မိန်းကလေးတွေ ချစ်သူကို စိတ်ကုန်သွားတဲ့အခါ လုပ်တတ်တဲ့ အပြုအမူ(၆)မျိုး

မိန်းကလေးတွေ ချစ်သူကို စိတ်ကုန်သွားတဲ့အခါ လုပ်တတ်တဲ့ အပြုအမူ(၆)မျိုး google

ယောကျာ်းလေးတော်တော်များများဟာ မိန်းကလေးတွေရဲ့စိတ်ခံစားချက်နဲ့ အပြုအမူတွေကို သိပ်နားမလည်နိုင်ကြပါဘူး။

 

 

ဒီတော့ သူတို့ချစ်သူနဲ့ပတ်သက်လာရင်လည်း တချို့အပြုအမူလေးတွေကိုနားမလည်နိုင်တာမျိုး ရှိကြပါတယ်။ နားမလည်နိုင်ခြင်းတွေထဲမှာ ချစ်သူကောင်မလေးက သူတို့အပေါ်ပြောင်းလဲနေတာကို မသိတာက တော်တော်ဆိုးတယ်လို့ ပြောရမှာပါ။ ဒါကြောင့် ကိုကို၊မောင်မောင်တို့ ကိုယ့်ချစ်သူမိန်းကလေးက ကိုယ့်အပေါ်ပြောင်းလဲနေပြီ၊ မချစ်တော့ဘူးဆိုတာကို သူတို့ရဲ့ ဒီလိုအပြုအမူလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်လို့။

 

() သင်ဖုန်းခေါ်ထားတာကို တွေ့ပေမယ့် ပြန်မခေါ်ဘူး

 

အရင်က သင်ဖုန်းခေါ်ရင် ချက်ချင်းကိုင်တတ်တဲ့၊ မအားလို့ဖုန်းမကိုင်ဖြစ်ရင်တောင် အားတာနဲ့ချက်ချင်းပြန်ခေါ်တတ်တဲ့သူမက သင်ဖုန်းခေါ်ထားတာကိုတွေ့ပေမယ့် ပြန်မခေါ်တတ်တော့ဘူးဆိုတာက သူ့ဘက်မှာ သင်နဲ့စကားပြောစရာမရှိတော့တာ ဒါမှမဟုတ် စကားပြောချင်စိတ်မရှိတော့တာဖြစ်နိုင်ပါတယ်။

 

() သင့်ထက်တခြားသူတွေနဲ့ပိုပျော်တယ်

 

သင်နဲ့ထက် သူ့သူငယ်ချင်းတွေနဲ့ ပိုပြီးပျော်နေတတ်တယ်၊ အကြောင်းအရာတစ်ခုခုဖြစ်လာလို့ သူ့သူငယ်ချင်းတွေကိုပိုပြီး ဦးစားပေးနေတတ်ပြီဆိုရင်တော့ သင်ကသူ့အတွက် ဦးစားပေးအလေးထားရတဲ့ သူတစ်ယောက်မဟုတ်တော့ပါဘူး။ ဒီတော့ သင့်ကိုမချစ်တော့တာဖြစ်ဖို့များနေပြီပေါ့။

 

() သင်ရှေ့မှာ ဘယ်လိုပုံစံမျိုးဖြစ်နေနေ ဂရုမစိုက်ဘူး

 

မိန်းကလေးတိုင်းကလှချင်ကြပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူအရှေ့မှာဆို ပိုပြီး လှတပတလေးဖြစ်နေချင်ကြတာ သဘာဝပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်အရှေ့မှာ လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ သိပ်ဂရုမစိုက်တော့ဘဲ ဖြစ်သလိုနေနေတတ်တယ်ဆိုရင်တော့ သင့်ရဲ့သဘောထားကို သိပ်စိတ်မ၀င်စားတော့လို့ပါ။ သင့်ဘက်ကသူ့ကို မြန်မြန်စိတ်ကုန်သွားလည်း ကောင်းတာပဲလို့တောင် တွေးရင်တွေးနေပါလိမ့်မယ်။

 

() နှစ်ယောက်သားက ဘာလို့မှန်းမသိဘဲ စိမ်းနေသလိုခံစားရတယ်

 

ရင်းရင်းနှီးနှီးနေလာခဲ့တဲ့ ချစ်သူနှစ်ယောက်ကြားမှာ သူစိမ်းတွေလိုခံစားချက်မျိုးဖြစ်နေတယ်ဆိုရင်တော့ တစ်ယောက်ယောက်က မချစ်တော့လို့ဖြစ်နိုင်ပါတယ်။ သင့်ဘက်က မပြောင်းလဲဘူးဆိုရင်တော့ ဒီလိုစိမ်းနေတာဟာ သူ့ဘက်ကပြောင်းလဲနေတာကြောင့်ဖြစ်မှာပါ။

 

() သူ့အကြောင်းဘာကိုမှမမျှဝေတော့ဘူး

 

သူနဲ့ပတ်သက်သမျှ ပျော်စရာအဖြစ်အပျက်လေးတွေကိုလည်း မပြောပြတတ်တော့သလို၊ ၀မ်းနည်းစရာ၊ စိတ်ညစ်စရာတွေကိုလည်း ရင်ဖွင့်တိုင်ပင်တာမျိုးမရှိတော့ပါဘူး။ မိန်းကလေးတွေက သူတို့ချစ်သူကိုမချစ်တော့ဘူး၊ စိတ်ကုန်နေပြီဆိုရင်တောင် ချက်ချင်းကြီးဖြတ်တာမျိုးမလုပ်ကြဘဲ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုဆန်းစစ်တတ်ကြပါတယ်။ အဲ့ဒီလို သူတို့ကိုယ်သူတို့မသေချာသေးတဲ့အချိန်မှာ အခုလိုမျိုး သင့်ကိုဘာမှမပြောပြတော့တာမျိုးလုပ်တတ်ကြလို့ ဒီလိုအခြေအနေမျိုးကြုံရတဲ့အခါ သတိထားရတော့မှာပါ။

 

() အနာဂတ်အကြောင်း ဆွေးနွေးတဲ့အခါ အဆင်သင့် မဖြစ်သေးဘူး အမြဲပြောတယ်

 

မိဘတွေနဲ့သွားတွေ့ဖို့၊ လက်ထပ်ကြဖို့ ဆွေးနွေးကြတဲ့အခါတိုင်းမှာ စကားလမ်းကြောင်းလွဲတတ်ပြီး သူ့ဘက်ကအဆင်သင့်မဖြစ်သေးဘူးလို့အမြဲပြောနေတယ်၊ ငြင်းနေတယ်ဆိုရင် သင်လည်း အခြေအနေကို သဘောပေါက်ရတော့မှာပါ။

 

 

Credit;Aunty May

Read times Last modified on Friday, 18 January 2019 10:02
Rate this item
(0 votes)