ချစ်သူ‌ကောင်းတစ်ယောက်နှင့်တွေ့ဆုံနိုင်အောင် ကူညီပေးမယ့်နည်းလမ်း (၆)ခု

ချစ်သူ‌ကောင်းတစ်ယောက်နှင့်တွေ့ဆုံနိုင်အောင် ကူညီပေးမယ့်နည်းလမ်း (၆)ခု Google

ကိုယ့်အပေါ် မကောင်းတဲ့လူတစ်ယောက်ကြောင့် အသဲတွေကွဲသလို ခံစားရပြီးတဲ့အခါ နောက်ထပ်ချစ်ဖို့တောင် ကြောက်နေတတ်ပါတယ်။

 

ဒါပေမဲ့လည်း ကောင်းတဲ့လူတွေ အများကြီး ရှိပါသေးတယ်။ အဓိကက သင်နှင့် တွေ့ဆုံရမည့်အချိန်မတန်သေးလို့ပါ။ သင်နှင့် မသင့်တော်တဲ့လူတစ်ယောက်ကို ချစ်မိခဲ့မိလို့သာ ကြေကွဲခံစားခဲ့ရတာပါ။ ဒါကြောင့် သင်နှင့် ထိုက်တန်တဲ့ လူကောင်းတစ်ယောက်ကို ရှာတွေ့စေနိုင်မယ့် နည်းလမ်းတွေကို ဖတ်ကြည့်လိုက်ပါ။

 

(၁) သူငယ်ချင်းတွေကို မေးပါ

သင့်ကို စိတ်ဝင်စားနေတဲ့ လူတွေများ ရှိသလားလို့ သင့်သူငယ်ချင်းတွေကို မေးပါ။ သူငယ်ချင်းတွေဆိုတာ ယုံကြည်ချစ်ခင်ရတဲ့ လူကောင်းတွေဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့သူငယ်ချင်းတွေဟာလည်း သူတို့လို လူကောင်းတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင် တွေ့ကြည့်သင့်ပါတယ်။

 

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

သင့်မှာ ယုံကြည်မှုမရှိဘူးဆိုရင် မှန်ကန်တဲ့လူတစ်ယောက်ကို တွေ့ဖို့ ခက်ခဲနိုင်သလို ဘယ်သူနဲ့မှလည်း မတွေ့နိုင်ပါဘူး။

 

(၃) မသိစိတ်ကို ယုံကြည်ပါ

လူတစ်ယောက်နှင့် စတင်မတွဲခင်မှာ သင့်မသိစိတ်က ပြောတဲ့စကားသံကို နားထောင်ပေးပါ။ အမျိုးသမီးတွေရဲ့ အလိုလိုသိစိတ်ဟာ မှန်ကန်တတ်ပေမဲ့ အများစုဟာ လျစ်လျူရှုတတ်ကြပါတယ်။ ဒါကြောင့် လျစ်လျူမရှုလိုက်ပါနဲ့။

 

(၄) ချဉ်းကပ်ပါ

တစ်ခါတစ်ရံမှာ လူကောင်းတစ်ယောက်ကို စောင့်နေရုံနှင့် မဖြစ်နိုင်ပါဘူး။ သင်က အရင်စပြီး ချဉ်းကပ်ရပါမယ်။ ဒါကြောင့် သင့်ကိုယ်သင် စတင် မိတ်ဆက်ပြီး ပြုံးပြပါ။ သူက လူကောင်းတစ်ယောက်ဆိုရင် အသိအမှတ်ပြု တန်ဖိုးထားမှာပါ။

 

(၅) အစစ်အမှန် ဖြစ်ပါစေ

လူဆိုးက လူဆိုးနှင့်ပဲ တွဲသလို လူကောင်းက လူကောင်းနှင့်ပဲ တွဲပါတယ်။ အကယ်၍ သင်ဟာ မကောင်းတဲ့လူတွေနှင့် တွေ့ခဲ့တယ်ဆိုရင် တစ်ခုခု မှားနေတာဖြစ်ပါလိမ့်မယ်။ အဖြေကတော့ သင့်ကိုယ်ပိုင်အစစ်အမှန်ကို သင် ဖုံးကွယ်ခဲ့လို့ဖြစ်ပါတယ်။ သင့်ကို ပိုပြီး အထင်အမြင်ကြီးလာအောင် မုသားအဖြူရောင်တွေ ပြောမိတာဖြစ်ပါလိမ့်မယ်။ ပြီးတော့ အကျည်းတန်တဲ့အမှန်တရားတွေကို ဖုံးကွယ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ထက် ပိုပြီး မရိုးသားတဲ့လူတွေနှင့် တွေ့ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း စစ်မှန်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် သင့်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေနှင့် အထင်ကြီးအောင် လုပ်မယ့်အစား သင့်ကိုယ်သင် အစစ်အမှန်အတိုင်း ဖော်ပြနိုင်အောင် ကြိုးစားပါ။

 

(၆) ကိုယ့်ကိုယ်ကို ချစ်ပါ

လူကောင်းတွေဆိုတာ ကိုယ့်ကိုယ့်ကို ကျေနပ်ရောင့်ရဲနိုင်ပြီး အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်ပါတယ်။ သင်ဟာ သင့်ကိုယ်သင် မုန်းတယ်ဆိုရင် အမုန်းသမားနှင့်ပဲ တွေ့မှာပါ။ သင့်ကိုယ်သင် ချစ်တတ်မယ်ဆိုရင်တော့ သင့်လိုလူမျိုးကို တွေ့မှာပါ။ လူဆိုတာ တူရာ စုကြတယ်ဆိုတဲ့ စကားရှိပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ချစ်ဖို့ သင်ယူပါ။

 


Ref: beautyandtips.com

Read times
Rate this item
(1 Vote)