ချစ်သူနှစ်ဦးကြား ပြဿနာတွေမဖြစ်ရစေအောင်

ချစ်သူနှစ်ဦးကြား ပြဿနာတွေမဖြစ်ရစေအောင် google.com

ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ ချစ်သူစုံတွဲတွေဟာ တဖြည်းဖြည်းပြောင်းလဲလာတတ်ကြပါတယ်။

နှစ်ယောက်အတူတူ အနေနီးလာလေလေ၊ ပြောင်းလဲမှုတွေ များများတွေ့လာလေလေပါပဲ။ တချို့လူတွေဆို ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲလာကြတယ်။ ပြောင်းလဲမှုတွေနဲ့အတူ ချစ်သူစုံတွဲတိုင်း ကြုံရတတ်တဲ့ အချစ်ရေးပြဿနာလေးတွေကိုပြောပြပေးလိုက်ပါတယ်။

 

- အချစ်ရေးမှာ သူ့ဘာသာသူ အလိုလိုနေရင်းအဆင်ပြေနိုင်ပါဘူး။ အချစ်ရေးအဆင်ပြေဖို့ ချစ်သူနှစ်ဦးက ကိုယ်တိုင်ဖန်တီးယူကြရပါတယ်။

 

- ချစ်တဲ့လူထက် နာကျင်အောင်လုပ်နိုင်တဲ့သူဆိုတာမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံ ရန်ဖြစ်တဲ့အခါ အချိန်မလွန်ခင်ပြဿနာတွေကို မှေးမှိန်သွားအောင်ဖြေရှင်းပစ်ရပါမယ်။

 

- သင့်စိတ်၊ သင့်ကံကြမ္မာဟာ သင့်ချစ်သူနဲ့ဆက်စပ်နေပါတယ်။ သင့်မှာစိတ်ပင်ပန်းစရာတွေရှိနေရင် သင့်ချစ်သူနဲ့ဆက်စပ်နေတာတွေ ပြတ်တောက်နေတတ်ပါတယ်။

 

- ပျော်ရွှင်နေတဲ့အတွဲတွေတောင်မှ " ငါ သူ့ကို လမ်းခွဲလိုက်ရမလား " " တခြားတစ်ယောက်နဲ့ဆိုရင် ဒီထက်ပိုပျော်ရင်ပျော်ရဦးမှာ " ဆိုတဲ့အတွေးမျိုးတွေဝင်လာတတ်ပါတယ်။

 

- တစ်ခါတလေအထီးကျန်နေတတ်တယ်။ ဘယ်သူကမှကိုယ့်ကိုနားမလည်နိုင်တဲ့အခါ ကိုယ့်ကိုဂရုစိုက်မှုမပေးတဲ့အခါတွေမှာ လူတိုင်းကအထီးကျန်လေ့ရှိကြပါတယ်။

 

- ချစ်စခင်စတုန်းကလို တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းမဆွဲဆောင်နိုင်ကြပါဘူး။

 

- လက်ထပ်လိုက်ရင်၊ ကလေးယူလိုက်ရင် အချစ်ရေးပိုခိုင်မြဲလာမယ်လို့ လူတော်တော်များများက မှားယွင်းစွာယူဆတတ်ကြပါတယ်။

 

- အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း အမြဲတမ်းတူမနေနိုင်ပါဘူး။

 

- ဘယ်အရာကိုမဆိုမပျင်းရိဘဲ အတူတူဆောင်ရွက်ကြတဲ့ချစ်သူစုံတွဲဆိုတာ အိပ်မက်ထဲမှာပဲရှိပါလိမ့်မယ်။ လက်တွေ့ တစ်ခါတလေမှာ ချစ်သူနဲ့ရှိနေတာထက် သူငယ်ချင်းတွေနဲ့တွေ့ဆုံနေတာက ပိုပျော်နေတတ်ပါတယ်။

 

- ချစ်သူနှစ်ဦးကြားကယုံကြည်မှုကိုပျက်စီးစေတဲ့ အလိမ်အညာစကားတွေဟာ လမ်းခွဲခြင်းဆီတောင်ဆိုက်ရောက်သွားစေနိုင်ပါတယ်။

 

ဒါကြောင့် အချစ်ရေးပြဿနာတွေကို လျစ်လျူရှုမထားဘဲ အမြန်ဆုံးဖြေရှင်းခြင်းဖြင့်အချစ်ရေးသာယာနိုင်ကြပါစေ။

 

Credit : Gandawin

Myanmar Wedding Guide

Read times Last modified on Thursday, 28 March 2019 18:01
Rate this item
(1 Vote)