အသည်းကွဲတာကို ဘယ်လိုကုစားကြမလဲ

အသည်းကွဲတာကို ဘယ်လိုကုစားကြမလဲ Google

လူငယ်တော်တော်များများ အသည်းကွဲဖူးကြမယ် ထင်ပါတယ်။ အသည်းကွဲတဲ့ ခံစားချက်က ရှင်းပြရခက်သလို ခံရလည်းခက်ပါတယ်။

 

ကျွမ်းကျင်သူတွေက အသည်း ကွဲနေတဲ့ လူတွေကို သိပ္ပံနည်းကျ အချက် (၃) ချက်နဲ့ လေ့လာခဲ့ပါတယ်။ ။ သူတို့ကို ချစ်သူဟောင်းရဲ့ ဓာတ်ပုံတွေကိုပြပြီး နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေကို ခန့်မှန်းတွက်ချက်ခဲ့တာပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသည်းကွဲတာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုရှာဖွေဖို့ပါ။

 

အချိန်ကို အကျိုးစွာ အသုံးချပါ

အသည်းကွဲနေလို့ လေနေတာမျိုး မလုပ်ဘဲ အလုပ်ကို အရင်ထက် ပိုပြီး အာရုံစိုက်လုပ်ပါ။ အကြိုက်ဆုံး အစားအစာတွေကို စားပြီး အကောင်းမြင်စိတ်ထားပါ။ လူတွေဟာ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ အခြားသော လူမှုကွန်ယက်တွေကနေ တစ်ဆင့် ချစ်သူဟောင်းရဲ့ ပုံတွေကို သွားရောက်ကြည့်တတ်တာကို ရှောင်ကျဉ်မယ်ဆို ပိုကောင်းပါတယ်။

 

အနုတ်လက္ခဏာဆန်တဲ့ အမြင်နဲ့ကြည့်ပါ

အနုတ်လက္ခဏာဆန်ဆန် အမြင်နဲ့ ချစ်သူဟောင်းအပေါ် မြင်လိုက်ပါ။ သူ့ရဲ့ မကောင်းတဲ့ အကျင့်တွေ၊ သူလုပ်ဖူးတဲ့ ဆိုးဆိုးရွားရွားကိစ္စတွေကို တွေးလိုက်တာဟာ နာကျည်းပြီး မေ့ပျောက်ဖို့ ပိုလွယ်လာကာ တသသခံစားနေရတာကို လျော့ကျသွားစေပါတယ်။ ဒါက လူအများစု လုပ်လေ့လုပ်ထရှိတဲ့ နည်းပါ။

 

သေချာဆန်းစစ်ပါ

Relationship တစ်ခုမှာ သူကချစ်တာကို ကိုယ်ခံရသလို ကိုယ်ကလည်း သူ့ကိုချစ်နေမှ ပျော်ရွှင်ရမှာပါ။ ကိုယ်ကပဲ ချစ်နေပြီး သူ့ဘက်က တုံ့ပြန်မှုမရှိ အေးစက်နေမယ်ဆိုရင် ရေရှည်လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

 

ဒီလို အခြေအနေမှာ သူ့ဘက်ကို အရမ်းဖြည့်တွေးပေးနေတတ်တာကို လျော့ပြီး ကိုယ့်အပေါ် တကယ်ကောင်းနိုင်မယ့်သူ ချစ်နိုင်မယ့်သူကို ရှာဖွေပါ။ အခြေအနေမှန်ကို မြင်အောင်ကြည့်ပြီး အဆင်မပြေနိုင်တဲ့ အမှန်တရားကို လက်ခံသင့်ပါတယ်။

 

 

Ref: Kwee

Read times
Rate this item
(0 votes)