အသက်ကွာတဲ့လူနဲ့ လက်တွဲတော့မယ်ဆိုရင်

အသက်ကွာတဲ့လူနဲ့ လက်တွဲတော့မယ်ဆိုရင် google.com

ကိုယ့်ထက်အသက်ငယ်တဲ့သူတစ်ယောက်နဲ့လက်တွဲချင်တယ်လို့စိတ်ထဲရှိခဲ့ဖူးလား။

ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်နဲ့တွဲရတာဟာ အရမ်းပျော်စရာကောင်းမယ်လို့ထင်ခဲ့မိဖူးလား။ လေ့လာတွေ့ရှိချက်တွေအရတော့ အသက်ကွာခြားချက်များလေလေ လမ်းခွဲဖို့ ရာနှုန်းများလေလေပါတဲ့။

 

ရွယ်တူချင်းလက်ထပ်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ကြတဲ့အခါလေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေကြားမှာ အသက်တစ်နှစ်ကွာခြားခြင်းကကွာရှင်းဖို့ရာနှုန်းကို ၃ ရာခိုင်နှုန်းမြင့်တက်စေနိုင်ပါတယ်။ အသက်ငါးနှစ်ကွာခြားခြင်းက လမ်းခွဲစေဖို့ ၁၈ ရာခိုင်နှုန်းတိုးမြှင့်စေနိုင်ပြီး အသက်ဆယ်နှစ်ကွာခြားခြင်းကတော့ လမ်းခွဲဖို့ရာခိုင်နှုန်း ၃၉ ရာခိုင်နှုန်းတောင်ရှိပါတယ်တဲ့။ ဒါကြောင့် အချစ်ရေးတွေမှာ အသက်ကွာခြားခြင်းက အရေးပါသလားဆိုရင် ပါတယ်လို့ဆိုရမှာပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဆိုပေမယ့် ဘဝအတွက် အသင့်တော်ဆုံး လူတစ်ယောက်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုသေချာထည့်စဉ်းစားပေးပါ။

 

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ ကိုယ့်ထက် အသက်ငယ်တဲ့အမျိုးသမီးတွေကို ကြိုက်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ ရွယ်တူကို ပိုကြိုက်တတ်လေ့ရှိကြပါတယ်။ အသက်ငယ်လေလေ ပိုသဘောကျစရာကောင်းလေလေ ဆိုတဲ့အချက်ဟာ တကယ်တော့မမှန်ပါဘူး။ အမျိုးသားတွေအတွက်တော့ မှန်တယ်လို့ထင်စရာရှိပေမယ့် ကြာရှည်လက်တွဲနိုင်ဖို့တော့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

 

တကယ်တော့ ရွယ်တူဖြစ်နေတယ်ဆိုရင်တောင်မှ ပျော်ရွှင်စရာကောင်းလွန်းတဲ့ အချစ်ရေးတစ်ခုပိုင်ဆိုင်ရမယ်လို့ အာမခံချက်မပေးနိုင်ပါဘူး။ ဒါ့အပြင် အသက်ကွာခြားလွန်းခြင်းက အကြိုက်တွေကိုကွဲပြားစေတတ်ပါတယ်။ အကြိုက်တူညီခြင်းက သူစိမ်းတွေကိုတောင်မှ အတော်ရင်းနှီးသွားစေတတ်သလို အကြိုက်တွေကွဲပြားခြင်းကလည်း ချစ်သူတွေကိုတောင်မှ လမ်းခွဲစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။

 

ဒီလိုပြောလို့ လမ်းခွဲရမှာ စိုးရိမ်ပြီး ကိုယ်သဘောမကျဘဲ သဘောကျတယ်တို့၊ သဘောကျရဲ့သားနဲ့ မကြိုက်ဟန်ဆောင်တာမျိုးတွေတော့ မလုပ်ပါနဲ့နော်။ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ရိုးသားမှုရှိပါ။ ပွင့်ပွင့်လင်းလင်းပြောပါ။ အခုခေတ်စားနေလို့တို့၊ သူ ကြိုက်လို့လိုက်ကြိုက်တယ်တို့စတာမျိုးတွေ ဘယ်တော့မှမပြောပါနဲ့။ အသက်ကိုလည်း ဘယ်တော့မှမလိမ်ပါနဲ့။ မရိုးသားခြင်းက အသက်ကွာခြားခြင်းထက် လမ်းခွဲမှုကို ပိုဖြစ်စေနိုင်ပါတယ်နော်။

 

Credit : Gandawin

Myanmar Wedding Guide

Read times Last modified on Tuesday, 09 April 2019 17:04
Rate this item
(1 Vote)