14.11.2019 မှ 20.11.2019 အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း
14.11.2019 မှ 20.11.2019 အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း google
တနင်္ဂနွေ
ဒီကာလအတွင်း မထင်မှတ်ထားသော အလုပ်ဟောင်းများမှ တိုးတတ်မှုကိုမြင်ရတတ်ပါတယ်။ ကံကောင်း နေတတ်ပါတယ်။ ကြံစည်လုပ်ကိုင်ဆောင်ရွက်သမျှငွေရဖို့ဖြစ်လာတတ်ပါတယ်။ နာမည်ဂုဏ်သတင်းကျော်ကြား တတ်ပါတယ်။ ကြော်ငြာများကတဆင့် မိမိအကျိုးခံစားရလိမ့်
မယ်။ လုပ်ငန်းကိုကြော်ငြာဖို့ ငွေမနှမြောသင့်တဲ့နေ့ ရက်ပါပဲ။ ရာထူးတိုးဖို့ အခွင့်အရေးပေါ်လာတတ်ပါတယ်။ အောက်ခြေလွတ်တာ၊ မာန်မာနကြီးတာမျိုးတွေက မိမိရင် မှာကိန်းအောင်းနေတတ်ပါတယ်။ နည်းပညာအလုပ်များ ဆက်သွယ်ရေးနဲ့ ပက်သက်သော အလုပ်များအောင်မြင်
တတ်ပါတယ်။
ဆွေမျိုးတွေလာလည်ပြီးပြန်သွားရင် မိသားစုအတွင်း ရန်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ စက် ပစ္စည်းနှင့်ဆိုင်သော လုပ်ငန်းများ၊ ဆေးဝါနဲ့ပက်သက်တဲ့အလုပ်များ အဆင်ပြေလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ ဖြစ်တတ်ပါတယ်။
မီးယပ်နဲ့ပက်သက်သော ရောဂါတွေသတိထားပါ။ အချစ်ရေး မှာစန်းပွင့်နေတာကြောင့် အချစ်ဟောင်းထက် အချစ်သစ်ကို ပိုမိုစိတ်ရောက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်နဲ့ အစစအရာရာ စိတ်ကူးမတူ လွဲချော်နေရတတ်ပါတယ်။
ပညာရေးမှာတော့ အတွက်အချက်စာ ရင်းဇယားနဲ့ပက်သက်ပြီး ပညာရတတ်ပါတယ်။
အကျိုးပေးဂဏန်း 1/2/8 အထူးဟော ဆန္ဒတွေပြည့်ဝလာမည်။ ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။
တနင်္လာ
ဒီကာလအတွင်း လုပ်စရာအလုပ်သစ်တွေပေါ်လာမည်။ အလုပ်ဟောင်းမှာလဲ မပြီးပြတ်ဘဲရှုပ်နေတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ အစေးမကပ်သလို ဖြစ်ရတတ်ပါတယ်။
မောင်နှမတွေနဲ့ စကားများရတတ်ပါတယ်။ အသုံးစရိတ်ချွေတာလိုက်ပါ။ စိတ်ညစ်စရာတွေကတော့ ကြုံနေရတတ်ပါတယ်။ မိခင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
တစ်ခုကောင်းတာက မိမိအတွက်လိုအပ်တဲ အဆက်အသွယ်တွေရလာတတ်ပါတယ်။ လိုအပ်နေတဲ့ သတင်းအချက်တွေ၊data တွေစုဆောင်းနိုင်ပါလိမ့်မယ်။လက်ဝတ်ရတနာအဟောင်းများဝင်လာတတ်ပါတယ်။
စိန် ဝယ်ချင်တာမျိုးဆို ဒီကာလမှာဝယ်လို့ သင့်တော်ပါတယ်။ အလုပ်အသစ်တစ်ခုခုလျှောက်မယ်ဆိုရင်တော့ ရလွယ်တာ ကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့ အရေပြားယားယံတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ စိတ်ညစ်ရာကနေ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရတတ်ပါတယ်။ အချစ်
