လိုတာထက်ပိုချစ်မိရင် တန်ဖိုးမဲ့လာတတ်ပါတယ်

လိုတာထက်ပိုချစ်မိရင် တန်ဖိုးမဲ့လာတတ်ပါတယ် google.com

အချစ်ဆိုတာကတော့ ဆန်းကြယ်လွန်းတဲ့အရာလို့ ဆိုရမှာပါ။ အချစ်ဆိုတာ ဘာလဲဆိုတာကို လူတိုင်းက အဓိပ္ပါယ် အမျိုးမျိုးနဲ့ ဖွင့်ဆိုတတ်ပါတယ်။

 

အရာတိုင်းမှာ သတ်မှတ်ထားတဲ့ အကောင်းဆုံးအရာဆိုတာ ရှိပါတယ်။ တော်သင့်သလောက် ပမာဏနဲ့ ညီတူမျှတူ ဟန်ချက်ညီနေတာမျိုးကတော့ ကြည်နူးစရာ အချိန်လေးတွေဆီကို ခေါ်ဆောင်သွားနိုင်ပါတယ်။ ချစ်သူတွေကြားက ချစ်ခြင်းတွေကလည်း ဒီအတိုင်းပါပဲ။ ဘယ်လောက်ပဲ ချစ်တဲ့ချစ်သူတွေ ဖြစ်နေပါစေ လိုတာထက်ပိုချစ်မိရင် တန်ဖိုးမဲ့လာတတ်ပါတယ်။ အချစ်ဆိုတာကတော့ ဆန်းကြယ်လွန်းတဲ့အရာလို့ ဆိုရမှာပါ။ အချစ်ဆိုတာ ဘာလဲဆိုတာကို လူတိုင်းက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဖွင့်ဆို တတ်ပါတယ်။ တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကတော့ အခုချိန်ထိကို လူတစ်ယောက်နဲ့ တစ်ယောက် လက်ခံထားပုံခြင်း မတူညီဘဲ ဖြစ်နေတုန်းပါပဲ။ အချစ်ဆိုတာအတွက် ချစ်သာချစ်ပါလို့ အကြံပြုချင်ပါတယ်။

 

အချစ်ဆိုတာ ချစ်တယ် ဆိုတဲ့အတိုင်းပဲထားလိုက်ရင် သာယာကြည်နူးစရာကောင်းသလောက် အချစ်မှာ တစ်ခုခုပိုတိုးလာရင်တော့ ခံစားရလာပါတယ်။ သိပ်ရစ်တတ်တဲ့ ချစ်သူဆိုတာ ပိုချစ်တာခံချင်လို့ ရစ်တာတွေ ဖြစ်လာနိုင်သလို သဝန်တိုတာတွေလည်း ဖြစ်လာတတ်ပါတယ်။သိပ်ချစ်တတ်တဲ့သူတွေမှာ အားနည်းချက် တစ်ခု ရှိပါတယ်။ ကိုယ်ချစ်တဲ့ သူအတွက်ဆိုရင် ဘာနေနေ ကိုယ်က အလျှော့ပေးလိုက်မယ်။ နှစ်ယောက်သားကြားက ကတောက်ကဆလေးတွေ ပေါ်လာရင် ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ်ကပိုချစ်တာပဲ။ ခွဲမှ မခွဲနိုင်တာ အရင်ဆုံးစပြီး မှားပါတယ် တောင်းပန်လိုက်မယ်ဆိုတဲ့ စိတ်က အလိုလို ဝင်လာတတ်ပါတယ်။

 

အရာတိုင်းမှာ ကိုယ်မှားလည်း တောင်းပန်ရတာက အကြောင်း မဟုတ်လည်း သူမှားလည်း ကိုယ်က အလိုလို တောင်းပန်တတ်လာတာတွေက ကြာလာရင်တော့ တန်ဖိုးမဲ့လာတတ်ပါတယ်။ လိုအပ်တာထက် ပိုချစ်မိသွားတဲ့ သူတွေမှာတော့ ချစ်သူနဲ့ပတ်သက်တဲ့အရာတိုင်းက ကိုယ်ကချည်း တောင်းပန်စရာ ဖြစ်လာတာမျိုးကို သတိပြုပေးပါနော်။ကိုယ်ချစ်သူကို ချစ်ပါ။ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်တာက သိပ်လှတဲ့အနုပညာလို့ တင်စားနိုင်ပေမယ့် လိုအပ်တာထက် ပိုချစ်မိရင်တော့ တန်ဖိုးမဲ့လာတတ်တာကို သတိပြုဖို့ ပြောပြပေးလိုက်ရပါတယ်။

 

 

 

Credit;Marry

Read times Last modified on Thursday, 18 October 2018 11:13
Rate this item
(1 Vote)