အင်္ဂလိပ်လိုရေးထားတဲ့ရည်းစားစာကို ၈ တန်းနှစ်ခါကျကျောင်းသားကိုဘာသာပြန်ခိုင်းလိုက်သောအခါ

အင်္ဂလိပ်လိုရေးထားတဲ့ရည်းစားစာကို ၈ တန်းနှစ်ခါကျကျောင်းသားကိုဘာသာပြန်ခိုင်းလိုက်သောအခါ google.com

“အေးကြည်မ ရော့”

 

“ဟဲ့ အဲ့ဒါဘာတုန်း”

 

“ရည်းစားစာ”

 

“ဗုဒ္ဓေါ”

 

အေးကြည်မ အံ့သြလွန်းလို့ရင်ဘတ်ကို ဖိထားရတယ်။ ငြိမ်းမောင်ကတော့ ခပ်တည်တည်ပဲ

 

“ယူလေ”

 

“အိ … မယူပါဘူး”

 

“အင့်ဟာ .. ယူ”

 

ငြိမ်းမောင်က စာကိုအေးကြည်မလက်ထဲ ထိုးပေးပြီး ပြန်သွားရော။ အေးကြည်မတစ်ယောက် လမ်းပေါ်မတ်တတ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရော။ သိလည်းသိချင်သေး၍စာကိုဖွင့်ကြည့်လိုက်လေတော့ ……

 

“ကျွတ် .. ငြိမ်းမောင်တော့ ငါ့ကိုပညာပြသွားပြီ”

 

ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည်။ သူမလည်း မဖတ်တတ် ဖတ်တတ်ဖြစ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှ တူဖြစ်သူအား ဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည်။

 

“တူလေး ဒါလေးဖတ်ပြ”

 

“ဘာလေးလဲ”

 

တူတော်မောင်က အေးကြည်မလက်ထဲမှစာအား ဆွဲယူလိုက်ပြီးဖွင့်ကြည့်လိုက်သည်။ ပြီးနောက် ..

 

“မုန့်ဖိုးပေးမှ ဖတ်ပြမယ်”

 

“အေးပါဟယ် နှစ်ရာ ပေးမယ်”

 

“မရဘူး တစ်ထောင်ပေးရမယ်”

 

“ဟော”

 

“မပေးလည်းရတယ်နော် မဖတ်ဘူး”

 

“ပေးမှာပါဟာ ဖတ်ပြနော်”

 

“ပြီးရော”

 

ငတိက စာရွက်ကိုဖွင့်ကာ ကြည့်ပြီးပြုံးလိုက်သေးသည်။ အမှန်တော့ သူလည်းသေသေချာချာမသိ ရှစ်တန်း ၂ ခါကျထားသူဖြစ်သည်။

 

“ယူအာမိုင် စကိုင်း”

 

“You are my sky”

 

“အဲ့ဒါ ဘာလဲဟဲ့”

 

“နင့်ဖက်ကစပြီး ကိုင်းပေးပါ”

 

“ဟဲ့ .. ဘယ်လိုတုန်းဟ”

 

အေးကြည်မ တွေး၍မရချေ။ ပထမဆုံးမို့ နားမလည်ခြင်းဖြစ်နိုင်သည်ဟု တွေးလိုက်၏။

 

“ဆက်ဖတ်”

 

“အိုင်အမ် သယ် ဘရိုက်ဂျက် စတား”

 

“I am the brightest star”

 

“ပြောပါဦးဟဲ့”

 

“မင်းကို အလင်းရောင်ဝင်တဲ့အထိ ကျယ်အောင်လုပ်ပေးမယ်”

 

“အို့ .. ဘယ်လိုကြီးတုန်း”

 

အေးကြည်မ အဖြေရှာရ ပိုခက်လေပြီ။ ဘာတွေမှန်းမသိ ..

 

“ဆက်ဖတ်ပါဟာ”

 

“အိုင်ဟုပ် ယွာ လက်ဖ်”

 

“I hope your love”

 

“အေး အဲ့ဒါ ဘာတုန်း”

 

“ငါ မင်းရဲ့လက်ကို ဟက်မယ်တဲ့”

 

“ဘာ ..”

 

“အသ်ဖ်ယူ လက်ဖ်မီ ရီတန်းဘက်ခ်တူမီ”

 

“If you love me, return back to me”

 

“အဲ့ဒါက ဘာလဲ”

 

“မင်းငါ့လက်ကိုပြန်ဟက်ချင်ရင်တော့ ငါတို့အတန်းဖက်ကိုလာခဲ့ပါတဲ့”

 

“ဖွီး … မိုက်ရိုင်းတဲ့ကောင်”

 

အေးကြည်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ပြီးနောက် ငြိမ်းမောင်ရှိရာ တမာ တန်းဖက်သို့ထွက်လာခဲ့လေတော့သည်။ သူမကို ကျယ်အောင်ချဲ့မည်လည်းပြောသည်၊ လက်ကိုလည်းကိုက်ဦးမည်၊ သူမအားလည်း ပြန်ကိုက်ခိုင်းသေးသည်။ တွေ့ပြီ .. ငြိမ်းမောင်တော့ တွေ့ပြီ ..

 

“ငြိမ်းမောင်”

 

“ဟင် အေးကြည်မ”

 

“ဖြန်း”

 

“ရော့ ပြန်ယူ”

 

ငြိမ်းမောင်ခမျာ .. စာရွက်ကလေးကိုင်ပြီး ပါးလေးပွတ်ကာ ကျန်နေခဲ့လေတော့သည်။ စိတ်နာနာနဲ့ စာရွက်ကလေးပြန်ကြည့်တော့ ကျောဖက်မှာစာပြန်ရေးထားတာတွေ့လိုက်ရသည်။

 

“ခန့်ဇော် .. ဒုတိယနှစ် ရှစ်တန်း ရမ်းသမ်းဘာသာပြန်သည်” တဲ့။

 

“ဖွီး .. သောက်ကလေး ဒီတစ်နှစ်လည်း စာမေးပွဲအောင်မှာမဟုတ်ဘူး” မှတ်စမ်း အင်္ဂလိပ်လို ရည်းစားစာပေးချင်ဦး။

 

Nnnt ငြိမ်းမောင်

By Myanmar Live

Read times Last modified on Wednesday, 19 September 2018 10:46
Rate this item
(0 votes)
Tagged under