ရေးမှာတော့နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်ဘဝကနေ ချစ်သူဘဝကိုရ လိမ့်မယ်။ အိမ်ထောင်ဘက် ရာထူးတတ်လိမ့်မယ်။ အိမ်ထောင်ဘက်အလုပ်များနေတာကိုတော့ မိမိကနားလည်ပေး ရလိမ့်မယ်။ ပညာမာနရှိပြီး ငါသိငါတတ်လုပ်မှုကြောင့် ပညာရသင့်သလောက်မရတာမျိုးတွေဖြစ်
ရတတ်ပါတယ်။
အကျိုးပေးဂဏန်း 3/5/9 အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။ ယတြာ ငါးစာကျွေးပါ။ငှက် ၂ကောင်ဝယ်လွှတ်ပါ။
အင်္ဂါ
ဒီကာလမှာတော့ လခစားအလုပ်များနှင့် ကာယအားစိုက်ထုတ်ရတဲ့ အလုပ်ကနေပဲ ငွေဝင်တတ်ပါတယ်။ ပြောလိုရင်းကတော့ လွယ်လွယ်ငွေမဝင်နိုင်တဲ့ နေ့ရက်တွေဖြစ်နေတာပါပဲ။ ဘာလုပ်လုပ် ဖြေးဖြေးမှန်မှန်လုပ်စေချင် ပါတယ်။ ထိမိခိုက်မိတာ၊ accident အသေးစားလေးတွေ
ဖြစ်ရတာမျိုး ြကုံရတတ်ပါတယ်။ စိတ်ရှည်မှသည်းခံမှ အဆင်ပြေမဲ့နေ့ပါပဲ။ မိမိကလူငယ်တစ်ယောက်ဆို စည်းကမ်းတွေ ဖောက်ဖျက်ပြီး လူကြီးတွေရဲ့ဆုံးမစကားကို ချုပ် ချယ်နေတယ်လို့ထင်နေမိတတ်ပါတယ်။ ယာဉ်ကား ခြံရောင်းချခြင်းများ အခက်အခဲတွေ့ရနိုင်ပါတယ်။
ဒီကာလဟာ ခရီးထွက်မယ်ဆိုရင်လဲ ထင်ထားသည်ထက် ငွေပိုကုန်တတ်ပါတယ်။ တစ်ခုအဆင်ပြေတာက လူချစ်လူခင်များပြီး ကူညီမဲ့သူပေါမဲ့ကာလပါပဲ။ အမိအဘတွေကို ကောင်းစွာလှူဒါန်းခွင့်တွေ ရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ အစာမကြေ လေထိုးလေအောက် ဖြစ်
ရတတ်ပါတယ်။အစားမှန်မှန်စားပေးပါ။ အချစ်ရေးမှာတော့ ပြောင်းပြန်တွေ ဖြစ်နေတတ်ပါတယ်။ မိမိချစ်နေသူနဲ့ ဝေးနေရတတ်ပြီး မိမိကိုယ်တစ်ဖက်သတ်ကြိုက်နေသူက အနားမှာရစ်ဝဲနေရ တတ်ပါတယ်။ အိမ်ထောာင်ရေးမှာတော့ အေးစက်စက်ဖြစ်နေတဲ့ အိမ်ထောင်ရေးအခြေအနေ
ပါပဲ။ ပညာရေး ကေ
တာ့ သင်ချင်တဲ့ပညာကများနေပြီး ဆုံးဖြတ်ချက်မချနိုင်ဖြစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း 3/8/6 အထူးဟော ကံအကောင်းအဆိုးမျှပါလိမ့်မယ်။ ယတြာ အိတ်စောင်တရားစာအုပ်လေးများ နီးစပ်သူတွေကိုလှူဒါန်းပေးပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း အပြောင်းအလွဲမြန်နေသော အချိန်ဖြစ်ပါတယ်။ အလုပ်ခွင်အတွင်း လိုအပ်တဲ့အပြောင်း အလဲလုပ်မှလဲ အဆင်ပြေပါလိမ့်မယ်။ ကတိပျက်သူများ၊ ချိန်းထားတာလွဲခြင်းများနှင့် စာချုပ်ဖောက်ဖျက်သူများနဲ့ ကြုံရတတ်ပါတယ်။ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေလွှဲမှု
များမှ အမြတ်အစွန်းရတတ်ပါတယ်။ မိမိတတ်ထားတဲ့ ပညာကိုအကျိုးရှိစွာ အသုံးချတတ်ဖို့လိုပါတယ်။ မိမိပညာနဲ့ ရပ်တည်အဆင်ပြေနေတတ်ပါတယ်။ အိမ်ထောင်ဘက် ရဲ့အကူအညီကြောင့် အလုပ်တွေ ငွေပိုဝင်လာတတ်ပါတယ်။ လူမှုရေးအားကောင်းသူများ မျက်နှာချိုသူများဒီ
ကာလ မှာပိုမိုအဆင်ပြေရတတ်ပါတယ်။
လှူအတန်းတွေလဲ ပြုခွင့်ရပါလိမ့်မယ်။ လိမ္မာသော သားသမီးကြောင့်စိတ် ချမ်းသာရပါလိမ့်မယ်။ ရေနဲ့ပက်သက်သော လုပ်ငန်းများ အကျိူးအမြတ်ကြီးစွာရရှိနိုင်ပါတယ်။ ကျန်းမာရေးကတော့ အရမ်းအေးတဲ့နေရာတွေကို ခရီးသွားမိရင် ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ မတည်ငြိမ်
