ချစ်သူရွေးချယ်မှု မှန်ကန်ကြစေဖို့

ချစ်သူရွေးချယ်မှု မှန်ကန်ကြစေဖို့ google.com

အချစ်ဆိုတာ ကို တန်ဖိုးထားတဲ့ သူဆီကိုပဲ တန်ဖိုးရှိတဲ့ အချစ်ဆိုတာ ရောက်လာတတ် တာပါ ။ အသက် အရွယ် ရောက်လာတာ နဲ့ အမျှ ချစ်သူ ရည်းစားတွေလည်း ရှိချင်လာမယ် ။

ဒါပေမဲ့ ကောင်လေးတွေ အနေနဲ့ ကတော့ ကိုယ်နဲ့ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်တဲ့သူ ၊ ကိုယ် မကြိုက်တဲ့ အကျင့်စရိုက်တွေ ရှိတဲ့သူ ၊ ကိုယ်နဲ့ တွဲသွား တွဲလာ လုပ်ဖို့ မသင့်တော် တဲ့သူ ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လက်မခံလောက်တဲ့ သူ ... စတဲ့ သူတွေကို ချစ်စကား မပြောသင့်ပါဘူး ။

မိန်းခလေးတွေ ကလည်း ကိုယ့်ကို ကောင်လေးတွေ အများကြီး စိတ်ဝင်စား တာကို ဂုဏ်ယူ မနေသင့်ဘူး ။ ကိုယ့်ကို တန်ဖိုးထားတဲ့သူ ၊ ကိုယ့်အပေါ်မှာ စစ်မှန်တဲ့ အချစ်ရှိတဲ့သူ ၊ ကိုယ်နဲ့ လက်တွဲလို့ တင့်တယ်တဲ့ သူ ကိုသာ ရွေးချယ် စဉ်းစားသင့် ပါတယ် ။

ချစ်သူ ရည်းစားများတယ် ဆိုတာ ပျော်ရွှင် ကျေနပ်စရာ မကောင်းပါဘူး ။ အခန့် မသင့်ရင် ချစ်သူ ရည်းစားများလို့ ဒီဘက်ခေတ်မှာ အသေသတ် ခံရနိုင်တယ် ။

နောက် တခုက ချစ်သူတွေ အဖြစ် လက်တွဲလာပြီးမှ ပိုသိလာရတဲ့ တဖက်သားရဲ့ အကျင့်နဲ့ စရိုက်ကို မကြိုက်ရင် ချစ်သူ သက်တမ်း ဘယ်လောက်ပဲ ကြာကြာ လက်မထပ်သင့် ပါဘူး ။ လမ်းခွဲတဲ့ အခါမှာလည်း ပြေလည်စွာပဲ နှစ်ဦး သဘောတူ လမ်းခွဲရမယ် ။

နှစ်ဘက်စလုံး အတွက် စရိုက် မကောင်းတဲ့ သူကို ရွေးချယ်မိရင် ၊ ချစ်သူ တော်မိရင် စိတ်ညစ် ရမယ် ။ ဒါဟာ အန္တရာယ် ရှိတယ် ။ ဒါကြောင့် သူတဖက်သားကို စိတ်အလိုလိုက်ပီး အလွယ်တကူနဲ့ ချစ်တယ် လို့ မပြောပါနဲ့။ အချိန်ယူပါ ။ သေသေချာချာ လေ့လာပါ ။ ထပ်ခါ ထပ်ခါ စဉ်းစားပါ ။ ဖြစ်ကြည့် ပျက်ကြည့် စိတ်ကူးပါ ။ ပြီးတော့မှ ရှေ့ဆက်ပါ ။

အချစ်ဆိုတာကို တန်ဖိုးထားတာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားရာ ရောက်ပါတယ် ။ တခု သတိထားရမှာက ချစ်သူရည်းစား ထားလိုက်တဲ့ အခါ ချစ်သူဟာ ကိုယ့်ရဲ့ လူယုံ ဖြစ်မသွားပါဘူး ။ ဒါကြောင့် သိုဝှက်ပါ ။ ကိုယ့်တာဝန် ကိုယ်ယူကြပါ ။

ဘဝမှာ ပြည့်စုံ ကောင်းမွန်တဲ့ အချစ်ကို မတွေ့လို့ တယောက်တည်း နေထိုင်ရတဲ့ အခါ သိမ်ငယ်စရာ မကောင်းပါဘူး ။ စိတ်သွားတိုင်း ကိုယ်ပါ ပညာလေ့လာ ခရီးသွား စတဲ့ ပျော်စရာ အများကြီးပါ ။

စိတ်ညစ်ရတဲ့ အချစ်မျိုးကို ရှောင်ရှားနိုင်ပြီး တန်ဖိုးရှိတဲ့ အချစ်မျိုးနဲ့ ဆုံစည်းနိုင်ကြ ပါစေ ။ ဘယ်လောက်ပဲ တန်ဖိုး ရှိရှိ အပြန်အလှန် နားလည်မှု ၊ ညှိနှိုင်းမှု ၊ စာနာမှု မရှိရင်လည်း လမ်းခွဲဖို့ဆိုတာ ဖြစ်လာတတ်တာလည်း မမေ့စေလိုပါ ။

 

Myanmar Wedding Guide

 

Credit: Original uploader

Read times Last modified on Wednesday, 19 September 2018 10:30
Rate this item
(1 Vote)