မိန်းကလေးတွေ သူတို့ချစ်ရတဲ့သူကို စွန့်လွှတ်လိုက်တတ်ကြတဲ့ အကြောင်းအရင်းများ

မိန်းကလေးတွေ သူတို့ချစ်ရတဲ့သူကို စွန့်လွှတ်လိုက်တတ်ကြတဲ့ အကြောင်းအရင်းများ Google

Wedding Guide ရဲ့ သတို့သားလောင်းတွေအတွက် မိန်းကလေးတွေ သူတို့ချစ်ရတဲ့သူကို စွန့်လွှတ်လိုက်တတ်ကြတဲ့ အကြောင်းအရင်းလေးတွေကို ဗဟုသုတရအောင် မင်မင်က ဖော်ပြပေးလိုက်ပါတယ်။

 

မိန်းကလေးတွေက သူတို့ချစ်ရတဲ့သူတွေအတွက်ဆိုရင် ဘယ်လိုအခက်အခဲ၊ အတားအဆီးတွေ ရှိနေပါစေ ကြံခိုင်သန်မာလွန်းကြသူတွေပါ။ ဒါပေမယ့် မိန်းကလေးတွေရဲ့ အချစ်ဟာ အကန့်အသတ်နဲ့ရှိတတ်ကြပြီး ဘယ်လောက်ပဲချစ်ချစ် စွန့်လွှတ်လိုက်တတ်ကြတဲ့ အခြေအနေတွေလည်း ရှိတတ်ကြပါတယ်။ မိန်းကလေးတွေဟာ ဘယ်လောက်ပဲ အချစ်ကြီးပါစေ ဒီအချက်တွေကြောင့်နဲ့ သူတို့ချစ်တဲ့သူကို စွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူးနော်။

 

ကိုယ့်ရဲ့ဖြစ်တည်မှု ပျောက်ဆုံးနေသလို ခံစားလာရတယ်
တစ်ချိန်လုံး သူများအကြိုက်ချည်း လိုက်ပေးနေရတဲ့အခါ၊ သူတို့ကို ပြောင်းလဲဖို့ ကြိုးစားလာတဲ့အခါမျိုးမှာ မိန်းကလေးတွေရဲ့ ပျော်ရွှင်မှုက ပျောက်ဆုံးလာတတ်ပါတယ်။ ဒီလို ချစ်သူမျိုးက သူတို့ကို အမြဲစိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေပဲ ပေးတတ်ကြတာပြီး ပျော်ရွှင်မှုဆိုတာပျောက်ဆုံးလာတတ်ကြပြီး ဒီလိုအခြေအနေဆိုးဝါးလာတဲ့အခါ သူတို့ဘယ်လောက်ချစ်ချစ် လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

 

အသိအမှတ်ပြုခြင်း မခံရဘူး
ပေးဆပ်ခြင်းမျိုးနဲ့ ချစ်ဖူးတဲ့သူတိုင်းကသာ ပေးဆပ်တဲ့ချစ်ခြင်းက ဘယ်လောက်ပင်ပန်းခက်ခဲတယ်ဆိုတာကို သိတတ်ကြတာပါနော်။ ဒီလိုပဲ relationship တစ်ခုမှာ ကိုယ့်ဘက်က အပေးရှိပြီး ပြန်မလာတဲ့ ချစ်ခြင်းမျိုးဟာ အရမ်းပင်ပန်းလွန်းပါတယ်။ နောက်ပြီး သူတို့ကို ဘယ်တော့မှ အသိအမှတ်မပြုတဲ့ သူမျိုး၊ သူတို့ရဲ့ အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ သူမျိုးကို နောက်ဆုံးမှာ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

 

လေးစားမှုတွေ မရှိဘူး
ဆက်ဆံံရေးတိုင်းမှာ respect ဆိုတဲ့ လေးစားမှုကတော့ လိုကိုလိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုတွေရှိနေမှ အပြန်အလှန်နားလည်မှုတွေ ပေးနိုင်ပြီး ဒီဆက်ဆံရေးဟာ တည်မြဲမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို လေးစားရကောင်းမှန်းမသိတဲ့ ချစ်သူမျိုးကိုတော့ ဘယ်မိန်းကလေးကမှ မလိုချင်တတ်ကြပါဘူးနော်။ ဒီလို လေးစားမှုတွေ ပျောက်ဆုံးသွားတဲ့ ဆက်ဆံရေးမျိုးကို မိန်းကလေးတွေဘက်က အဆုံးသတ်လိုက်တတ်ကြပါတယ်။

 

ဘာကြိုးစားမှုမှ မရှိဘူး
အချစ်ရေးဆိုတာ ချစ်နေရုံတစ်ခုတည်းနဲ့ မပြီးပဲ တစ်ခြားသော လိုအပ်ချက်တွေ များစွာလိုအပ်ပါတယ်။ နောက်ပြီး တစ်ယောက်တည်းကပဲ ချစ်နေ၊ ဂရုစိုက်ပေးနေရုံနဲ့လည်း မလုံလောက်ပဲ နှစ်ဦးနှစ်ဖက် ကြိုးစားပြီးတည်ဆောက်မှာ ရေရှည်အဆင်ပြေတဲ့ relationship မျိုးကို ရရှိမှာဖြစ်ပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ချိန်လုံး ကိုယ်ကပဲ ဒီဆက်ဆံရေး အဆင်ပြေဖို့ ကြိုးစားနေရတဲ့ အချစ်ရေးမျိုးကို မိန်းကလေးတွေ စိတ်ပျက်သွားတဲ့အခါ လမ်းခွဲပြတ်စဲလိုက်ဖို့ကို ဝန်မလေးတတ်ကြတော့ပါဘူး။

 


Source: Aunty May
Myanmar Wedding Guide

Read times
Rate this item
(0 votes)