အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် ဒီအချက်လေးတွေသိထားဖို့ လိုမယ်နော်

အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် ဒီအချက်လေးတွေသိထားဖို့ လိုမယ်နော် google.com

အိမ်ထောင်ရေးလေး သာယာဖို့အတွက် ကိုယ်ချစ်တဲ့သူရဲ့ အပြုံးလေးတွေကို ပိုတောက်ပလာအောင်လို့လည်း ဦးစားပေးပြီး ပျော်ရွှင်စရာနေ့ရက်လေးတွေကို ဖန်ဆင်းလိုက်ပါ။

 

အချင်းချင်းကြားမှာ ပွင့်လင်းနေပါစေ

 

ချစ်တဲ့သူတွေကြားမှာ ဖြစ်ပေါ်လာတဲ့ အရာကတော့ အချိန်တိုင်း အရာတိုင်းကို အတူတူ ဖြတ်သန်း ကုန်ဆုံး ချင်လာတာပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက် မင်္ဂလာပွဲလေးကို ပြုလုပ်ပြီး နှစ်ယောက်သား ဘဝရဲ့ နေ့ရက်တွေတိုင်းကို လက်တွဲဖြေရှင်းဖို့ ပြုလုပ်လိုက်ကြပါတယ်။ အိမ်ထောင်ရေးရယ်လို ဖြစ်လာရင် ဘာတွေ ပြုလုပ်ပေးရမယ် ဆိုတာကိုဝေမျှပေးလိုက်ရပါတယ်။

 

ပွင့်လင်းပါ

 

လင်ရယ် မယားရယ် ဆိုတာကတော့ အရင်းနှီးဆုံး သူစိမ်းလေးတွေပဲ ဖြစ်ပါတယ်။ သွေးမတော် သားမစပ်ကနေ အရင်းနှီးဆုံးလူသားတွေ ဖြစ်လာတဲ့ အချိန်မှာ ပွင့်လင်းဖို့ကတော့ အရေးအကြီးဆုံးအရာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပွင့်လင်းနေပါစေ။ တစ်ခုခုဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြတတ်ပါစေ။ ပွင့်လင်းခြင်းကလည်း အချင်းချင်းကြားက ချစ်ခြင်းတွေကို ပိုမိုခိုင်မာအောင် ချည်နှောင်နိုင်စွမ်း ရှိတဲ့ အတွက်ပါ။

 

ဦးစားပေးပါ

 

ချစ်တယ်ဆိုရင် ဦးစားပေးပါ နော်။ ကိုယ်က ယောက်ျားပဲ။ ကိုယ်က အားနွဲ့တဲ့မိန်းကလေးမို့ဆိုပြီး အနိုင်ယူတာမျိုးကို မပြုလုပ်ပါနဲ့။ ပိုချစ်တယ် ဆိုတာကို သက်သေပြနိုင်အောင် ဦးစားပေးပါ။ ဦးစားပေးတယ် ဆိုတာကတော့ ကြည်နူးစရာ ကောင်းလှပြီး ဦးစားပေးတဲ့သူရော ဦးစားအပေးခံရတဲ့သူရောကို စိတ်ကျေနပ်မှု အပြည့်ပေးနိုင်တဲ့ အရာပါ။ အိမ်ထောင်ရေးလေး သာယာဖို့အတွက် ကိုယ်ချစ်တဲ့သူရဲ့ အပြုံးလေးတွေကို ပိုတောက်ပလာအောင်လို့လည်း ဦးစားပေးလိုက်ပါ။

 

ချစ်တော့ ချစ်တယ်

 

ချစ်တာက ချစ်တာပဲ လုပ်စရာက လုပ်စရာပဲလို့တော့ မဆိုရဘူးနော်။ အခုချိန်မှာက အိမ်မှာရှိတဲ့သူတိုင်း အပြင်အလုပ်ထွက်လုပ်ရတာများတဲ့အတွက် အိမ်အလုပ်တွေကို ဒိုင်ခံပြုလုပ်ပေးမယ့်သူ ရှားပါတယ်။ ဒီလို အချိန်မှာ ကိုယ်ကျတော့ လုပ်ရတယ် သူကျတော့ မလုပ်ဘူးဆိုပြီး စိတ်မခုလိုက်နဲ့နော်။ နားလည်မှုတွေတိုးပွားမယ့်အချက်လေးတွေကို ပြုလုပ်ပေးပြီး အချင်းချင်း နားလည်မှုတွေ အခြေခံထားလိုက်မယ် ဆိုရင်တော့ အဆင်ပြေပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး နေ့ရက်လေးတိုင်းက စောင့်မျှော်နေမှာ သေချာပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Friday, 19 October 2018 10:21
Rate this item
(1 Vote)