ဗုဒ္ဓဟူးသားသမီးများအတွက် မတ်လတစ်လစာ ကံကြမ္မာဟောစာတမ်း....

ဗုဒ္ဓဟူးသားသမီးများအတွက် မတ်လတစ်လစာ ကံကြမ္မာဟောစာတမ်း.... google

ဗုဒ္ဓဟူးသားသမီးများအတွက်

ဤကာလအတွင်း ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။

အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ လက်ဝတ်ရတနာများကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။

ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည်။

ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ဝင်မခံရပါ။

မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။

သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။ ကွဲကွာနေသောဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ဇာတာရှင်သည် ယောကျ်ားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။

လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများအိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။

လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

စေတီတော် တစ်ဆူဆူသို့ သွားရောက်၍ တနင်္ဂနွေထောင့်တွင် မီးသက်စေ့ ပူဇော်ပါလေ။ မုန့်လုံးရေပေါ် သက်စေ့ လှူပါ။

ဆရာအောင်ချစ်မင်း

Backdrop Decorations (36)

 

Zawgyi ျဖင့္ဖတ္ရန္...

ဗုဒၶဟူးသားသမီးမ်ားအတြက္

ဤကာလအတြင္း ထီေပါက္သကဲ့သို႔ ေငြမ်ားဝင္တတ္သည္။ မိသားစု အႀကီးအကဲ လုပ္ငန္းအႀကီးအကဲ တို႔ေၾကာင့္ စိတ္ညစ္ရတတ္သည္။ အထူးသျဖင့္ ဖခင္ က်န္းမာေရး ညံ့တတ္သည္။

အလုပ္တြင္ အတိုက္အခံ အၿပိဳင္အဆိုင္ ႀကီးစြာႀကဳံမည္။ အတိုက္အခံမွန္သမွ် အႏိုင္ရမည္။ လက္ဝတ္ရတနာမ်ားေက်ာက္ျပဳတ္ထြက္ျခင္း ေပ်ာက္ျခင္း၊ ျဖစ္တတ္သည္။

ဘုရာဆင္းတုေတာ္ စြယ္ေတာ္ ရဟႏၲာပုံေတာ္မ်ား ႂကြလာတတ္သည္။ ေ႐ႊႏွင့္ အဖိုးတန္ ရတနာပစၥည္းမ်ား ဝင္လာမည္။

ပညာေရးႏွင့္ ပတ္သက္ေသာပစၥည္း လႉဒါန္းပါ။ ေျမကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။ ေျမအ ဝင္မခံရပါ။

ေျမဝင္လွ်င္ ၾကာသပေတးနံ ထုတ္ပစ္ပါ။အထူးသတိျပဳရန္ မိတ္ေဆြရင္း လုပ္ေဖာ္ကိုင္ဖက္တို႔က ဒုကၡေပးတတ္သည္။ အိမ္သို႔ အေတာင္ပါေသာ သတၱဝါမ်ား ဝင္လာတတ္သည္။ ဝင္လွ်င္ နိမိတ္ေကာင္းသည္။

သြပ္ သံ သစ္ စေသာ ေသာၾကာနံပစၥည္းမ်ား ဝင္လာတတ္သည္။ ကြဲကြာေနေသာေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ျပန္ဆုံမည္။ ရပ္ေဝးမွ ေဆြမ်ိဳးသားခ်င္းမ်ား ေရာက္လာတတ္သည္။

ခရီးအက်ိဳးေပးေသာ ကာလျဖစ္ပါသည္။ ဘုရားဖူးခရီး သြားရတတ္သည္။ သူခိုး၊ မ်က္ေစ့ အက်ခံရတတ္ေသာ ကာလျဖစ္၍ သူခိုး အခိုးခံရတတ္ေၾကာင္း သတိျပဳပါေလ။

ဇာတာရွင္သည္ ေယာက်္ားျဖစ္ပါက အိမ္ေထာက္က်လွ်င္ ေကာင္းပါသည္။ မဂၤလာေဆာင္လွ်င္ စည္ကားေသာ မဂၤလာေဆာင္ျဖစ္မည္။အိမ္ေထာင္ပရိေဘာဂ အိမ္သုံးပစၥည္း ဝင္တတ္သည္။

လုပ္ငန္းႏွင့္ ပတ္သက္၍ နာမည္ေကာင္းရျခင္း ေနရာေကာင္းရျခင္း၊ လုပ္ငန္းတိုးခ်ဲ႕ရျခင္းမ်ား လုပ္ရတတ္သည္။ အိမ္ေထာင္မရွိသူမ်ားအိမ္ေထာင္က်တတ္ေသာ ကာလျဖစ္သည္။

အလုပ္ေနရာ၊ အိမ္ေနရာ ျပင္ဆင္မြမ္းမံရျခင္း ေျပာင္းေ႐ႊ႕ရျခင္း လုပ္ရတတ္သည္။ အိမ္သစ္ေဆာက္လွ်င္ ေကာင္းအခ်ိန္ ျဖစ္သည္။

လုပ္ငန္းအသစ္ေပၚျခင္း (သို႔မဟုတ္) လက္ရွိအလုပ္ႏွင့္ ပတ္သက္၍ အဆက္အသြယ္သစ္မ်ား ေပၚလာလိမ့္မည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။

ေစတီေတာ္ တစ္ဆူဆူသို႔ သြားေရာက္၍ တနဂၤေႏြေထာင့္တြင္ မီးသက္ေစ့ ပူေဇာ္ပါေလ။ မုန႔္လုံးေရေပၚ သက္ေစ့ လႉပါ။

ဆရာေအာင္ခ်စ္မင္း

Backdrop Decorations (36)

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under