အချစ်စစ်ကိုပေးနိုင်တဲ့ သူတွေရဲ့  အမူအကျင့် 

အချစ်စစ်ကိုပေးနိုင်တဲ့ သူတွေရဲ့  အမူအကျင့်  google

အချစ်ဆိုတာ အရမ်းကို ထူးဆန်းလှပတဲ့ အရာတစ်ခုပါ။ ချစ်မိသွားတဲ့ သူတစ်ယောက်က သူချစ်တဲ့သူအတွက်

အရာရာကိုအဆုံးရှုံးခံနိုင်ပြီး ဘာမဆိုပေးဆပ်ဖို့ အသင့်ဖြစ်နေတတ်တာမျိုးပါ။ လူတိုင်းက အချစ်စစ်ကိုလိုချင်ကြပေမယ့် ကိုယ်ကိုယ်တိုင်အချစ်စစ်ကိုပေးနိုင်ဖို့ကြိုးစားကြတဲ့သူကတော့ရှားပါတယ်။အခုဖော်ပြမယ့်အချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင် သင်က အချစ်စစ်ကိုသာ ပေးတတ်တဲ့သူတစ်ယောက်ဆိုတာ သေချာပါတယ်။

 

ချစ်သူကို ထွက်သွားခွင့်မပြုဘူး

 

ချစ်သူကိုထွက်သွားခွင့်မပြုဘူးဆိုတာ ကိုယ်နဲ့တွဲရတာမပျော်တဲ့သူကို အတင်းဆွဲထားတာမျိုးကိုပြောတာမဟုတ်ဘူးနော်။ ချစ်သူကိုယ့်ဘေးကထွက်မသွားချင်အောင်၊ ပျော်အောင်အမြဲဖန်တီးပေးတာမျိုးကိုပြောချင်တာပါ။

 

ချစ်သူကနံပါတ်တစ်ဦးစားပေး

 

ဘယ်အရာနဲ့ပဲယှဉ်ယှဉ် ချစ်သူကိုပဲဦးစားပေးတတ်တယ်။ ချစ်တဲ့သူမျက်နှာညိုမှာကို မိုးပြိုမှာထက်ကြောက်နေတတ်တဲ့သူပေါ့။

 

သူနဲ့တွေ့တဲ့အခါအရာအားလုံးကိုမေ့ထားနိုင်တယ်

 

ချစ်သူနဲ့တွေ့တဲ့အချိန်အရာအားလုံးကို မေ့ထားနိုင်တဲ့အထိသူ့ကိုချစ်တယ်ဆိုရင် သင်က အချစ်စစ်နဲ့ချစ်တဲ့သူတစ်ယောက်လို့ ပြောလို့ရပါတယ်။

 

ဆုံးရှုံးရမှာကိုအရမ်းကြောက်တယ်

 

ချစ်မိတဲ့အခါ ဆုံးရှုံးရမှာကြောက်တဲ့စိတ်က အလိုလိုဖြစ်လာတာပါပဲ။ ဒါပေမယ့် သူ့ကိုဆုံးရှုံးလိုက်ရဖို့  မတွေးရဲလောက်အောင်ဖြစ်နေပြီး တွေးကြောက်မိနေတာမျိုးပါ။

 

ချစ်သူကိုအရမ်းတွယ်ကပ်တယ်

 

အရမ်းချစ်လို့ မျက်စိရှေ့ကပျောက်သွားမှာတောင်စိုးရိမ်မိတာမျိုး၊ အရမ်းတွယ်ကပ်တတ်တဲ့သူတွေက အချစ်စစ်ကိုပေးတတ်ကြတဲ့သူတွေဆိုတာ အမှန်ပါပဲ။ 

 

သူနဲ့ပတ်သက်ရင်အကြောင်းမဲ့သ၀န်တိုတတ်တယ် 

 

တကယ်တော့ အကြောင်းမဲ့သ၀န်တိုတာမဟုတ်ပါဘူး။ ချစ်လို့သ၀န်တိုတာပါ။ ကိုယ့်ထက်တခြားသူတွေကို ပိုအရေးပေးတာမျိုးမလိုချင်လို့ပါ။ အဲ့ဒီလို သ၀န်တိုတတ်တဲ့သူတွေက သူတို့ဘက်ကနေလည်း ပေးဆပ်အချစ်နဲ့ချစ်တတ်ကြပါတယ်။ 

 

သူကချစ်တယ်လို့ပြောရင်မယုံသင်္ကာခံစားချက်မျိုးဖြစ်တတ်တယ်

 

အချစ်စစ်နဲ့ချစ်မိတဲ့သူတိုင်းက တစ်ဖက်လူကသူ့လောက်မချစ်ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူကချစ်တယ်လို့ပြောလိုက်တိုင်း ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့အတွေးမျိုးတွေတွေးနေတတ်ပါတယ်။

 

သူဘေးမှာရှိရင်အလိုလိုပျော်နေတတ်တယ် 

 

ချစ်သူအနားမှာရှိလို့ အလိုလိုပျော်တယ်ဆိုတဲ့ခံစားချက်ကို ချစ်ဖူးတဲ့သူတွေသိပါလိမ့်မယ်။ အချစ်စစ် အချစ်မှန်နဲ့ချစ်တဲ့သူတွေက ချစ်သူဆီက ဘာဆိုဘာမှမမျှော်လင့်ကြပါဘူး၊ ဘာလို့လဲဆိုတော့ ချစ်သူဘေးမှာရှိရင် အလိုလိုပျော်နေတာကြောင့်ပါတဲ့။ 

 

 

Myanmar Wedding guide

Read times Last modified on Monday, 20 May 2019 14:13
Rate this item
(2 votes)
Tagged under