ကောင်လေးတွေ သဝန်တိုရင် လုပ်တက်တဲ့  အရာများ

ကောင်လေးတွေ သဝန်တိုရင် လုပ်တက်တဲ့  အရာများ google

ကောင်လေးတွေ သဝန်တို လာရင် မိန်းခလေးတွေလို ပွင့်ပွင့် လင်းလင်း ထုတ်မပြောပြ တတ် တာကြောင့် ဘာဖြစ်မှန်း မသိဘူး ဖြစ်နေတတ် ပါတယ်။

ဒီခြေနေကို မိန်းခလေး ဘက်က နားမလည် ရင်တော့ ပြသနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ် ပါတယ် ။ သင့် ချစ်သူ ကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပီ ဆိုရင်တော့ သူ သင့်ကို သဝန်တို နေတယ်ဆိုတာ သေချာနေပါပီ။

 

 

ဂရုစိုက် တတ်တယ်

 

ဂရုစိုက် ခံရတာကို မိန်းကလေးတိုင်း နှစ်သက်ပါတယ်။ ဒါမယ့် ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲ ဆိုတာတွေကို အရင်ကထက် ပိုဂရုစိုက်လာပါတယ်။

 

 

အဆက်အသွယ်ဖြတ်

 

သဝန်တိုတယ် ဆိုတာ ကိုယ့်မှာ ရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု နဲ့ ကြုံရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖို့ ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့ သဝန်တိုမှု ဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။

 

 

အပြစ်တင်

 

သဝန်တိုလာတဲ့ အခါ သင့်ကို အပြစ်တင် တာတွေ လုပ်လာပါတယ်။ ဘာမှ မဟုတ်တဲ့ အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင် ပါတယ်။ အပြစ်တင် ရမယ့် ကိစ္စဆိုရင်လည်း လိုတာထက်ပိုပီး ပြောဆိုတာတွေ လုပ်ပါတယ်။

 

 

စပြီး ဂရုမစိုက် တော့ဘူး

 

စကား ပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက် သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်ပြောတဲ့ စကား ထဲမှာ ယောက်ျားလေး အကြောင်း ပါလာရင် သူ့ဘက်က ဂရုမစိုက်သလို ပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။

 

 

သိရခက်တဲ့ လက္ခဏာ

 

ယောကျာ်းလေး တစ်ယောက် သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - သူ့ထက် တခြား တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူ ရှိတာကို မကြိုက်တာမျိုးပါ။ ဒီလို ခံစား နေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြ တတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူး ဖြစ်နေတတ် ပါတယ်။ ဒီ ခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ ပြသနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

 

 

ထေ့ငေါ့မှု

 

သူ့ ဘက်က ထေ့တာ ငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသ ထွက်ပီး ပြောဆိုတဲ့ အခါမှာလည်း ပြန်မပြောဘဲ ငြိမ်ခံနေတတ်ပါတယ်။ ဒီလို အခြေအနေက သင်တို့နှစ်ယောက် ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက် မရှိဘူးလို့ ခံစားရတဲ့ အချိန်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under