စစ်မှန်တဲ့ ချစ်ခြင်းတွေကိုသက်သေပြနေတဲ့ နှစ် ၃၀၀၀ ကျော်က အရိုးစုတစ်ခု

စစ်မှန်တဲ့ ချစ်ခြင်းတွေကိုသက်သေပြနေတဲ့ နှစ် ၃၀၀၀ ကျော်က အရိုးစုတစ်ခု google

အားလုံးပဲ မင်္ဂလာပါရှင်။ရှေးခေတ်လူမျိုးစုတွေရဲ့ အချစ်ကြီးပုံတွေကို သက်သေပြနေတဲ့ အရိုးစုစုံတွဲ အကြောင်းလေးကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဝေမျှပေးချင်ပါတယ်။

ရှေးခေတ်အမျိုးသမီးတစ်ယောက်ဟာ သူချစ်ရတဲ့ အမျိုးသားနဲ့ နောင်ဘဝဆက်တိုင်း ချင်ခင်ပေါင်းသင်းနိုင်ဖို့ ထိုအမျိုးသားသေဆုံးချိန်မှာ အတူတူမြေမြှုပ်ခံခဲ့ကြတာဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုထားပြီ

း အရိုးစုနှစ်ခုဟာ ပွေ့ဖက်လျက်သားရှိနေတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

ထိုအရိုးစုကို ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ternopil မြို့တောင်ဘက် Petrykiv အမည်ရှိတဲ့ရွာမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ထိုအရိုးစုကို ကြေးခေတ်က စုံတွဲတစ်တွဲရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

အမျိုးသမီးရဲ့ ညာဘက်လက်နဲ့ အမျိုးသားကို ဖက်ထားပီး သူမရဲ့ ခြေထောက်က အမျိုးသားရဲ့ခြေထောက်ပေါ်မှာကွေးပီးတင်ထား တဲ့ပုံဖြစ်နေပါတယ်။

ဝတ်စားဆင်ယင်ပုံတွေကတော့ ကြေးခေတ်ပုံစံဖြစ်ပြီး မြေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကိုပါ ပူးတွဲတွေ့ရှိခဲ့ရပါတယ်။

ဆေးပညာရှင်တွေရဲ့လေ့လာချက်တွေအရ သေဆုံးပီးသားအမျိုးသမီးတစ်ယောက်ကို ယခုပုံစံမျိုးနေရာချဖို့မဖြစ်နိုင်ကြောင်းသေချာတဲ့အတွက် အမျိုးသမီးဟာ ရှင်ရက်နဲ့ မြေမြှုပ်ခံခဲ့တာသေချာနေခဲ့ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီးဟာ အဆိပ်သောက်သုံးခဲ့တယ်ဆိုတဲ့ ယူဆချက်ပါ။

အမျိုးသမီးဟာ သူရဲ့ ချစ်သူနဲ့နာက်ဘဝမှာအတူတူပြန်လည်ပေါင်းဖက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ သေချာသလောက်ပဲဖြစ်ပါတယ်။

Source:fossilmuseum.net

Traditional Dress Shops ရိုးရာဝတ်စုံဆိုင် ၁၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...












 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under