မိန်းကလေးတွေရစ်ရခြင်းအကြောင်းရင်း

မိန်းကလေးတွေရစ်ရခြင်းအကြောင်းရင်း google.com

မိန်းကလေးတွေရဲ့မွေးရာပါဗီဇကတော့ ရစ်တာပါပဲ။ တခြားဟာတွေသာမလုပ်ရင်နေမယ်

ရစ်ဖို့ကတော့အမြဲအဆင်သင့်ပါပဲ။ ချစ်သူတွေရယ်လို့ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ပေးဆပ်ခြင်းတွေနဲ့ ဂရုစိုက်ခြင်းတွေပေးဖို့လိုအပ်ပါတယ်။ ဒီတော့မိန်းကလေးတွေရဲ့မွေးရာပါအမူအကျင့်လေးတစ်ခုဖြစ်တဲ့ ရစ်တာကို ကောင်လေးတွေက နားလည်မှုပေးမှသာ ပိုမိုပျော်ရွှင် တဲ့ချစ်ခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

မိန်းကလေးတွေရစ်တာကို တချို့ကောင်လေးတွေက နားလည်ပေးပြီးချစ်နိုင်ပေမယ့် တချို့ယောင်္ကျားလေးတွေအတွက်တော့ စိတ်ရှုပ်၊ စိတ်ပျက်စရာဖြစ်သွားတတ်ကြပါတယ်။ မရစ်တဲ့မိန်းကလေးဆိုတာကတော့ ရှာမှရှားပါပဲ။ ရစ်တယ်ဆိုတဲ့အလုပ်ကို ယောင်္ကျားလေးတွေက အရက်မူးမှလုပ်နိုင်ပေမယ့် မိန်းကလေးတွေကတော့ မသောက်ဘဲလုပ်နိုင်ပါတယ်။ တကယ်တော့ ချစ်လို့ရစ်တာပါတဲ့။ သူနဲ့အတူမရှိတဲ့အချိန်တွေမှာ ကိုယ့်ကောင်လေးက ဘာတွေလုပ်နေလဲ ဘယ်တွေသွားနေလဲဆိုတာ သိချင်လို့ရစ်တာဖြစ်ပြီး ကိုယ့်ကောင်လေးကိုအရမ်းချစ်ပြီး ဂရုစိုက်လို့ပါတဲ့။

 

မိန်းကလေးတွေဟာ အချစ်နဲ့ပတ်သက်ပြီး အလေးအနက်ထားကြပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေကို တခြားလူတစ်ယောက်က စိတ်ဝင်စားပြီးအသေးစိတ်သိချင်တယ်ဆိုတာ တကယ်ချစ်တဲ့စိတ်ကြောင့်ပါ။ မိန်းကလေးတွေဟာ သူတို့စိတ်မ၀င်စားတဲ့လူဆိုရင် အဖတ်ကိုမလုပ်ကြပါဘူး။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ကိုချွဲ့နွဲ့ပြီး ရစ်နေပြီလား။ ဒါဆိုရင်တော့ သူတို့ပြောသလို ချစ်လို့ရစ်တယ်လို့ပဲ ခံယူလိုက်ပါ။

 

Read More: အထီးကျန်တယ်လို့ခံစားရတဲ့အခါဒါလေးတွေလုပ်ပါ
lonely girl 600x400

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 10:51
Rate this item
(1 Vote)