျေနပ်တာတွေကို ပြန်လှန်နှိုးဆွလို့ အတွင်းကျိတ်ရန်ဖြစ်ကြပါတယ်။ အဲ့ဒီအခြေအနေဟာ ဇနီးမောင်နှံတိုင်းကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်။

 

အကောင်းဆုံးကတော့ ပြဿနာတွေကို လိပ်ခဲတည်းလည်းဖြစ်အောင် အချိန်ဆွဲမထားဘဲ ပြဿနာတစ်ခုခုဖြစ်တိုင်း အဲ့ပြဿနာကို အဓိကဖန်တီးသူနဲ့သာ တိုက်ရိုက်ပြောဆိုဖြေရှင်းလိုက်တာအကောင်းဆုံးပါပဲ။ ဒေါသထွက်ပြီး ရန်လုပ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မပြေလည်မှု၊ အဆင်မပြေမှုတွေကို အဆင်မပြေကြောင်း တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောလိုက်ရုံပါပဲ။

 

ဘာပဲဖြစ်ဖြစ် အပြန်အလှန်နားလည်မှုနဲ့ပွင့်လင်းမှုတွေဟာ လင်မယားချင်းရန်ပွဲတွေထက်တော့ ကောင်းတယ်မဟုတ်လား။ ကိုယ့်အနေနဲ့ကလည်း တစ်ခြားသူအနှောင့်အယှက်ဖြစ်စေမယ့်ကိစ္စတွေကို မပြုလုပ်သင့်သလို ပြုလုပ်နေမိရင်လည်း ပြုပြင်ပေးဖို့လိုပါတယ်နော်။

 

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 07 March 2019 16:32
Rate this item
(0 votes)
Tagged under