(၉) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၉) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၉ ရက် ၊ ၁၈ ရက် ၊ ၂၇ ရက် မွေးဖွားသောမိတ်ဆွေများကို (၉) ဂဏာန်းသမားများ ဟုခေါ်သည်။

 

အပြောင်းအလဲ ကြီးကြီးမားမားဖြစ်အံ့။အပြောင်းအလဲများအားလုံးသည် အကောင်းတွေဖြစ်အံ့။ မိမိတစ်သက်လုံးယူဆထားတဲ့ အယူအဆတွေ ၊အတွေးအခေါ်၊ခံယူချက်တွေလည်းပြောင်းလဲသွားအံ့။ အလုပ်နေရာ အိမ်နေရာတွေလည်းပြောင်းလဲရအံ့။

 

အလိမ်ခံရတတ်။သတိထားပါ။ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို ကိုင်တွယ်ခြင်းလုံးဝမပြုသင့်။ သူတပါးဒုက္ခကြောင့် ဒုက္ခရောက်တတ်။ သဘာဝအန္တရယ်ဖြစ်တဲ့ မီး၊ဘေး၊ရေဘေး၊လေဘေး များကို သတိထားသင့်။

 

ဘာကိုပဲလုပ်လုပ် စိတ်ထိန်းပြီး အလုပ်လုပ်ပါ။ ဒီအချိန်မှာ စိတ်မထိန်းနိုင်တဲ့အဖြစ်အပျက်တွေ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်မိတာတွေကြုံရတတ်။ ကျန်းမာရေးနဲ့ပက်သက်လို့လဲ ဂရု စိုက်ဖို့လိုပါတယ်။အာရုံကြောနဲ့ပက်သက်တဲ့ရောဂါ တွေရတတ်ပါတယ်။

 

အချစ်ရေး - ရင်ခုန်သံတွေမြန်နေမယ် … ။ စိတ်လှုပ်ရှားမှုေတွေ များနေမယ် … ။ ချစ်သူအပေါ်ကို အရင်ကထက်ပိုပြီး သဝန်တွေတိုနေမယ် … စိတ်မချနိုင်ဖြစ်နေမယ် … ။ စိတ်ဆိုးလွယ် စိတ်ကောက်လွယ် စိတ်ပြေလွယ် … ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေ များနေမယ် …။ ကွဲမလိုပြတ်မလိုဖြစ်နေတယ်ဆိုရင် လက်ရှိအခြေအအနေအတိုင်း ကြန့်ကြာမြဲမြံနေပါလိမ့်မယ် … ။

 

အိမ်ထောင်ရေး - စိတ်ပူစရာတွေ ပျော်ရွှင်ကြည်နူးစရာတွေ ရောထွေးနေအံ့ … ။ တစ်ခါတရံ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင် မျက်နှာကြောမတည့်ဖြစ်နေအံ့ …။ မကြာခဏ အယူအဆအမြင်များကွဲလွဲငြင်းခုန်ရအံ့ … ။ ကြီးကဲသူများ ဝင်ရှုတ်တတ် … ။ စိတ်တူကိုယ်တူ အကြံအစည်များ အောင်မြင်လတ္တံ့ …။

 

ငွေရေးကြေးရေး - ငွေရေးကြေးရေး စီးပွားရေး နဲ့ပက်သက်လို့ကတော့ ထင်မှတ်မထားလောက်အောင် အောင်မြင်မယ့်နှစ်ဖြစ်အံ့။ ပြေလည်ရာပြေလည်ကြောင်း၊ကောင်းရာကောင်းကြောင်း၊အေးရာအေးကြောင်း အခြေအနေတွေ ကြုံတွေ့ရပါလိမ့်မယ်။ ငွေကြေးအကြံအစည်တွေအောင်မြင်မယ် …။ ငွေကြေးအခက်အခဲ အကြပ်အတည်းက လွတ်မြောက်မယ် … ။

 

အနှစ်ချုပ်အားဖြင့် … ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံေနေပါစေ။ ဘယ်လောက်ပဲအဆင်မပြေမှုတွေကြုံတွေ့နေရပါစေ။နောက်ဆုံးမှာတော့ အားလုံးအဆင်ပြေသွားလတ္တံ့။

 

၁။ အလုပ်နေရာ အိမ်နေရာ ပြောင်းလဲရတတ်

၂။ အိမ်ပြင် အိမ်ဆောက် ပြုလုပ်ရတတ်

၃။ ရေလမ်းခရီး လေလမ်းခရီးမှ ဧည့်သည်များ မကြာခဏရောက်တတ်

၄။ ကားအသစ်ဝင်မည်

၅။ မကြာခဏ ခရီးထွက်ရတတ်

၆။ ရုတ်တရက် ရာထူးတိုးခြင်း စီးပွားတိုးတက်ခြင်း ကြုံရတတ်

၇။ မိတ်ဆွေရင်း တစ်ယောက်အတွက် စိတ်ပူရတတ်

၈။ အောက်လက်ငယ်သား သားသမီး အိမ်ကနေ ထွက်သွားတတ်

၉။ အိမ်တစ်လုံးတည်းတွင်မိသားစု နှစ်စု ပူးပေါင်းနေထိုင်ရတတ်

၁၀။ မကြာမှီ အိမ်ပိုင် သို့မဟုတ် မိမိ စိတ်တိုင်းကျအိမ်ရတတ်

၁၁ ။ ရင်ဘတ်အောင့်ရောဂါ ရတတ်

၁၂ ။ အောက်လက်ငယ်သား သားသမီး ရွှေရတနာအတွက် စိတ်ပူရတတ်

၁၃။ ယားနာဖြစ်တတ် ဆေးလိမ်းစရာမလို အလိုလို ပျောက်ကင်းအံ့

၁၄။ ငွေအစုလိုက် အပုံလိုက် ရတတ်

၁၅။ စက်ပစ္စည်းများ ပျက်အံ့ ။ အသစ်မဝယ်ဘဲ ပြင်သုံးပါ။

 

အကျိုးပေးအဆောင် - စိန် ၊ ငွေ ၊ ပလက်တီနမ်

အကျိုးပေးအရောင် - အဖြူ ၊ အဝါနု ၊ ဆင်စွယ်ရောင်

သင့်တော်သည့် ဓါတ်စာ - မုန်လာ ၊ ကရဝေး ၊ အခွံမာသစ်သီးများ ၊ သစ်ချ ၊ ပေါင်မုန့် ၊ ကွေကာအုပ်

သတိ ထားသင့်သည့် အန္တရာယ် - မြေပြို ၊ တွင်းပြို ၊ တောင်ပြို

သတိထားသင့်သည့် ရောဂါ - အကြော ၊ အိပ်မပျော် ၊ မျက်စိ

နေ့ကောင်း - ဗုဒ္ဓဟူး ၊ သောကြာ

ရက်သာ - ၅ ၊ ၁၄ ၊ ၂၃

 

ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် သစ်သီး (၅)လုံး ၊ သောက်တော်ရေ(၅)ခွက် ၊ ဖယောင်းတိုင် (၅)တိုင် အိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။
သက်ကြီးရွယ်အို သူတောင်းစားတစ်ဦးကို ရေသန့်မကြာခဏလှူပါ…။ ရေ၊လေ၊အောက်စီဂျင်နှင့်ပက်သက်သော အလှူအတန်းများ မကြာခဏပြုလုပ်ပေးပါ။

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Saturday, 09 January 2021 12:27
Rate this item
(1 Vote)
Tagged under