လက်ထပ်မယ့်အစီအစဉ်နဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဖြေဆိုထားကြတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးများ

လက်ထပ်မယ့်အစီအစဉ်နဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဖြေဆိုထားကြတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးများ Myanmar Wedding Guide

ထိုင်းအနုပညာရှင်တွေအတော်များများဟာ သူတို့တွေရဲ့အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ သတင်းအကြောင်းအရာတွေကို ဖုံးကွယ်ထားခြင်းမရှိပဲ အသိပေးထားကြတယ်ဆိုတာကို ပရိသတ်တွေသိထားပြီးဖြစ်မှာပါ။

ဒီလိုမျိုးအသိပေးထားကြတဲ့သူတွေထဲကမှ အခုဖော်ပြပေးမယ့် သရုပ်ဆောင်မင်းသမီး ၃ လက်ဟာဆိုရင် သူမတို့ရဲ့ချစ်သူတွေနဲ့ လက်ထပ်မယ့်အစီအစဉ်နဲ့ပတ်သတ်ပြီး မေးမြန်းလာတဲ့မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်းဖြေဆိုပေးထားကြသူတွေဖြစ်ပါတယ်။

 

Yaya Urassaya

Yaya urassaya | Urassaya sperbund, Most beautiful faces, Face photography

 

မင်းသမီး Yaya Urassaya ကတော့ သူမဟာ ချစ်သူ Nadech Kugimiya ဆီကနေ လက်ထပ်ခွင့်တောင်းလာမှာကို စောင့်ဆိုင်းနေတယ်ဆိုတာကိုပြောပြခဲ့ဖူးပြီး ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံရတာက သူမအတွက်ရော၊ မိန်းကလေးတွေအားလုံးအတွက်ပါ အိပ်မက်တစ်ခုဖြစ်တယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။

 

Bella Ranee

 

Ranee Campen - Wikipedia

 

မြန်မာပရိသတ်တွေရဲ့အချစ်တော်မင်းသမီးလေးတစ်လက်ဖြစ်တဲ့ Bella ရဲ့ အဖြေကတော့ Yaya ရဲ့အဖြေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ Bella က သူမအနေနဲ့ လက်ထပ်ဖို့စိတ်ကူးမရှိသေးကြောင်း၊ အလုပ်အကိုင်နဲ့ပတ်သတ်ပြီး အချစ်ရေးမှာပါ အခုလက်ရှိပျော်ရွှင်အဆင်ပြေနေကြောင်းကို နောက်ဆုံးဖြေဆိုသွားတဲ့အင်တာဗျူးမှာ ဖြေဆိုဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

 

Min Pechaya

 

TodaySharing Media: Min Pechaya thaistar

 

Min ကလည်း Bella နဲ့ ထိုနည်းလည်းကောင်းပါပဲ။ သူမအနေနဲ့ လက်ရှိမှာ ချစ်သူနဲ့လက်ထပ်ဖို့ အစီအစဉ်မရှိသေးကြောင်း၊ ဒါဟာလည်း အရေးတကြီးပြုလုပ်ရမယ့်ကိစ္စမဟုတ်ကြောင်းနဲ့ လက်ရှိအချိန်မှာ သူမတို့နှစ်ယောက်လုံးပျော်ရွှင်နေကြာင်းကို ပြောထားတာ တွေ့ရပါတယ်။

 

Ref : Thai Update

Read times Last modified on Saturday, 10 October 2020 13:18
Rate this item
(0 votes)