သားသမီးရှိသူတိုင်းမဖြစ်မနေဖတ်သင့်တဲ့ စာလေးတစ်ေစာင်

သားသမီးရှိသူတိုင်းမဖြစ်မနေဖတ်သင့်တဲ့ စာလေးတစ်ေစာင် google.com

၁။ မိဘ(သို့မဟုတ်) ချစ်ခင် ရသူတွေအပေါ် သက်ရောက်နေတဲ့  အန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေဟာ ကလေးငယ်တွေရဲ့ စိတ်ခံ စားမှုကို များစွာထိခိုက်စေပါတယ် ။

ဒါကြောင်လည့်း သူတို့ချစ်ရတဲ့ သူတွေကို ရိုက်ဟန်ြပတဲ့အခါ ရှိုက်ကြီးတငင်ငိုကြွေးကြတာဖြစ်ပါတယ် ။

 

 

 

၂။ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာကလေးငယ်ရဲ့ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးသက်ရောက်နေတဲ့ အရာပဲဖြစ် ပါတယ် ။ ဒါကြောင့် မျိုးရိုးဗီဇတစခုတည်းနဲ့ကလေးတစ်ယောက်ရဲ့ အကျင့်စရိုက်တွေကို သတ်မှတ်ထားလို့မရနိုင်ပါဘူး။

 

 

 

၃။ မိဘတွေနဲ့ကလေးငယ်တွေရဲ့ ဆက်ဆံရေးဟာကလေးငယ်တွေရဲ့ ပြင်ပကမ္ဘာနဲ့ဆက်ဆံမယ့်ဆက်ဆံရေးတစ်ခုပါ။ မိဘရဲ့ယုံကြည်မှုနဲ့နွေးထွေးမှုကိုရတဲ့ ကလေးတွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး သဘောထားပြည့်ဝတဲ့ ကလေးတွေဖြစ်လာတတ်ပါတယ် ။

 

 

 

၎။ ကလေးငယ်တစယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ မွေးဖွားပြီးချိန်မှ အသက်သုံးနှစ်အတွင်း အများဆုံးဖြစ်ပေမယ့်အသက် သုံးနှစ်နောက်ပိုင်းမှာဖွံဖြိုးမှုတွေ ရပ်တန့် သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်ကလေးငယ်ကို ဖွံ့ဖြိုးတိုးတက်စေမယ့်အခွင့်အရေးတွေကို အမြဲမပြတ်ဖန်တီးပေးဖို့လိုပါတယ် ။

 

 

 

၅။ လျစ်လျူရှုခြင်းခံရတဲ့ ကလေးငယ်တွေဟာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကလေးငယ်တွေလိုပဲ ကျန်းမာရေးထိခိုက်မှုနဲ့ဖွံ့ဖြိုးမှုနှောင်နှေးခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ် ။

 

 

 

၆။ အကြမ်းဖက်မှုတွေ၊ မိဘတွေရဲ့ ရန်ပွဲတွေကို မကြာခဏမြင်တွေ့ရတတ်တဲ့ ကလေးငယ်တွေဟာ စိတ်ဖိစီးမှုများလာတတ်ပြီး ရန်လိုတတ်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာတတ်ပါတယ် ။

 

 

 

၇။ ကလေးငယ်တွေကို အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ရှားခြင်းဟာ ကလေးငယ်ရဲ့ ဘဝကနေ အဆိုးမြင်ဝါဒတွေ ဖယ်ရှားခြင်းပါပဲ။

 

 

Credit;Gandawin Magazine

Read times Last modified on Wednesday, 19 September 2018 10:34
Rate this item
(2 votes)