သောအချစ်ေရး အခြေအနေကို တွေ့ရတတ်ပါတယ်။ အချစ်ဟောင်းနဲ့ဝေးနေပြီး အချစ်သစ်နဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အညံ့အဆိုး သိပ်မတွေ့ရပါဘူး။ အဆင်ပြေသာယာလိမ့်မယ်။ ပညာရေးကတော့ ကြိုးစားသမျှအရာထင်မယ်
အကျိုးပေးဂဏန်း 4/5/0 အထူးဟော အလုပ်စီးပွားကောင်းလာမည်။ ယတြာ နီးစပ်သူတွေကို သစ်သီးတစ်မျိုးမျိုး ဝယ်ကျွေးလိုက်ပါ။
ကြာသပတေး
စက်မှုနဲ့ပက်သက်သော အလုပ်တွေ၊ ယာဉ်ကားနဲ့ပက်သက်သော အလုပ်တွေ ပိုမိုအဆင်ပြေတတ်ပါတယ်။ အငြိမ်မနေရတဲ့ အလုပ်မှန်သမျှ ကောင်းပါတယ်။ အထိုင်လုပ်နေရတဲ့ ဈေးဆိုင်များ ဆိုင်ရှင်းတာမျိုး ၊ အထားအသို ပြင်ဆင်တာမျိုးတွေလုပ်ပေးမှ ရောင်းပန်းဝယ်ပန်းတွေ ပွင့်
လာပါလိမ့်မယ်။ နိုင်ငံခြားငွေဝင်တတ်ပါတယ်။ နိုင်ငံခြား နဲ့ ဆက်စပ်လုပ်ငန်းများ အဆင်ပြေတိုးတတ်မည်။ စိတ်လေနေတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ မိမိလုပ်ချင်တာကတစ်မျိုး၊ ဖြစ်နေတာကတစ်မျိုးတွေ ကြုံရတတ်ပါတယ်။ ပေါ်ပင်အလုပ်တွေကို ဦးစားမပေးပါနဲ့။ ရေရှည်အတွက်
စဉ်း စားလုပ်ကိုင်ပါ။ ငွေေြကး ရင်းနှီးမြုပ်နှံမှုတွေ မှားတတ်ပါတယ်။မလိုအပ်ဘဲငွေမမြုပ်နှံဖို့ ပြောချင်ပါတယ်။ အတိတ်က ပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ မရည်ရွယ်ဘဲ ခရီးတွေ ထွက်ရတတ်ပါတယ်။ ကျန်းမာရေးဂရု စိုက်သင့်ပါတယ်။ ခါးနာမည်။ ချော်လဲမည်။
သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူကအပြစ်မရှိအပြစ်ရှာနေလဲ အဆင်ပြေအောင်
သည်းခံလိုက်ပါ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ မူမမှန်မှုတွေကို ကြုံရရင်သတိထားပါ။ မိမိမသိအောင် လုပ်ထားတာတွေရှိလိမ့်မယ်။ ပညာရေး စိတ်မပါသလို ဖြစ်နေတတ်ပါတယ်။ ငွေသွင်းပြီးမှ သင်တန်း မတတ်ချင်သလိုဖြစ်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း 1/5/9 အထူးဟော စိတ်လေနေတတ်ပါတယ်။ ယတြာ သက်ကြီးရွယ်အိုတွေကို သဘက်တစ်ထည်လှူလိုက်ပါ။
သောကြာ
ဒီကာလမှာ စကားများစွာ ငြင်းခုန်ပြောဆို ရတတ်ပါတယ်။ ယာဉ်၊ ကား၊ စက်ပစ္စည်း ၊ မြေယာနှင့် အဆောက် အဦးတို့နဲ့ပက်သက်ပြီး ငွေရတတ်ပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ လုပ်ကိုင်ရသူတွေကတော့ သတိထားပါ။ စာရွက်စာတန်း ပျောက်ရှမှုတွေ၊စာရင်းဇယားမှားမှု
တွေကို အထူးကြုံရတတ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ဆုတံဆိပ်ချီးမြင့်ခံရခြင်း တွေကြုံရတတ်ပါတယ်။ ခရီးသွားလာမှုတွေမှာတော့ အဆင်ပြေချောမွေ့နိုင်ပါတယ်။ စိတ်ထဲလိုချင်တာတွေကို ရဖို့ ဦးစားမပေးလိုက်ပါနဲ့။ ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးဆောင်ရွက်လိုက်ပါ။
