အခြေအနေ တစ်ခုကြောင့် လမ်းခွဲ ဖြစ်ခဲ့ ရင်

အခြေအနေ တစ်ခုကြောင့် လမ်းခွဲ ဖြစ်ခဲ့ ရင် google

အခြေအနေတစ်ခုကြောင့် …မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့

ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ်။ ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်။

 

ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြရတာပါပဲ တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ။ အနားမှာ ထွက်ခွါသွားသူကို ကျေးဇူးတင်လိုက်ပါ။ သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ။

 

ဘဝဆိုတာ ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ်။ ကိုယ်က မုန်းနေပြန် တော့လည်းတစ်ဖက်သားက ချစ်နေပြန်တတ်တယ် ချစ်ခြင်းမုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့ သူတစ်ပါကြောင့်လည်းကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့ ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ။

 

Crd:  အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

 

Myanmar Wedding Guide

Read times Last modified on Tuesday, 14 May 2019 16:57
Rate this item
(2 votes)
Tagged under