ကိုယ့်ကိုအရမ်းချစ်နေတယ်ဆိုတာ သိနိုင်တဲ့အချက်များ

ကိုယ့်ကိုအရမ်းချစ်နေတယ်ဆိုတာ သိနိုင်တဲ့အချက်များ google.com

အောက်မှာပါတဲ့ အချက်လေးတွေ ရှိနေပြီဆိုရင်တော့ သူဘက်က ကိုယ့်ကို အရမ်းချစ်နေပြီဆိုတာ သေချာပါတယ်။

နှစ်ဦးအတူရှိနေခြင်း

 

သင့်ချစ်သူက အလုပ်များတတ်တဲ့လူ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် သင့်ချစ်သူက သင်နဲ့အတူရှိခွင့်ရဖို့က သူ့အတွက် အရေးကြီးတယ်လို့ ခံယူထားတဲ့အတွက်ကြောင့် သူဘက်ကနေပြီး အချိန်ရအောင်လည်း ကြိုးစားပါလိမ့်မယ်။

 

နှစ်ဦးနားလည်မှုပေးခြင်း

 

ရံဖန်ရံခါ ကိုယ့်ချစ်သူရဲ့ ဖုန်းကို မကိုင်မိခြင်း၊ စာမပြန်မိခြင်းအစရှိတာတွေကို သူဘက်က သံသယမဝင်ပဲ အလိုက်သိတတ်မယ် ဆိုရင်တော့ သူက သင့်အတွက် အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။

 

ယုံကြည်မှုရှိခြင်း

 

သူ့ဘက်က ကိုယ့်ကို အရမ်းချစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အမြဲအားပေးပါလိမ့်မယ်။ အချစ်စစ်ဟာ ဘယ်တော့မှ သင့်ကို လဲကျအောင် ထိုးနှက်မှာ မဟုတ်ပါ။

 

ဂရုစိုက်ခြင်း

 

သင့်ကို ချစ်နေတဲ့သူတစ်ယောက်က သင့်အနားမှာ တစ်နေ့လုံး ရှိနေပေးမယ်၊ ဆေးသောက်ဖို့ သတိပေးမယ်၊ စွပ်ပြုတ်ပူပူလေးတစ်ခွက် လုပ်ပေးမယ်ဆိုရင်တော့ သင်ပျော်နေမိမှာပါ။

 

သို့မဟုတ်ဘဲ သင့်အနေနဲ့ ဖျားနာနေချိန်မှာ သူဘက်က ဂရုမစိုက်ဘူးဆိုရင်တော့ သင့်ကို သူသိပ်မချစ်လို့ပဲလို့ ခံယူကြလိမ့်မယ်။

 

Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(3 votes)