အနုပညာ နဲ့ပက်သက်သောအလုပ်များ အခက်အခဲတွေများနေတတ်ပါတယ်။ ပွဲတွေစီစဉ်ပြီးမှ ပျက်ရတတ်ပါတယ်။
အပျောက် အရှများနေတတ်ပါတယ်။ သူခိုးခိုးလဲ ခံရတတ်ပါတယ်။ တန်ဖိုးရှိပစ္စည်းတွေကို မမေ့ပျောက်လိုက်ပါနဲ့။ အဆုတ် အအေးပတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အချစ်ရေးကတော့ ရန်ဖြစ်ပြီးမှာပဲ ပြေလည်မှုတွေပြန်ရ တတ်ပါတယ်။ ချစ်သူမရှိသေးသူဆိုရင်တော့
အွန်လိုင်း
ကနေ ချစ်သူရလွယ်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ စကားကပ် ပြောတာမျိုး၊ မိမိမာနကိုထိခိုက်စေတဲ့စကား ပြောတာမျိုးကြောင့် စကားအကြီးအကျယ ်များတတ်ပါတယ်။ ပညာရေး ကတော့ အဆင်ပြေမည်။ တွက်စာပိုင်းအားကောာင်းနေမည်။
အကျိုးပေးဂဏန်း 1/3/5 အထူးဟော စိုးရိမ်ပူပန်ရတာတွေများနေတတ်ပါတယ်။ ယတြာ ပန်းအဖြူ ၅မျိုးဘုရားကပ်လှူလိုက်ပါ။
စနေ
အများကိုအမှီပြုပြီး အကျိုးများရတတ်ပါတယ်။ တပည့်များ၊ ဆွေမျိုးများနဲ့ ဆက်စပ်ပြီး အလုပ်အော်ဒါတွေရ လာတတ်ပါတယ်။ ဆရာမိဘများကြောင့် ငွေထွက်တတ်ပါတယ်။ မထင်မှတ်ဘဲ စိုင်ကော်လို့ခြုံပေါ်ရောက်တဲ့ ကံဖြစ် မည်။ ကံစမ်းမဲကူပွန်ကနေ ဆုကြီးကြီးပေါက်တာမျိုး ဖြစ်
တတ်ပါတယ်။ရေရှည်ရင်းနှီးမြုပ်နှံထားတဲ့ အလုပ်တွေက ဒီကာလမှာအကျိုးအမြတ် ကြီးပါလိမ့်မယ်။ အတိတ်က မိမိတပည့်တွေက လာရောက်ကန်တော့တာမျိုးတွေ ကြုံရ တတ်ပါတယ်။ နေရာသစ်၊ဒေသသစ်မှာ စီးပွားရှာလို့ ကောင်းသလို၊ အွန်လိုင်းစီးပွားရေးကိုလဲ ဆောင်ရွက်ခြင်းဖြင့်
အဆင်ပြေတိုးတတ်မှုတွေကြုံရမဲ့ကာလပါပဲ။
အိမ်ကတစ်နေရာ အလုပ်ကတစ်နေရာဆိုတာမျိုး လုပ်နေသူတွေက ပိုမိုအဆင်ပြေနိုင်ပါတယ်။ ကျန်းမာရေး အညံ့အဆိုးနည်းပါတယ်။ အမောမခံနိုင်တာမျိုး ဖြစ်ရတတ်ပါတယ်။ တောင်တတ်ရတဲ့ခ ရီးတွေကို သတိထားလိုက်ပါ။ အချစ်ရေးမှာ လူမျိုးခြားနဲ့ ချစ်သူဖြစ်လွယ်တဲ့ကာလပါပဲ။
အသက်ြကီးသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိပါဘူး။သာယာတဲ့ အိမ်ထောင်ရေးဘဝ မိသားစုဘ၀ ကိုရပါလိမ့်မယ်။ ပညာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ ပညာရှာလို့ကောင်းပါတယ်။
အကျိုးပေးဂဏန်း 1/3/7 အထူးဟော ကံမြင့်နေမည်။ ယတြာ ဘုရားရှင်အား ယပ်တော်သွင်းပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ညာရေး ကတော့ သင်ချင်တဲ့ပညာကများနေပြီး ဆုံးဖြတ်ချက်မချနိုင်ဖြစ်ရတတ်ပါတယ်။
ဗုဒ္ဓဟူး/ရာဟု
တယ်။ မတည်ငြိမ်သောအချစ်ေ
ကြာသပတေး
ကိုင်ပါ။ ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေ မှားတတ်ပါတယ်။
သောကြာ
စနေ
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 20 February 2020 16:57
Rate this item
(0 votes)
Tagged under